For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Friday 31 January 2014
ဘီးလင်းမြို့နယ်ပညာရေးဝန်ထမ်းများ ရာထူးအတိုး/ပြောင်းရွှေ့လျှောက်လွှာများ ညွှန်ကြားချက်တွင် အခမဲ့ဟုဆိုသော်လည်း ဈေးကြီးပေးဝယ်နေ၇ခြင်း နှင့် အကြောင်းကြားမှုနောက်ကျခြင်းတို့ကြောင့် အခက်ကြုံနေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ဘီလင်းမြို.နယ်အတွင်းရှိ အလယ်တန်းပြလုပ်သက် ( ၁၀ ) နှစ်ပြည့်ပြီးသူများ အထက်တန်းပြရာထူးတိုးလျှောက်၇န် ( ၁၆.၁.၂၀၁၄ ) နေ့တွင်ပညာရေးမှူးရုံးမှ ညွှန်ကြားလာပါသည် ။ ၄င်းလျှောက်လွှာများကို ထိုနေ့တွင်ပင်နောက်ဆုံးထားတင်ရမည်ဟုဆိုသဖြင့် ရပ်ဝေးမှ ဆရာ/ဆရာမ များမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ရပါသည် ။ 
       ထို့အပြင်ရာထူး တိုး /ပြောင်း လျှောက်လွှာများကို ရောင်းချချင်းမပြုရန် ၊ အခမဲ့ပေးဝေရန် ပြည်နယ်မှညွှန်ကြားထားကြောင်းသိရသော်လည်း ၄င်းလျှောက်လွှာများကို ကျောင်းနှင့်အဆက်သွယ်ရှိသော ဇ၀န ပုံနှိပ်တိုက်မှ တစ်ဦးစာအတွက် ငါးရာကျပ်နှုန်းဖြင့် ပေးဝယ်ကျရပါသည် ။
                                                               လေးစားစွာဖြင့်
                                   ပညာရေးဝန်ထမ်းတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment