For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 18 January 2014

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အမှတ် (၂-၂၀၁၄)။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ( FDA ) ကြေညာချက်အမှတ် ( ၂-၂၀၁၄) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် (၂-၂၀၁၄)
ရက်စွဲ။ ၁၇-၁-၂၀၁၄

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA) ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း
         ၇-၁-၂၀၁၄ ရက်နေ့က ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA) ၏ ပထမအကြိမ် အစည်းအဝေးကို ၁၇-၁-၂၀၁၄ ရက်နေ့၊ နေ့လည် ၁း၃၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
         ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဝင်ပါတီများမှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ တက်ရောက်ခဲ့သော ပါတီများမှာ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ဖြစ်သည်။
         အခမ်းအနားမှူးအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်း နိုင်က ဆောင်ရွက်သည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ လယ်ယာမြေပြဿနာများ၊ မြစ်ဆုံ ကိစ္စနှင့် FDA ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရန်၊ သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့များဖွဲ့စည်းရန်ကိစ္စများ၊  အစည်းအဝေးများ  ခေါ်ယူကျင်းပရေး၊ ပုံမှန်တွေ့ဆုံရေး၊  ဆွေးနွေးရမည့်ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်းရန နှင့် အခြားအထွေထွေ ကိစ္စရပ်များကို တက်ရောက်လာကြသော ပါတီအသီးသီးမှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
         ထို့နောက် ဆွေးနွေးအတည်ပြုချက်နှစ်ရပ်ကို  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ ကြေညာချက် အဖြစ် ထုတ်ပြန်ရန် အတည်ပြုခဲ့ပြီး အစည်းအဝေးကို ညနေ ၃း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
         အစည်းအဝေးပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူ ပါတီခေါင်းဆောင်များက သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ( FDA )
ကြေညာချက်အမှတ်  ( ၂-၂၀၁၄)
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ( ၁၇)ရက်

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် ကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA) ပထမအကြိမ်အစည်းအဝေးမှ အောက်ဖော်ပြပါ သဘောထားကို ထုတ်ပြန်ကြေညာလိုက်သည်။

၁။      တောင်ပေါ်ဒေသများမှ ရွေ့ပြောင်းတောင်ယာများအပါအ၀င် နိုင်ငံတစ်ဝှမ်းမြေယာ သိမ်းခံကြရသော  တောင်သူလယ်သမားများ အရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်မှ တာဝန်ယူဖြေရှင်းဆောင်ရွက်ရန်။ 

၂။      ဧရာဝတီမြစ်ဆုံဒေသမှ ရေအားလျှပ်စစ်ထုတ်ယူမှုကို အပြီးတိုင်စွန့်လွှတ်၍ ရေအားလျှပ်စစ်နှင့် အခြား လျှပ်စစ်ဓာတ်အား ထုတ်ယူမှုမျာကို နိုင်ငံတော်နှင့်ပြည်သူတို့၏ လက်ငင်းနှင့် ရေရှည်အကျိုးစီးပွားနှင့် အညီ  စဉ်းစားဆောင်ရွက်ပေးရန်။

                                                                               ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)



 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။        

No comments:

Post a Comment