For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 20 January 2014

လိပ်ဆံခွန်ကျေးရွာတတိယမီးကော်မတီ၏ကြိုးပမ်းမှအောင်ပွဲနှင့်ကျေးဇူးတင်ထိုက်သူများကိုကျေးဇူးအထူးတင်ရှိခြင်း >>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ၁၇.၁.၂၀၁၄ သောကြာနေ့သည်အမရပူရမြို့နယ်၊လိပ်ဆံခွန်ကျေးရွာတွင် တန်ဖိုးနည်းမီး(၃)သိန်းကျပ်ဖြင့် တစ်နှစ်ကျော်မျှ အခက်အခဲ၊အတိုက်အခိုက်၊မနာလိုဝန်တိုသူတွေကိုယ်သာအလင်းရောင်သုံးပြီး သူတစ်ပါးအလင်းရောင်ရမှာကိုမနာလိုဝန်တိုစိတ်ထားပြီး ဖျက်လုဖျက်ဆီးနှောက်ယှက်သူတွေကြားထဲက မီးလင်းပြီဆိုတော့ ကြိုးပမ်းဆောင်ရွက်ဆောင်ရွက်ကြတဲ့ ကော်မတီတွေရော၊ တန်ဖိုးနည်းမီး မီတာယူကြတဲ့ရွာသူရွာသားအများစုကတော့ပျော်တပြုံးပြုံးဖြင့်ဝမ်းသာပီတိဖြစ်နေကြသော်လည်း မီးမလင်းအောင်နည်းမျိုးစုံဖြင့်နှောက်ယှက်ဖျက်ဆီးကြတဲ့ လူတစ်စုကတော့ နေမထိထိုင်မသာဖြစ်နေပြီး ပျားတုပ်ခံရမဲ့ရက်ကို ရောက်လာတော့မှာမို့ ကြောက်ဖျားဖျားနေကြပြီထင်ပါရဲ့။
ဒီအထဲ ဆင်ဦးနှောက်နဲ့အုပ်ချုပ်ရေးမှူးက မီးမလင်းအောင်ဖျက်ဆီးရေးသမားတွေရဲ့ ကြိုးဆွဲရာကနေတော့ ဘယ်နေ့ပလုပ်ရောင်နားကားမလဲ စောင့်ကြည့်ရတော့မှာပေါ့။
လိပ်ဆံခွန်ရွာမှာ ပထမမီးလင်းရေးကော်မတီ ဒုတိယမီးလင်းရေးကော်မတီများမှ ရငွေသုံးငွေစာရင်းများကို မရှင်းလင်းသည့်အတွက်ရွာသားအချို့မှ နိုင်ငံတော်သမတကြီးထံထိ တိုင်ကြားခဲ့သည့်အတွက် သမတကြီး၏ညွှန်ကြားချက်အရ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့မှ စစ်ဆေးပြီး နောက်ဆုံးသုံးသပ်ချက်အရပထမမီးကော်မတီမှလည်းကောင်း ဒုတိယမီးကော်မတီမှလည်းကောင်းရငွေသုံးငွေစာရင်းများကို အသေးစိတ်ရှင်းလင်းပြီး အဆင့်ဆင့်လွှဲပြောင်းပြီး တတိယမီးကော်မတီသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာထွက်လာပါသည်။
သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ခြင်းမရှိဘဲ မလိမ့်တပတ်ဖြင့် ဒုတိယမီးကော်မတီမှစာရင်းမရှင်းလင်းပဲ အပ်လာသောငွေနှင့်အသုံးမပြုပဲကျန်သည့်ကြေးကြိုး၊ကိုးခန်းစာကို တတိယမီးကော်မတီသို့ စနစ်တကျလွှဲပြောင်းပေးခြင်းမရှိဘဲ ငွေနှင့်ကိုးခန်းသာမပြည့်သောကြေးကြိုးအချို့ကိုစစ်ဆေးတွက်ချက်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးမှလက်ခံထားပါသည်။
ယနေ့အချိန်ထိပထမမီးကော်မတီနှင့် ဒုတိယမီးကော်မတီတို့မှ အများပြည်သူ သိသာထင်ရှားအောင်ရငွေသုံးငွေစာရင်းများကိုမရှင်းလင်းကြသေးပါ။
၁၇.၁.၂၀၁၄တွင်မီးလင်းပြီဆိုသော်လည်းအုပ်ချုပ်ရေးမှူးလက်မှတ်ထိုးမပါဘဲ မီးလင်း၍မရဘူးဟူ၍လည်းကောင်း မီးချိတ်ပေးမည့်လျှပ်စစ်ဝန်ထမ်းများနှောက်ယှက်အဟန့်အတားဖြစ်အောင် ဆောင်ရွက်နေပြီး လျှပ်စစ်ဥပဒေနှင့်မကိုက်ညီသည့် ဓာတ်တိုင်နှင်ပေ၃၀၀ကျော်ဝေးသော နှစ်အိမ်မှာ မီတာတပ်ဆင်ခြင်းမီးမလင်းနိုင်ခြင်းအတွက် ၄င်းပဂ္ဂိုလ်များအား အုပ်ချုပ်ရေးမှူးမှဦးဆောင်ခေါ်ယူပြီး မြို့နယ်ရုံးသို့သွားရောက်တိုင်တန်းရန်ဆောင်ရွက်ခဲ့သည်မှာ အုပ်ချုပ်ရေးမှူးတစ်ဦးအနေနှင့်ဆောင်ရွက်ရမည့် အလုပ်မဟုတ်ဘဲ ပြဿနာဖြစ်အောင် မီးမလင်းအောင် ကြိုးစားခဲ့သည်မှာ  ထင်ရှားနေပြီး နိုင်ငံတော်နှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ဖျက်ဆီးနေခြင်းသာဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ တန်ဖိုးနည်းမီးလင်းလာပြီ ဖြစ်ပါသောကြောင့်စိတ်ချမ်းသာပျော်ရွှင်ပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါကြောင်း၊မီးလင်းအောင်အဖက်ဖက်မှ တာဝန်အရ စေတနာအရဆောင်ရွက်ပေးကြသောဝန်ထမ်းများနှင့်တာဝန်ရှိလူကြီးမင်းများ၊သတင်းကိုအများသိစေရန်တင်ပေးသော သတင်းwebsideနှင့်mediaများကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း
ရွာသားများကိုယ်စား ရဲထက်ကျော်(အမရပူရမြို့နယ်၊လိပ်ဆံခွန်ရွာ)


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment