For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 18 January 2014

မြန်မာပြည်သားဟေ့ မြန်မာပြည်သား ဇွဲမာန်အပြည့်နဲ့ ကျိုးစားလိုက်စမ်းပါ့မသန်စွမ်းညီငယ်ညီမငယ်များ။ >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျနော်မြန်မာနိုင်ငံသားတစ်ယောက်
ပါ
ုမြန်မာမိဘနှစ်ပါးမှမွေးမြန်မာနိင်ငံအတွင်း
မှာကြီးပြင်းမြန်မာနိုင်ငံမှာပညာသင်မြန်မာ
မိန်းခလေးနဲ့ အိမ်ထောင်ကျမြန်မာနိုင်ငံ
အတွင်းမှာဘဲနိုင်ငံတော်ဝန်ထမ်းတစ်ဦးအ
နေနဲ့ နိုင်ငံတော်ကိုအကျိုးပြု ဒါကြောင့်
ကျနော်အမိမြန်မာနိုင်ငံတော်ကြီးကိုအလွန်
ချစ်မြတ်နိုးသလို မြန်မာနိုင်ငံသားတစ်
ယောက်ဖြစ်ရတာသိပ်ကိုဂုဏ်ယူမိတယ်ဗျာ
ကျနော်တို့ နိုင်ငံဟာအခြားနိုင်ငံတွေလို
မဟုတ်ဘဲမြတ်ဗုဒ္ဓရဲ့တရားအဆုံးအမရဲ့
အောက်မှာမေတ္တာ ဂရုဏာ အကြင်နာတွေ
နဲ့ နေထိုင်ကြတော့ရုပ်ဝတ္ထုထွန်းကားတဲ့
နိုင်ငံတွေထက်အေးချမ်းတည်ငြိမ်စွာနေ
ထိုင်နေကြတာပါ။ဘာအေးချမ်းတာလဲစစ်ပွဲ
တွေဖြစ်နေတာမမြင်ဘူးလားလို့ အဆိုးမြင်
ဝါဒီတွေ ငါကလွဲရင်ဘယ်သူမှမကောင်းဘူး
လို့ မြင်နေသူတွေကပြောမှာကိုကြိုတွေးပြီး
သားပါ။ဒါဟာအသေးအဖွဲတွေပါ ၂၀၁၄ ဆို
တာအဆိုးမြင်ဝါဒီတွေကတော့အခြေခံဥပ
ဒေပုဒ်မ၅၉(စ)မပြင်ရင်ဘဲတိုင်းပြည်ပျက်
တော့မလိုလို လကိုသောကြာကြယ်ဖေါက်
တယ်ပြောပြီးတိုင်းပြည်အခုဘဲပျက်တော့
မလိုလိုဟောကိန်းတွေထုတ်နေလိုက်တာ။
အမှန်တော့ ၂၀၁၄ ခုနှစ်ဟာအလွန်ငြိမ်း
ချမ်းမယ့်နှစ်ပါ။အမိမြေပေါ်မှာတစ်ဦးနဲ့ တစ်
ဦးနားလည်မှုယူပြီး နိုင်ငံသားအားလုံး
လမ်းပေါ်မှာထင်ပေါ်အောင်ဆန္ဒတွေပြကြ
လည်ပင်းဆိုင်းဘုတ်ဆွဲပြီးလမ်းတကာလှည့်
နေကြမယ့်အစားတိုင်းပြည်တိုးတက်အောင်
အခွင့်အရေးရခိုက်လက်တွဲညီညီဆောင်
ရွက်ကြစို့ လားဗျာ။
ခုဘဲကြည့်လေနှစ်ပေါင်း ၄၄ နှစ်ကြာမှ
ုပြန်လည်လက်ခံကျင်းပခွင့်ရရှိခဲ့သည့်(၂၇)
ကြိမ်မြောက်SEA GAME ကိုကျနော်တို့ 
နိုင်ငံလက်ခံကျင်းပခွင့်ရတော့ ဒီကောင်
တွေမလုပ်နိုင်ပါဘူးကွာ တိုင်းပြည်ကလည်း
မဖွံ့ ဖြိုးငွေကလဲမရှိ နိုင်ငံသားတွေကလဲ
ွဖွဲ့ စည်ပုံပြင်ချင်တာရော သမ္မတလုပ်ချင်သူ
တွေရော ဘေးထိုင်ဘုပြောဘိုင်ကျနေတဲ့သူ
တွေကြောင့်ညီညွတ်မှုမရှိလို့ ဆိုပြီးအထင်
သေးနေတာလေ။ဒီအချိန်မှာဘယ်သူတွေ
ဘာတွေပြောပြောသမ္မတကြီးဦးသိန်းစိန်နဲ့ 
ရဲဘော်ရဲဘက်တွေကလက်တွဲညီညီ ဒါဒို့ 
မြန်မာနိုင်ငံကွလို့ ကမ္ဘာ့အလယ်မှာဝင့်ဝင့်
ကြွားကြွားလုပ်ပြသွားတော့ဘာပြောနိုင်
သေးလဲ။ဒီအထဲဗျာအသားကမဲမဲသွားက
ကျဲကျဲမျက်လုံးကပြူးပြူးအဆိုတော်ဗျာ
အင်တာနက်စာမျက်နှာမှာဖတ်လိုက်ရတါ
မှာ သူဒီလိုစင်ပေါ်တက်ဆိုရတာဝမ်းမသာ
ဘူး မီးရှူးမီးပန်းတစ်ခါဖေါက်ရင်ကုန်ကျမဲ့
ငွေတွေဆေးရုံဆေးခန်းကျောင်းဆောက်
ရင်ရတယ်ဘာတယ်ပေါ့ဗျာ။စိတ်ပျက်ပါ့ဗျာ
အစထဲကမဆိုနဲ့ ပေါ့ဗျာအစထဲကအကေါင်း
မြင်ဝါဒနဲ့ ဟုတ်ဖဲကိုး ခဏလေးသမ္မတ
ရာထူးပေးကြည့်ချင်လိုက်တာဗျာ။သမ္မတ
ဦးသိန်းစိန်ထက်တောင်ပိုပြီးလုပ်မှာအပြင်
အိပ်ထဲလဲထဲ့ဦးမှာသေချာတာပေါ့ဗျာ။မြန်မါ
စကားပုံရှိတယ်နော ကိုယ်ကခိုးတတ်ရင်သူ
များလဲရိုးတတ်တယ်ဆိုတာမမေ့ပါနဲ့ နော။
တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာအတွက်ဝိုင်း
ဝန်းလုပ်ကျရမှာလေ။ကျနော်ကတော့ဂုဏ်
ယူသဗျာ။ဟောလာပြန်ပြီနော်ခုမြန်မာနိုင်ငံ
ကဂုဏ်ယူစွာနဲ့ လက်ခံကျင်းပရမယ့်
7th PARA GAMES (၇)ကြိမ်မြောက်အ
ရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲ
ကို၁၄-၁-၂၀၁၄ကစပြီး ၂၀-၁-၂၀၁၄အထိ
တာဝန်ယူကျင်းပပေးရပြန်ပြီ။ပျော်စရာလဲ
ကောင်း ကျက်သရေလဲရှိ ဂုဏ်ယူစရာလဲ
ကောင်းဗျာ။ကျနော်တို့ တစ်တွေကျနော်တို့
မသန်ပေမယ့်စွမ်းသေးတဲ့ကျနော်တို့ခင်ဗျား
တို့ထက်တော်တဲ့ရွှေဆုတွေယူပေးအုံးမယ့်
ညီငယ်ညီမငယ်တွေကိုအားပေးကြရအုံး
မယ်လေ အရင်ဆီးဂိမ်းတုန်းကလို " မြန်မာ
မြန်မာ မြန်မာကွ " ဆိုပြီးအားပေးကြရအုံး
မယ်လေ။ကျနော်တို့ မိသားစုလဲထုံးစံအ
တိုင်းပေါ့ ၁၄-၁-၂၀၁၄ ညနေ ၅ နာရီ TV
ကနေမသန်စွမ်းအားကစားဖွင့်ပွဲတိုက်ရိုက်
လွှင့်မှာဆိုတော့စောင့်ကြတာပေါ့ ဒါပေမယ့်
ှဗျာ ညနေ ၅နာရီခွဲမှလာတာ ဟားအရင်
အားကစားကွင်းထဲမှာဘဲကိုး။အစီအစဉ်တင်
ဆက်တဲ့သားနဲ့ သမီးကလဲပြုံးရွှင်ပြီးအစီအ
စဉ်ကြေညာနေလိုလိုက်တာလိုက်ဖက်ညီပါ့
ဒါတောင်သမီးလေးအထက်မော့လမ်းသွား
တာခလုတ်တိုက်တာတောင်အပြုံးမပျက်ဗျ
ယဉ်ကျေးမှုအကအဖွဲ့ တွေရဲ့နတ်ဒိုးယိမ်း
ကကွက်တွေရယ် မြန်မာ့ဆိုင်းဝိုင်းကြီးက
နတ်ဆိုင်းတွေကအရင်ဖွင့်ပွဲထက်အသဲစွဲ
တယ်။အဲဒီနောက်မျက်မမြင်ကလေးငယ်
တွေရဲ့ကကွက်တွေ အဆိုတော်တွေရဲ့အဆို
တွေပျားကလေးတွေရဲ့ကကွက်တွေရင်သပ်
ရှုမောစရာပါ။ဆွံ့ အနားမကြားကလေးငယ်
တွေရဲ့ကတာလေးတွေမြင်ရတော့ရင်ထဲမှာ
ဆို့ နင့်နင့်ဖြစ်မိတယ် နောင်ဘဝဘဝတွေ
မှာသူတို့ လေးတွေအမြင်အကြားအာရုံတွေ
ပြည့်စုံပါစေ ခြေလက်အင်္ဂါတွေပြည့်စုံကြပါ
စေလို့ ဆုတောင်းပေးပါတယ်။နိုင်ငံတော်
သမ္မတဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ 
ရောက်လာပြီးနောက်နိုင်ငံတော်အလံ
ဆီးဂိမ်းအလံနဲ့မြန်မာနိုင်ငံင်္ဆီးဂိမ်းအလံတွေ
လေမှာတစ်လူလူလွှင့်ထူထားတော့ကျက်သ
ရေရှိလိုက်တာ။အာ်းကစားအဖွဲ့ တွေနိင်ငံ
အလိုက်ချီတက်ကြတော့လဲမသန်ပေမယ့်
စွမ်းတယ်ပေါ့ ပျော်နေလိုက်ကြတာ ကျနော်
တို့ တောင်သူတို့ နဲ့ ရောပျော်မိအားပေးမိပါ
တယ် အဲဒီနောက်မီးရှူးတိုင်သယ်ကြတော့
လဲကျနော်တို့ အရင်ကသတိတောင်မထား
မိတဲ့နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီး
များလက်ဆင့်ကမ်းသယ်ယူလာကြပြီး
အားကစားသမားကြီးကလှံနဲ့ ပစ်ပြီးမီးရှူး
တိုင်ကိုမီးထွန်းမယ်ဆိုတော့အရင်ဆီးဂိမ်း
တုန်းကသားငယ်လိုမီးငြိမ်းတယ်ပြောလို
ပြော မြားမရောက်ခင်မီးထတောက်တယ်
ပြောလိုပြောဆိုတော့ဒီတစ်ခါစိုးရိမ်သွားမိ
တယ်။ဒါတောင်မီးရှူးတိုင်ချင်းမီးကူးတော့
မီးငြိမ်းသွားလို့ ပြန်ညှိသေးတယ်။တော်
သေးတာပေါ့မီးမပါဘဲသယ်လို့ ကတော့
တစ်ဖက်စောင်းသမားတွေကအပြစ်တင်အုံး
မှာနော။ဟော အားကစားသမားကြီးကသူ့ 
လှံထိပ်ဖျားကိုမီးသေချာညှိပြီးဗဟိုတည့်စွာ
ပစ်လိုက်တော့မှန်သွားတာပေါ့။ရောဘာထူး
ဆန်းလို့ လဲဟ မီးရှူးတိုင်နဲ့ ဘာဆိုင်လို့ လဲ
ပေါ့ ကိုယ်တိုင်တောင်ရယ်မိပါတယ် ရယ်သံ
မဆူံးခင်အဲဒီလှန်တံပစ်တဲ့နေရကနေမီး
တန်းကြီးတက်သွားပြီးအမိုးပေါ်မှာရှိတဲ့မီး
ခွက်ကြီးဆီတိုက်ရိုက်ထိမှန်မီးတွေထ
တောက်တော့ကျနော်အံ့သြပြီးမှင်သက်မိ
သွားတယ်ဗျာ။အားပါးကောင်းလိုက်တဲ့အစီ
အစဉ်။နောက်ပြကွက်ကကွက်တွေအမျိုးမျိုး
ပြောင်းပြပြီးဆီမီးခွက်အကတွေမီးမျောက
ကွက်တွေအံ့မခန်းဗျာ။နောက်မှာယဉ်ကျေး
မှုကကိုကျော်ဆွေနဲ့ အဖွဲ့  " မြန်မာပြည်
သားဟေ့ " ဆိုတဲ့သီချင်းကြီးနဲ့ သရုပ်ဖေါ်
တော့ကျက်သီးမွေးညင်းတွေတောင်ထလာ
တယ်ဗျာ။ဒီသီချင်းမကြားရတာကြာပြီလေ။
ဒါ့ကြောင့်ကျနော့အနေနဲ့အခုမြန်မာနိင်ငံ
မှာဂုဏ်ယူစွာနဲ့ ကျင်းပနေတဲ့(၇)ကြိမ်
မြောက်အရှေ့တောင်အာရှမသန်စွမ်းSEA
GAMES ကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ကြွေး
ကြော်လိုက်ချင်တာကတော့ " မြန်မာပြည်
သားဟေ့ မြန်မာပြည်သား ဇွဲမာန်အပြည့်နဲ့
ကြိုးစားလိုက်စမ်းပါ့မသန်ပေမယ့်စွမ်းကြတဲ့
ညီငယ်ညီမငယ်များ တိုင်းပြည်ဂုဏ်မြင့်သ
ထက်မြင့်အောင်ကြိုးစားကြပါလား" လို့ 
အော်ဟစ်အားပေးရင်းဂုဏ်ပြုလိုက်ပါရ
စေ။

မြန်မာပြည်ဖွား သာစည်သား
 >>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။        

No comments:

Post a Comment