ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေနံတင်ဆိပ်ကမ်းဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းစီမံကိန်းလုပ်ငန်းခွင် နှင့်ကျွန်းပေါ်တွင်လက်ရှိဖြစ်ပေါ်နေသောအကြောင်းခြင်းရာအနည်းအကျဉ်းကိုရင်ဖွင့်ပါမယ် မပြောချင်မတင်ချင်ပေမယ့် ပြောတော့မယ်
လက်ရှိမဒေးကျွန်းတွင် ကိုထွန်းကြည် ခေါင်းဆောင်ပြီးဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀ ဦးပါ ဒေသဖွံ့ဖြိုးရေးအသင်း ဟုခေါင်းစဉ်တတ်ထားတဲ့ ခွင့်ပြုချက်မဲ့အသင်းအဖွဲ့သည်လုပ်ငန်းခွင်တွင် အနှောက်အချက်များစွာပေးနေပါတယ်
ကုမ္ပဏီ တွင်လက်ရှိလုပ်ကိုင်နေကြတဲ့ ရခိုင်ပြည်နယ်အရပ်အရပ်ကနေ့စား /လစား အလုပ်သမားများကို အတင်းအလုပ်ထုတ်ခိုင်းပြီး ဒေသခံ မဒေးကျွန်းသားများကိုသာအလုပ်ပေးရမယ်လို့ ရန်ပြုလုပ်ဆောင်နေကြပါတယ် လူမျိုးအချင်း မင်းတို့ကရခိုင်သား ငါတို့မဒေးကျွန်းသား လို့ပြောဆိုကြပြီး ခွဲခြားကာပြုမှုဆက်ဆံကြပါတယ် တကယ်တမ်းဆိုရင် ဒီနိုင်ငံ ဒီဒေသ ဒီလူမျိုး အချင်းချင်း ခွဲခြားဆက်ဆံကြ တာ လူမျိုးသိက္ခာကျပါတယ် အဲဒီကျွန်းကလူတွေဟာ ငါတို့က ရခိုင်မဟုတ်ဘူး မဒေးကျွန်းသား ကွ လို့ကြွေးကြော်ကြပြန်တယ်
ဆင်းရဲလို့အဝေးလာပြီးဒုက္ခခံပြီးအလုပ်လာလုပ်ကြတာကိုအတင်းနှင်ထုတ်ကြတယ် ဒေသဖွံ့ဖြိုးရေးအသင်းကိုခေါင်းစဉ်ပြပြီး ကိုယ့်ပြည်တွင်းကလာရောက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီ နှင့်အခြားလုပ်ငန်းရှင်တွေဆီကလည်း ဓါးပြတိုက်သလိုအတင်းပိုက်ဆံတောင်းကြသေးတယ် မပေးရင် ကျွန်းပေါ်မှာလာမလုပ်နဲ့ လုပ်ရင်ဖျက်စီးမယ်ဆိုပြီးကခြိမ်းခြောက်တယ် ပြီးတော့တောင်းလို့ရတဲ့ပိုက်ဆံတွေကို ဝေငှဖျောက်ပျက်ပစ်ကြတယ် ဘယ်နေရာမှာမှ သုံးကြလုပ်ကြတာလည်း မတွေ့ရဘူး အဲဒီလူ ၁၀ ယောက်ထဲမှာ ထမင်းနှပ်မမှန်တဲ့သူ ကိုယ်နာမည်ကိုမရေးတတ်တဲ့သူ တစ်ဝက်ကျော်ပါတယ် ဒီမိုကရေစီကို မသိဘဲ ဒီမိုကရေစီလို့ ခွေးလိုဟောင်နေတယ် မဒေးကျွန်းဒေသအကြောင်းကိုနည်းနည်းလောက်ပြောပါရစေ စီမံကိန်းမရောက်မီ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့ဗျာ ရခိုင်ပြည်တစ်ပြည်လုံးမှာ လူမှုရေးအခေါင်းပါးဆုံးနေရာဒေသတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး လူကိုလူမှန်းမသိ ဘုရားဘုရားမှန်းမသိတဲ့ လူတွေ ပတ်ဝန်းကျင်ဒေသကလူတွေတောင်မှ လမ်းတွေ့ရင်ရှောင်ကြတယ် ဒါပေမယ့်ပြီးတာတွေထားလိုက်ပါတော့လေ စာတတ်တဲ့လူတွေလည်းရှိပါတယ် အဲဒီလူတွေကလည်း လူမိုက်တွေနဲ့မတုကြဘူး ခုပြောတာတွေဟာသူတို့တွေကိုနှိမ်ပြီးပြောတာမဟုတ်ပါဘူး အကြောင်းတိုက်ဆိုင်လို့သာပြောရတာပါ ခေါင်းဆောင်လုပ်တဲ့ ထွန်းကြည် ကလည်းကိုယ်ပိုင်အတွေးခေါ်မရှိဘူး သူများတွေမြှောက်ပေးတဲ့အတိုင်းသာလုပ်တတ်တဲ့လူမျိုး မြှောက်ပင့်တဲ့အထဲမှာ မဒေးကျွန်းသားမပါဘူး
ပထမအကြိမ် CNPC ကုမ္ပဏီအလိုမရှိဆိုပြီးဆန္ဒဖော်ထုတ်ကြွေးကြော်တယ်နောက်နေ့မှာ မဒေးကျွန်သားအားလုံးကိုအလုပ်ပေးရမယ်ဆိုပြီး
အလုပ်တောင်းပါတော့တယ်
ဒုတိယအကြိမ် လမ်းဖောက်ပေးပြန်တော့လည်း သစ်/ကျောက် ဝယ်ယူရေးကို
ဒေသဖွံ့ဖြိုးရေးအသင်းကိုလုပ်ခွင့်ပေးရမယ်လို့ပြောတယ် အဲဒိအထဲမှာ သိန်း ၁၀၀ လောက်မြတ်ကြတယ် အမြတ်ငွေကို ၁၀ ယောက်ခွဲယူတယ်
တတိယ လျှပ်စစ်မီးတောင်းတယ် မီးတိုင်စစ်ပြီးပြီ မီတာဘောက်ခမတတ်နိုင်ဘူးဆိုပြီး ကုမ္ပဏီတွေဆီကသွားတောင်းတယ်
အဆင်မပြေလို့အင်တာနက်ကိုထပ်တင်တယ်
စတုတ္ထ ငါးဖမ်းကွက်ပျက်တယ်ဆိုပြီး ရေလမ်းကြောင်းမှတ်တိုင်တွေကိုဖယ် ပေးဖို့ပြောကြပြန်ပါတယ် လွှတ်တော်မှာတင်ပြတာတောင်ကြား
လိုက်တယ်
တင်ပြသူဟာလုပ်ငန်းကြီးတစ်ခုရဲ့သဘောသဘာဝ
ကိုမသိတဲ့သူတော့မဟုတ်လောက်ပါဘူး
အခု ရခိုင်ပြည်ဒေသအသီးသီးကအလုပ်သမားတွေ ကိုမှတ်ပုံတင်စစ်တယ် အလုပ်က
ထုတ်ခိုင်းတယ် မဒေးကျွန်းသားတွေသာ အလုပ်ခန့်ခိုင်းတယ် ခုဆိုရင်ကျနော်တို့မှာအလုပ်ကအထုတ်ခံရ စားဝတ်နေရေးကလည်းအဆင်မပြေ ပြန်ဖို့စရိတ်ကလည်းမရှိ မိသားစုတွေပါ ပါလာတော့ တော်တော်ကြီးအခက်အခဲတွေ့နေရပါတယ်
ယင်း လူ ၁၀ ဦး၏ကိုယ်ရေးအချို့မှာ
၁။ ကိုထွန်းကြည် ခေါင်းဆောင် ဘွဲ့ရ ငါးဒိုင်လုပ် မိဘစဉ်ဆက် တောင်ယာလယ်လုပ်
၂။ ထွန်းခိုင်နု နောက်လိုက် စားသောက်ရေးနပ်မမှန် သူခိုး ပညာမတတ်
၃။ မောင်ဖြူသီး နာမည်မရေးတတ် ကြွေးပတ်လည်ဝိုင်း သူခိုး ကိုယ်ပိုင်အိမ် မရှိ
၎။ အောင်သိန်းထွန်း သူခိုး အရင်ကဒါးပြ ထောင်ထွက်
၅။ မောင်မောင်မြင့် စာမတတ် အတွေးခေါ် မရှိ အရင်တံငါသည် အခုစားစရာမရှိ
၆။ မောင်မြင့်နိုင် ကျောင်းစာအထက်တန်းအဆင့် မယ်မယ်ရရအလုပ်မရှိ ဂျလေဘီ
၇။ မောင်ယဉ်လှ အတန်းစာမတတ် လက်သမားလုပ် စားဝတ်နေရေးမပြည့်စုံ
၈။ မောင်မောင်စိုး အလုပ်ကိုင်မရှိ လျှောက် ပတ် စား
၉။ မောင်ဆန်းအေး ဘုန်းကြီးကျောင်းသား စာမတတ် ရွာသားကျွေးမှစားရတဲ့ဘဝ
၁၀။ လိပ်စာမသိ ကျောက်တော်ဇာတိ ရွာပြင်နေ မဒေးကျွန်းသူမယောက်ကျား အလုပ်ကိုင်မရှိ
ရင်ဖွင့်ရတာကိုအဆုံးမသတ်ချင်သေးပေမယ့် နိဂုံးချုပ်ရပါမူ ခုလိုခေါင်းစဉ်တပ်ပြီးထင်တိုင်းကြဲနေကြမယ်ဆိုရင် နောင်အနာဂတ်မှာ ကောင်းသောအလားအလာရှိလိမ့်မည်မဟုတ်တော့ပါ ကောင်းကျိုးအတွက်လာရောက်ရင်းနှီးမြုပ်နှံမည့်လူတွေလည်းစဉ်စားလာကြတော့မည်
သို့ပါ၍ အဝေးရောက် မဒေးကျွန်းသားများကိုလည်းသိစေချင်ပါသည် သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးတွေလည်း သိစေချင်ပါတယ်
်
ရင်ဖွင့်ကြသူများ
ဒေသအသီးသီးမှအလုပ်သမားများ
မိုးလေဝသတောင်-မဒေးကျွန်း
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
်
No comments:
Post a Comment