For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 20 January 2014

"မသင်္ကာစရာလူတစ်ဦးလာသည်ဟုလည်းကောင်း၊ကျိုက်ပေါကျေးရွာအတွင်းဗုံးထောင်ထားသည်ဟုလည်းကောင်း"လိမ်ညာသတင်းပေးပို့ခဲ့ခြင်းသာဖြစ်ပါ`၍ ဖြစ်ပျက်ခဲ့မှု အခြေအနေများအားဖော်ထုတ်အရေးယူနိုင် ပါရန် >>>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်
၊ပဲခူးမြို့၊မဲခုံအုပ်စု၊ကျိုက်
ပေါကျေးရွာတွင်(၂၃.၁၁.၂၀၁၃)ရက်နေ့က
ကျိုက်ပေါကျေးရွာအတွင်း ဗုံးထောင်ထားသည်ဟု ကောလဟာလ
လိမ်ညာသတင်းပေးပို့ခဲ့မှုကြောင့်အထိတ်တလန့်ဖြစ်ပေါ်စေခဲ့ပြီး.အ.မ.က
ကျိုက်ပေါမှလက်ထောက်ဆရာမ(မူ/ ပြ)ဒေါ်နှင်းမြအေး၏ခင်ပွန်းကျွန်တော်
ဦးအောင်အောင်အားနစ်နာစေရန်၇ည်ရွယ်လုပ်ဆောင်ခဲ့မှုဖြစ်ပေါ်ခဲ့ပါသည်။
  ဖြစ်စဉ်မှာ  (၂၃.၁၁.၂၀၁၃)ရက်နေ့ ကျိုက်ပေါကျေးရွာ အ.မ.က
ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာခိုင်မှ'''
''မသင်္ကာစရာလူတစ်ဦးလာသည်''' ဟုကျိုက်ပေါကျေးရွာမှ ကျောင်းအကျိုးတော်ဆောင်
ဦးလှအောင်အား အကြောင်းကြားခဲ့၇ာဦးလှအောင်မှဆိုင်ကယ်ဖြင့်လိုက်လံရှာဖွေရာ
မတွေ့ရှိခဲ့ကြောင်း၊အဆိုပါနေ့ညပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပဲခူး
အမှတ်(၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက
ကျိုက်ပေါကျေးရွာတွင် ဗုံးထောင်ထားသည်ဟု
ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမြင့်ထံဖုန်းဆက်အကြောင်းကြားခဲ့ပါသည်၊
  ယင်းနောက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးမြင့်မှရာအိမ်မှုး၊ဆယ်အိမ်မှူးများအားဆက်သွယ်အကြောင်းကြား
ပြီးစစ်ဆေးကြည့်ရှုရန်လာရောက်သောအခါ
ဦးဝင်းနိုင်ထွန်း(စစ်မှုထမ်းငြိမ်း)က'''ဗုံးဘယ်နေရာမှာရှိလဲ
သွားဖော်မယ်"ဟုပြောရာ
ဦးလှအောင်မှ"မဖော်နဲ့ပေါက်ကွဲလိမ့်မည်"ဟုတားဆီးခဲ့ရာဦးဝင်းနိုင်ထွန်းမှ
"ကျွန်တော်ရှေ့ကသွားမယ်၊သေလျှင်ကျွန်တော်အသေခံမယ်
ခင်ဗျားတို့နောက်ကလိုက်ခဲ့"ဟုပြောဆိုရာ
ဦးလှအောင်မှ သွားရောက်ရန်ငြင်းဆိုခဲ့ပြီး"မသင်္ကစရာလူတစ်ဦးသာရှိပြီး
ဗုံးထောင်သူမှာ ထိုသူကလွဲပြီးမည်သူမှမဖြစ်နိုင်ကြောင်း(ကရင် DKBA)
အဆက်သွယ်ရှိသူဖြစ်နိုင်ကြောင်း ထိုသူကိုသာ
ဖမ်းဆီးရန်လိုကြောင်းနှင့် ပုံပန်းသဏ္ဍန်အားပြောပြခဲ့ရာ
ဦးဝင်းနိုင်ထွန်းမှ ကျွန်တော်ဦးအောင်အောင်အား
ရည်ရွယ်ပြောဆိုသည်ကိုသိရသဖြင့်
''သက်သေအထောက်ထားတစ်စုံတစ်ရာမရှိဘဲဖမ်းဆီးမရကြောင်း''
ပြောဆိုခဲ့ကြောင်းသိရှိခဲ့ရပါသည်။
 ထို့နောက် ဦးဝင်းနိုင်ထွန်းမှ ကျွန်တော့်အားသတိထားနေထိုင်သွားရန်
လာရောက်သတိပေးခဲ့ပါသည်။
ဦးလှအောင်ပြောသောမသင်္ကာစရာလူမှာကျွန်တော့်အားရည်ရွယ်ပြောဆိုခဲ့သဖြင့်
လူတစ်ဦးအားအပြစ်ရရှိ
စေရန်ရည်ရွယ်ချက်ရှိရှိဖြင့် ကျိုက်ပေါအ.မ.က ကျောင်းအုပ်ဆရာမကြီး
ဒေါ်ဥမ္မာခိုင်နှင့် ကျောင်းအကျိုးတော်ဆောင်ဦးလှအောင် တို့
ပူးပေါင်းပြီးလုပ်ကြံဖန်တီးကာ
"မသင်္ကာစရာလူတစ်ဦးလာသည်ဟုလည်းကောင်း၊ကျိုက်ပေါကျေးရွာအတွင်းဗုံးထောင်ထားသည်ဟုလည်းကောင်း"လိမ်ညာသတင်းပေးပို့ခဲ့ခြင်းသာဖြစ်ပါ`၍
ဖြစ်ပျက်ခဲ့မှုအခြေအနေများအားဖော်ထုတ်အရေးယူနိုင်
ပါရန် ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့်
ခရိုင်ရဲတပ်ဖွဲ့မှူး၇ုံး၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ပဲခူးအမှတ်(၂)နယ်မြေရဲတပ်ဖွဲ့စခန်းများသို့(၃၁.၁၂.၂၀၁၃)ရက်
နေ့စွဲဖြင့် တင်ပြခဲ့ပါသော်လည်း
ယနေ့ချိန်ထိဆောင်ရွက်အရေးယူပေးခြင်းမရှိပါသဖြင့် သက်ဆိုင်ရာလူကြီး
များသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
                                           
 ဦးအောင်အောင်
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 

No comments:

Post a Comment