For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 26 January 2014

မွေး/ရေ၀န်ကြီးနဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှုးချုပ်တို့အကြောင်း >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒီအစိုးရ ဇောက်တိဇောက်ထိုးလုပ်နေလို့
ဒီနိုင်ငံမတိုးတက်တာပါဆိုတဲ့ဆော
င်းပါးမျိုးတွေ ကျွန်တော်
ဖတ်ဖူးတာများလှပါပြီ ၊ ကျွန်တော်မယုံကြည်ခဲ့ပါ အခုလက်တွေ့ကျတော့မှ
အဲဒီဆောင်းပါးတွေဟာ
ခွက်ခွက်လန်အောင် မှန်နေမှန်း လက်တွေ့ သိလိုက်ရပါပြီ ။
ဒါနဲ့ ကျွန်တော်ကိုယ် ကျွန်တော်မိတ်ဆက်ပေးပါရစေအုံး ၊ ကျွန်တော်က
မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာနက ၀န်ထမ်းတစ်ယောက်ပါ ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က တိရစ္ဆာန်ဆေးပညာ
ဘွဲ့ရပြီး ဒီဌာနထဲကိုဝင်ခဲ့တာပါ ဆေးပညာကို
စိတ်ပါဝင်စားပြီးသင်ယူလေ့ကျင့်ခဲ့ပါတယ် ၊ လုပ်ငန်း
ခွင်ထဲရောက်ရင် မသိနားမလည်ရှာတဲ့ ကျေးလက်နေပြည်သူတွေကို ကျွန်တော်သင်ယူတတ်မြောက်
ခဲ့တဲ့တိရစ္ဆာန်ဆေးပညာနဲ့ ကူညီစောင့်ရှောက်ချင်တဲ့အာသီသတွေက ကျောင်းတော်မှာနေကတည်းက
ပြင်းပျနေခဲ့တာပါ ၊ အခု လုပ်ငန်းခွင်ထဲရောက်ပါမှ လုံးဝကို
ပါစင်အောင်လွဲနေမှန်း ကျွန်တော်ကိုယ်တိုင်
လက်တွေ့မြင်နေရပြီဖြစ်ပါတယ်။
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနကို စီမံအုပ်ချုပ်နေတဲ့သူက
ဗိုလ်မှုးကြီးမြင့်သန်းပါ ၊ သာမန်တိရစ္ဆာန်
ဆေးပညာဘွဲ့ရတစ်ယောက်ပါပဲ စစ်တပ်ထဲကိုဝင်ပြီး ဗိုလ်မှုးကြီးအဆင့်
ရာထူးရတာနဲ့တင် ပညာရပ်
ဆိုင်ရာဌာနတစ်ခုကို စီမံကွပ်ကဲနိုင်တာမဟုတ်ပါဘူး တိရစ္ဆာန်ဆေးပညာကို
ကျွမ်းကျင်နှံ့စပ်တဲ့
မာစတာဘွဲ့ရ ၊ ပါရဂူဘွဲ့ရတွေဟာ ဗိုလ်မှုးကြီးမြင့်သန်းရဲ့လက်အောက်မှာ
ပြားပြားမှောက်နေကြရ
ပြီဖြစ်ပါတယ် ၊ ဘ၀တူ ပညာရပ်ဆိုင်ရာညီအကို မောင်နှမတွေအပေါ်မှာ
နားလည်စာနာမှုကင်းမဲ့တဲ့
သူတွေကြားမှာဗိုလ်မှုးကြီးမြင့်သန်းဟာနံပါတ်ကုန်ပါတယ်၊သူငယ်ချင်းတစ်ချို့ကတော့
စောစော
ကတည်းက သဘောပေါက်နေခဲ့ကြလို့ထင်ပါရဲ့ နိုင်ငံခြားတိုင်းပြည်တွေကို
လစ်ထွက်ကုန်ခဲ့ကြပါပြီ ။ မြန်မာနိုင်ငံထဲမှာကျန်ရစ်နေခဲ့ကြပြီး
တိရစ္ဆာန်ဆေးပညာကို စိတ်ဝင်တစားအသုံးချချင်တဲ့
ကျွန်တော်တို့တစ်တွေကိုအခုတော့ကြက်တွေဝက်တွေလည်ရောင်းနေရတဲ့ဘ၀ရောက်အောင်
ဗိုလ်မှုးကြီးမြင့်သန်းနဲ့ မွေးမြူကျေးလက်ဝန်ကြီးဗိုလ်ချုပ်အုန်းမြင့်က
အဆင့်နှိမ့်ချလိုက်ကြပါပြီ ၊
ကျွန်တော်တို့ကတော့ မြန်မာပြည်ထဲမှာပဲကျန်ရစ်ပြီး မိခင်ဌာနကိုဝင်ရောက်ကာ
ပေးအပ်တဲ့တာဝန်ကို
စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေဆဲပါ ။
ကျေးလက်နေပြည်သူတွေရဲ့ တစ်ကယ့်ဘ၀ကို ဗိုလ်ချုပ်အုန်းမြင့်နဲ့
ဗိုလ်မှုးကြီးမြင့်သန်းတို့နားမလည်
ပဲနဲ့  စားပွဲပေါ်မှာတင် စီမံခန့်ခွဲနေတာကြောင့် လက်တွေ့လုပ်ဆောင်နေရတဲ့
တိရစ္ဆာန်ဆေးကုဆရာဝန်
တွေအားလုံး စိတ်ဓါတ်ကျဆင်းနေကြပါပြီ ၊ ကျေးလက်နေပြည်သူတွေ
မလိုချင်တဲ့တိရစ္ဆာန်တွေကို
ဇွတ်အတင်းရောင်းခိုင်းနေတာဟာ အလွန်ပဲစိတ်ပျက်စရာကောင်းနေပါတယ် ၊
သူတို့သတ်မှတ်ပေးတဲ့
ဈေးနှုန်းဟာလည်းမတန်တဆ ဈေးနှုန်းကြီးမြင့်နေတော့ တကယ်ကွင်းဆင်းဆောင်ရွက်နေရတဲ့
ကျွန်တော်တို့ဝန်ထမ်းတွေအတွက် မျက်နှာပန်းလည်း မရပါဘူး။
တစ်ချို့တောင်သူတွေကလည်း ရှိပါသေးတယ် တိရစ္ဆာန်တွေ
အကြွေးစနစ်နဲ့ဖြန့်မယ်ဆိုပြီးစာရင်း
ကောက်တုန်းတော့ စားရင်းပေးသွင်းပါတယ် ၊ စာရင်တင်လိုက်ပြီးလို့ တကယ်တန်း
မွေးမြူရေးတိရစ္ဆာန်
တွေရောက်လာတဲ့အခါ အကောင်အနေအထားနဲ့ ဈေးနှုန်းကိုကြည့်ပြီး မယူချင်တော့ဘူး
၊ မယူတော့ဘူး
လုပ်ကြတဲ့အခါ စိတ်အညစ်ရဆုံးက ကျွန်တော်တို့ပါပဲ ၊ တိရစ္ဆာန်ဆိုတာ
ကုန်လှောင်ရုံထဲ ထည့်ပြီးသိမ်းထား
လို့ရတာမဟုတ်ဘူးလေ ။ ဒါတွေ ၊ ဒီလိုအောက်ခြေအခက်အခဲတွေကို မသိပါပဲ
စားပွဲပေါ်တင်တွက်ချက်
စီမံဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုဟာ ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။
အခုနောက်ဆုံး ညွန်ကြားလိုက်တာကတော့ မြို့နယ်တွေမှာ ကြက်ဥဖောက်စက်တွေထားရမယ်ဆိုပဲ
ကြက်ပေါက်ကလေးတွေ ရလာရင် ရွာတွေကို လိုက်ဖြန့်ရမယ်လို ပြောနေပြန်ပါတယ် ၊
မျိုးဥဘယ်ကရမလဲ လာမမေးနဲ့ မင်းတို့ ကိုယ့်ဖာသာကိုယ် ရအောင်ရှာလို့
အမိန့်တော်ချမှတ်လိုက်
တယ်လို့ကြားရပါတယ် ၊ ကြက်ဥတွေ ၀ယ်တယ် ရောင်းစရာရှိကြပါသလားဗျို့လို့ ၊ ရွာတစ်ကာ
လိုက် ၀င်ကာထွက်ကာနဲ့ ကြက်ဥတွေ အ၀ယ်ထွက်ရအုံးမယ်ထင်ပါတယ် ၊ ခက်တာက ကြက်ဥတွေ ၀ယ်လို့
ရပြီပဲထားပါအုံး ၊ ဖောက်စက်ရှိရာကို ပြန်သယ်ယူအလာ ၊ လမ်းမှာတင်
အဲဒီကြက်ဥတွေဟာ မျိုးဖောက်
လို့ မရတော့အောင် ပျက်စီးသွားနိုင်တယ်ဆိုတာကို ဗိုလ်မှုးကြီးမြင့်သန်း
မေ့နေပြီလို့ထင်ပါတယ် ၊
ကြက်ဆူပင်စိုက်ခိုင်းပြီး ဘိုင်အိုဒီဇယ်ထုတ်မယ်လို့ အကြံကြီးခဲ့ပုံနဲ့
တစ်ထေရာတည်းဖြစ်နေပြန်ပါပြီ ၊
တိရစ္ဆာန်ဆေးပညာလောကကို မြင့်မားအောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အပြင်
ဘ၀တူပညာရပ်ဆိုင်ရာ
ညီအကို မောင်နှမတွေကိုအဆင့်နှိမ့်၊စိတ်ဓါတ်ကျဆင်းအောင်နည်းမျိုးစုံနဲ့
နှိပ်စက်ပြီးနားလည်စာနာမှု
ကင်းတဲ့အပြင်၊ရိုင်းပျစွာ
ပြုမူဆက်ဆံညွန်ကြားနေတဲ့ဗိုလ်မှုးကြီးမြင့်သန်းကိုဇာတ်တူသားစားတဲ့ပညာရပ်
ဆိုင်ရာသစ္စာဖောက်တစ်ယောက်အဖြစ်သတ်မှတ်နေကြပြီဖြစ်ပါကြောင်းနဲ့
မွေးရေကျေးလက်ဝန်ကြီးကို
လည်း  ကျွန်တော်တို့မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအားလုံးက
နေ့စဉ်နဲ့အမျှ မေတ္တာပို့နေကြပါ
ကြောင်းတင်ပြလိုပါတယ်။

မြန်မာတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦ
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။  

No comments:

Post a Comment