For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 24 January 2014

ကောလင်း၊ပင်လည်ဘူး၊ကျွန်းလှလမ်းပမ်းဆက်သွယ်ရေးဝေးကွာသည့် ကျေးရွာများအား လောင်းကစားဒိုင်များမှ လောင်းကစားပြုလုပ်ရန်ရောက်ရှိနေသောကြောင့် တားဆီးပေးပါရန် လိုအပ် >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်း
မြို့နယ်၊ပင်လည်ဘူးမြို့နယ်၊ကျွန်းလှမြို့နယ်စသည့်
လမ်းပမ်း
ဆက်သွယ်ရေးဝေးကွာသည့် နေရာဒေသ အချို့တွင် ပွင့်လင်းရာသီရောက်လာပါက ပွဲလမ်းသဘင်နှင့်
အလှူပွဲများလျှက်ရှိရာ ထိုအလှူပွဲများတွင်
ကောလင်း၊ပင်လည်ဘူး၊ကျွန်းလှနယ်များမှ လောင်းကစား
ဒိုင်များက ဂျင်ဝိုင်းများကို ကြိတ်ဝိုင်းအဖြစ် ပြုလုပ်လျှက်ရှိရာ ယခုအခါ
ထိုဒေသရှိ ဘုရားပွဲ၊အလှူပွဲ
၊ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းအောင်ပွဲ ပြုလုပ်ကြမည့် ကျေးလက်ဒေသများရှိ
ကျေးရွာ အုပ်ချူပ်ရေးမှူးများထံ
လာရောက်စုံစမ်းနေလျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
          အဆိုပါ ဒေသများတွင်ယခင်နှစ်က မူးယစ်ဆေးဝါးရောင်းချသူများ၊သုံးစွဲသူများ
 ပေါများလာသည့်အတွက် ဘ၀ပျက်သူတွေရှိသလို ရာသီဥတုဖောက်ပြန်မှုကြောင့်
စပါးအထွက်နည်းပြီး
 ငွေကြေးသုံးစွဲရေး ကြပ်တည်းနေကြသူများရှိသလို တချို့မှာ
အနှစ်နှစ်အလလစုဆောင်းထားသည့်
 ငွေကြေးများနှင့် အလှူပွဲများ လုပ်ကိုင်သည့်အခါ အလှူပွဲမကျင်းပခင်
လောင်းကစားသမားအချို့က
 ဂျင်ဝိုင်းတွေကို အချို့အိမ်တွေမှာ
ချိန်းပြီးကစားကြသည့်အတွက်ဒေသခံအချို့နှင့်
ထိုပွဲများသို့အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းလာကြသူ အချို့လောင်းကစား
ဂျင်ဝိုင်းများတွင် ၀င်ရောက်ကစားသည့်အတွက် ဘ၀ပျက်သူများ
ရှိကြောင်းဒေသခံများ ပြောပြချက်အရ သိရသည်။
        ထိုဒေသရှိ စိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်ကြရသော တောင်သူလယ်သမားများဘ၀သည်
နေပူ မရှောင် မိုးရွာမရှောင် လယ်ယာမြေများပေါ်တွင် ပင်ပင်ပန်းပန်း
အလုပ်လုပ်ကြရပြီး သီးနှံပေါ်ချိန်
ငွေပေါ်ချိန် စိုက်ပျိုးစရိတ်ချေးငွေဆပ်ချိန်များတွင် အခွင့်ကောင်းယူကာ
အမြတ်ထုတ်ရန် ကြံရွယ်၍
တောင်သူလယ်သမားများ၏ ငွေကြေးများကို ဖြတ်လမ်းမှယူ၍ အမြတ်ထုတ်လျှက်ရှိသောကြောင့်
ထိုလောင်းကစားသမားများအား သက်ဆိုင်ရာဋ္ဌာနများနှင့်
ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရွာခွဲ
ခေါင်းဆောင်များမှ လောင်းကစားလုပ်ကိုင်သူများအား
ကြိုတင်တားဆီးပိတ်ပင်ပေးရန် ဒေသခံများမှ
ဆန္ဒရှိနေကြသည်ဟု သိရသည်။

စိုင်းလူမင်း(အထက်မြန်မာ သတင်းထောက်)

 Email-Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment