For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday, 8 March 2014

ကောလင်း-နမ်းခမ်း RBE ခရီတို မီးရထား ပြေးဆွဲမှုကြောင့် ဒေသခံပြည်သူများနှင့် တပိုင်တနိုင် ဈေးသည်များ ခရီးသွားလာမှု အဆင်ပြေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စိုင်းလူမင်း............
         စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းဘူတာနှင့် ၀န်သိုမြို့နယ်
 နမ်းခမ်းဘူတာသို့ ပြေးဆွဲနေသော ကောလင်း-နမ်းခမ်းခရီးစဉ်အား
RBE ခရီးတိုမီးရထားဖြင့် ပြေးဆွဲပေးလျှက်ရှိရာ ရထားဆိုက်ရောက်
ချိန် /ထွက်ခွာချိန် မှန်ကန်ခြင်းနှင့် ၀န်းသို-နန်းခမ်း-ကောလင်းမှ ပျံကျ
ဈေးသည်အချို့သည် ကောလင်းဈေးမှ ရာသီပေါ်သီနှံများ ၀ယ်ယူ၍
ဂျိုးထောင်ကျေးရွာနှင့် နမ်းခမ်းကျေးရွာတို့တွင် ဈေးရောင်းချသည်မှာ
မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေနေကြသည်ဟု ဈေးသည်
များ ပြောပြချက်အရသိရသည်။
           အဆိုပါ RBEခရီးတိုမီးရထားအား ကောလင်း-နမ်းခမ်းခရီးစဉ်
ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဒေသခံသူပြည်
များ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် သတ်မှတ်ထားသည့်
ရထားလက်မှတ်ခအတိုင်း ကောလင်းမှ ဇီးဖြူပင် ကျပ် ၅၀ိ/- ၊ကောလင်း
မှ ၀န်းသိုကျပ် ၁၀၀ိ/- ၊ ကောလင်းမှ ကင်း ကျပ်၁၅၀ိ/- ၊ ကောလင်းမှ
ဂျိုးထောင် ကျပ်၁၅၀ိ/- ၊ ကောလင်းမှ နမ်းခမ်း ကျပ်၂၅၀ိ/- ၊ဖြင့် ဇူလိုင်
(၁၂)မှ (၁၉) ရက်နေ့ထိ စမ်းသပ်ပြေးဆွဲခဲ့ရာတွင် စီးနင်းလိုက်ပါသူ
ခရီးသည်(၁၀၀)ကျော်ခန့်သာ ရှိ၍ မြန့်မာမီးရထား၏ တွက်ချက်မှုအရ
စက်ခေါင်းဆီခ၊ လုပ်အားခ၊ တွဲထိန်းသိမ်းခများအတွက် အရှုံးပေါ်သဖြင့်
ခေတ္တရပ်နားထားခဲ့ရသည်။
            ထို့နောက် ဒေသခံပြည်သူများအား ခေတ်ကာလအခြေအနေ
ပေါ်မူတည်၍ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းခွင့်ရရှိရန် ၂၀၁၂ခုနှစ် ၊
စက်တင်ဘာ(၂၁)ရက်နေ့မှ စတင်၍  ကောလင်းမှ ဇီးဖြူပင်၊ ကျပ်(၅၅၀)
၊ကောလင်းမှ ၀န်းသိုကျပ်(၃၀၀)၊ ကောလင်းမှ ကင်း ကျပ်(၄၀၀) ၊
 ကောလင်းမှ ဂျိုးထောင် ကျပ်(၅၅၀)၊ ကောလင်းမှ နမ်းခမ်း ကျပ်(၇၅၀)
နှုန်းဖြင့် ပြင်ဆင်သတ်မှတ်၍  ပြေးဆွဲနေသည်မှာ ယနေ့ချိန်ထိဖြစ်ကြောင်း
သိရသည်။
            ယခင်က နမ်းခမ်း-ဂျိုးထောင်မှ ဒေသခံပြည်သူများသည် နဘား
-ရွာထောင်သို့ ပြေးဆွဲနေသော အမှတ်၄၇/၄၈ အစုန်/အဆန် ရထားနှင့်
မိုးညှင်း-ရွှေဘိုသို့ ပြေးဆွဲနေသော အမှတ် ၃၉/၄၀ အစုန်/အဆန် ရထား
များကိုသာ အဓိကထားပြီး စီးနင်းခဲ့ကြသည်။
           အဆိုပါနဘား-ရွာထောင်၊ ရွှေဘို-မိုးညှင်း အဆန်ရထားများသည်
 ကောလင်းဘူတာသို့ အများအားဖြင့် ညနေပိုင်းတွင်သာ ဆိုက်ရောက်
သဖြင့်ဝန်းသို-ဂျိုးထောင်-နမ်း
ခမ်းဘူတာသို့ စီးနင်းလိုက်ပါကြသော ခရီး
သွား ပြည်သူများနှင့် ထိုရထားများကို အားကိုးပြီး ဈေးရောင်းနေရသော
 ဈေးသည်များ အနေဖြင့် ဂျိုးထောင်-နမ်းခမ်းသို့ ရထားဆိုက်ရောက်ချိန်
တွင် ည(၁၀)နာရီ (၁၁)နာရီခန့်တွင် ဆိုက်ရောက်သောကြောင့် ခရီးသွား
 လာရသည်မှာ အဆင်မပြေ ဖြစ်ခဲ့ကြရသည်။
            ယခုအခါ နမ်းခမ်း-ဂျိုးထောင်မှ ကောလင်းသို့ ပြေးဆွဲနေသော
လိုက်ထရပ်ယာဉ် ၊ဒိုင်နာယာဉ်တို့ကို လိုက်ပါစီးနင်းသွားပါက အသွား
/အပြန် ငွေကျပ်(၂၀၀၀ိ/- )ပေးရပြီး မိုးတွင်းကာလ၌ ဂျိုးထောင်-နမ်းခမ်း
ကြား အချို့နေရာများတွင် လမ်းများမကောင်းသဖြင့် သွားလာမှု အဆင်
မပြေခဲ့ကြောင်း ယခုအခါ ကောလင်း-နမ်းခမ်း RBE ခရီးတိုမီးရထားဖြင့်
 ကောလင်းမှ နမ်းခမ်း သို့ ငွေကျပ်(၇၀၀)ဖြင့် ဈေးနှုန်း သက်သာသာ
 စီးနင်းလိုက်ပါနိင်ပြီး ကောလင်း-၀န်းသိုမှ တပိုင်တနိုင် ရောင်းချရသည့်
 ဈေးသည်များအဖို့ နမ်းခမ်းကျေးရွာနှင့် ကျောက်ပါးစပ်ရွှေမှော် ဗန်းမော်
မြို့နယ်ရှိ ရွှေမှော်များရှိရာသို့ သွားရောက် ဈေးရောင်းချပြီး နမ်းခမ်းမှ
 ကောလင်းသို့ နေ့ချင်းပြန် သွားရောက်နိုင်သည့်အတွက်  ယခင်ကထက်
 ခရီးသွားလာမှု ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေလာကြဟု သိရသည်။
                                               Kawlin Media Group
                                              Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment