စိုင်းလူမင်း........
ယခုခေတ်၌ အရက်သောက်သူသည် တောရောမြို့ပါ နေရာ
အနှံ့အပြားရှိလာသည်။ အရက်ကို အမျိုးမျိုး ထင်မြင်ယူဆချက်များဖြင့်
သောက်ကြရာတွင် မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲသော အရာတို့၌ ပြောရဲ၊
ဆိုရဲကာရဲဆေးတစ်မျိုး ဖြစ်လာသည်ဟုလည်းကောင်း၊မိမိရင်
တွင်းရှိ
ခံစားချက်များကို အာသွက်၊ လျှာသွက်နှင့် အလိုလိုပြောဆိုလာနိုင်
သည်ဟုလည်းကောင်း၊ ပုံမှန်အချိန်၌ မပြောရဲ၊မဆိုရဲ၊ မလုပ်ရဲသဖြင့်
ထိန်းသိမ်းထားရသော လူ့ဂုဏ်သိက္ခာ အကျင့်စာရိတ္တများ ကျိုးပျက်သွား
သည်ကို မသိဘဲ ပိုမိုအတင့်ရဲကာ ပြောဆိုလာနိုင်သည်ဟုလည်းကောင်း
၊အကြောင်းအမျိုးမျိုးပြကာ သောက်သုံးကြသည်။ အရက်သောက်ရခြင်း
အကြောင်းအရင်းရာများ ရေးဖွဲ့ရလျှင် ကုန်တော့မည် မဟုတ်ပေ။
ထိုသူတို့မှာလည်း အရက်မူးနေစဉ် မိမိထင်မြင်ယူဆချက်များသာဖြစ်၍
အရက်မူးပြေသွားသောအခါ ပုံမှန်အာရုံခံစားမှုမျိုးသာ ဖြစ်ပေသည်။
ယခင်က မြန်မာနိုင်ငံ၌ အရက်/ထန်းရည်သောက်သုံးသူသည်
အနည်းအကျဉ်းမျှသာရှိသည်။ သေက်သုံးသူများကလည်း ပြောင်ပြောင်
တင်းတင်းသောက်ခြင်းမျိုး အလွန်နည်းပြီး လူကြီးနည်းပြီး လူကြီးမိဘ
ဆရာသမားများ မသိအောင် ပုန်းလျှိုးကွယ်လျှိုးသောက်လေ့ရှိကြသည်။
ယခုအခါတွင် ကျွန်တော်တို့ကောလင်း၊၀န်းသို၊ ပင်လည်ဘူး
ဒေသ၌ အရက်သောက်သူများသည် မိတ်ဆက်ပွဲ၊ နှုတ်ဆက်ပွဲ၊ ဂုဏ်
ပြုဧည့်ခံပွဲ၊ အလှုမင်္ဂလာ၊သာရေး၊ နာရေးအဆုံး အရက်မပါလျှင်
မပြီးသလောက် ဖြစ်လာသည်။ ရှေးကကျေးလက်ဒေသများနှင့် မြို့ပေါ်
တွင် သာရေး၊နာရေး ကိစ္စများရှိပါက ဆွေမျိုးတော်သူရော မတော်သူပါ
စုပေါင်း၍ ကိုယ့်အသိစိတ်နှင့် ကိုယ့်လူမှုရေးအရ စေသနာ့ဝန်ထမ်း
အဖြစ် ဆောင်ရွက်ကြပြီး မည်သည့်အခွင့်အရေးမျှလည်းကောင်း၊ ပေးရန်
မလို။
ယခုမှ ထိုသို့မဟုတ်ကြတော့ဘဲ လုပ်ကိုင်သူအား အရက်ဖိုးပေးရ
သည်။ သို့မဟုတ် သူတို့စိတ်ကြိုက် အရက်ဖြင့် ဧည့်ခံကျွေးမွေးရသည်။
ကျွန်တော် အလှူနှင့်ပတ်သတ်၍ လေ့လာမိသလောက် မိလိန္ဒကျမ်း၌
တွေ့ရသည်မှာ ကချေသည်အလှူ၊ အငြိမ့်ပွဲအလှူ၊ သေရည်သေရက်
အလှူ၊ မိန်းမအလှု၊ နွားလား၊မြင်းလားအလှူ၊ ကာမဂုဏ်ကို နှိုးဆွပေး
သောအလှူ၊ ပန်းချီဆေးရေးအလှူ၊ လက်နက် ၊ခဲ၊ ယမ်း၊မီးကျောက်အလှူ
၊အဆိပ်အလှူ၊ လက်ထိပ်၊ သံခြေချင်း နှောင်ကြိုးအလှူ၊ သတ်စားရန်
အတွက်ဝက်၊ ကြက်သားကောင်အလှူ၊ ချိန်ခွင်အတု၊ ကတ္တားအတု၊ မီး
ကျောက်အလှူ၊ တင်းတောင်းအတု အလှူဟူသည့်(၁၀)ပါးသော အလှူတို့
သည် မလှူအပ်၊မလှူသင့်၊ မပြုလုပ်၊ မကျွေးမွေးသင့် အပါယ်လား
ကြောင်းဟု ပြောဆိုသောကြောင့် အရက်ဖြင့်ဧည့်ခံကျွေးမွေးခြင်းသည်
ကုသိုလ်မဖြစ်ဘဲ အကုသိုလ်အကျိုးကိုသာ ပေးစေနိုင်ကြောင်း ရှောင်
နိုင်လျှင် အကောင်းဆုံးဟု ဆိုလေသည်။
သို့သော်ခေတ်စနစ်အရ လုပ်ကိုင်သူတော်တော်များများမှာ အရက်
ကလေးပါမှ စိတ်ပါလက်ပါလုပ်ချင်ကြသည်။ ဖင်ပေါ့ကြသည်။ ထို့ကြောင့်
သာရေး၊နာရေးကိစ္စ များ၌ ၀ိုင်းဝန်းကူညီကြသည့် ချစ်စရာမြန်မာ့ဓလေ့
စရိုက်များလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ တချို့မင်္ဂလာဆောင်
ကိစ္စ၌ ကာလသားကြေးခေါ် ခဲဖိုးပေးရာ၌လည်း ခဲဖိုးမဟုတ်တော့ဘဲ
အရက်ဖိုးဖြစ်လာသည်။ငွေကြေးတတ်နိုင်မှုတည်၍ တစ်သောင်း၊နှစ်
သောင်း တောင်းတာတွေလည်း တွေ့ခဲ့ဖူးသည်။
ကျွန်တော်တို့ နေထိုင်ရာ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးဒေသများ
တွင် နာရေးကိစ္စတွင် အရက်ကအဓိက ဖြစ်သည်။ နာရေးကိစ္စ ကို လူတိုင်းမ
ဆောင်ရွက်ချင်ကြ။ မကိုင်တွယ်ချင်ကြ။ ကြောက်ရွံ့ကြသည်။ ထိုအခါ အရက်
သေစာသောက်စားတတ်သည့် လုပ်ကိုင်နေကြသူများကိုခေါ်၍ အရက်ဖိုးပေး
ခြင်း၊အရက်ဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် ဆောင်ရွက်ခိုင်းရသည်။ ထိုလူ
များက အရက်လည်းသောက်ရ၊ လူမှုရေးလည်း လုပ်ဆောင်ရဟူသော
သဘောဖြင့် ဆောင်ရွက်ကြသည်။
အရက်ကို သင့်တင့်မျှတရုံအကြောင်းမဟုတ်။ လူမှန်းသူမှန်းမသိအောင်
အလွန်အကျွံသောက်ရင်းဖြင့် လူငယ်တစ်ယောက် ရွာတစ်ရွာက နာရေးကိစ္စ
အိမ်တစ်အိမ်မှာ လေဖြတ်သွားသဖြင့် အနီးအနားရှိသည့် ၀ိုင်းကူသည့်လူများ
နှင့် နာရေးအိမ်က မိသားစုတွေက ၀ိုင်းဝန်းပြုစုရင်း မေးထူးခေါ်မရသဖြင့်
ရွာမှာရှိသည့်လှည်းနှင့် ညတွင်းချင်းဆေးရုံသွားပို့ရသည်။ ထိုစဉ် အိမ်ရှင်
မိသားစုထဲမှ အမျိုးအသီးတစ်ဦးမှာ နှလုံးရောဂါရှိသည့်အတွက် ၎င်းလူနာ
ကိုမြင်ပြီး သေဆုံးသွားသကဲ့သို့ လေဖြတ်သည့် လူငယ်မှာလည်း ဆေးရုံ
မရောက်မီ သေဆုံးသွားသောကြောင့် နာရေးကိစ္စ အိမ်မှာ ပြဿနာက
တစ်ပူပေါ်နှစ်ပူဆင့် ခဲ့ကြသည်ကို ကြားခဲ့ဖူးသည်။
အရက်သောက်သူတွေများပြားလာသည်ခြင်းသည် ကောင်းသော
လက္ခဏာမဟုတ်ပေ။ ကျေးလက်ဒေသများနှင့် မြို့ပေါ်တွင် အရက်ဖိုးများ
နှင့် အရက်ဆိုင်တွေများလာသဖြင့် အလွယ်တစ်ကူ ၀ယ်ယူလို့ရသော
ကြောင့်ဖြစ်သည်။ ကျွန်တော်သိသလောက်တော့ ၁၉၉၀ပြည့် နှစ်ဝန်းကျင်
လောက်က ယစ်မျိုးလိုင်စင်ဥပဒေကို ဖျက်သါမ်းလိုက်ခြင်းကြောင့်ဟု သုံး
သပ်မိပါသည်။ ကျွန်တော်လေ့လာမိသလောက် ၁၉၆၂ ခုနှစ်၊ ပြည်သူပိုင်မ
သိမ်းခင်က စားသောက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များသည် လေလံစနစ်
အရ ပြည်တွင်းဖြစ် အရက်နှင့် နိုင်ငံခြားအရက်အလုံးလိုက် ရောင်းသည့်ဆိုင်
၊နိုင်ငခြားအရက်သောက်သုံးခွင့်ပေးသည့် ဆိုင်အားလုံးသည် လိုင်စင်နှင့်
ဖြစ်သည်ဟု ဆိုသည်။
သောက်သုံးခွင့်ပေးသည့်ဆိုင်သည် ရောင်းလို့မရသလို အလုံးလိုက်
ရောင်းသည့်ဆိုင်သည် သောက်လို့မရပါ၊ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းတွင်
ယစ်မျိုးလိုင်စင် (EXCISE DUTY) အမျိုးစားတွေမှ လိုင်စင်စနစ်ကနေ ပုံသေ
နှုန်းကို ပြောင်းသွားသည်။ ယစ်မျိုးလိုင်စင်ဆိုသည်မှာ အရက်ရောင်းချခွင့် ၊
အရက်ဆိုင်ဖွင့်ခွင့်တွေ စတိုးဆိုင်တွေ မှာဆိုရင်လည်း ယစ်မျိုးလိုင်စင်တွေ
ရှိကြသည်။
မူရင်းဥပဒေအရ သတ်မှတ်ချက်ရှိသောလည်း ယင်းဥပဒေကို ၁၉၉၀
ပြည့်နှစ်ဝန်းကျင်က ဖျက်သိမ်းလိုက်ပြီး လိုင်စင်ပုံစံသာအမည်သာကျန်၍
ယင်းပေါ် စစ်ဆေးကြီးကြပ်သည့် သီးခြားအဖွဲ့အစည်းတွေလည်း ပျယ်
ပြက်သွားခဲ့သည်။ ယခင်က ယစ်မျိုးဌာနခွဲဆိုပြီး ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်
ဝန်းကျင်လောက်မှစ၍ ယစ်မျိုးဆိုတာမရှိတော့ဘဲ ၎င်းအရက်နှင့် ဘီယာတွေ
ရောင်းချင်သလိုရောင်းပြီး တင်ချင်သလိုတင်သည့် သဘောရှိသည် ဖြစ်သဖြင့်
ယခုဆိုရင် တောရောမြို့ပါ စားသောက်ဆိုင်တွေကအစ လမ်းဘေးစတိုးဆိုင်
တွေအထိ အရက်နှင့် ဘီယာတွေ အလွယ်တကူ ၀ယ်နိုင်သည်။အရက်နှင့်ဘီယာ
ပေါ်တွင် လိုင်စင်အရ အခွန်ကောက်ခံခဲ့သည် ဟု ဆိုသည်။
လူ့ဘ၀သည် ရခဲလှ၏။ ထိုရခဲလှသည့် လူ့ဘ၀ တိုတောင်သော အချိန်
ကာလလေး၌ အချိန်ကို တန်ဖိုးရှိရိ အသုံးမချဘဲ အသက်နှင့်အရှက်ကို အရက်နှင့်
လဲနေကြသည်မှာ ၀မ်းနည်းစရာ ကောင်းပေသည်။ အရက်ကို အနည်းငယ်မျှ
သောက်မိလျှင် ဥပဒ်မဖြစ်ဟု ပြောကြသော်လည်း နည်းရာမှများလာပြီး တဖြည်း
ဖြည်းနှင့် အရက်စွဲလာသောအခါ ကောင်းကျိုးထက် ဆိုးကျိုးဘက်က အလေးသာ
နေပါသည်.ကျွန်တော်၏ ရှေ့မှောက်မှာပင် အရက်ကြောင့် အိမ်ထောင်ရှင်များ
အိမ်ထောင်ရေး အဆင်မပြေတာတွေ၊ မိသားစုအတွင်း စိတ်ဝမ်းကွဲတာတွေ၊
အလုပ်ပြုတ်၊ထောင်ကျ၊ စီးပွားရေးမပြေလည်၍ အကြွေးတင်ကာ ဒုက္ခပင်လယ်
ဝေကြသည်။
အရက်နှင့်မူခင်သည် ဆက်စပ်လျှက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော်
အချို့သူများသည် အရက်သောက်လိုက်သည်နှင့် သွေးဆိုးလာပြီး မလုပ်သင့်၊
မလုပ်ထိုက်သည်ကို လုပ်မိခြင်း၊ မပြောသင့် မပြောထိုက်သည်ကို ပြောမိခြင်း
မျိုးမှ အစ ခိုက်ရန်ဖြစ်ပွား၍ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်တတ်သော
ကြောင့် လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာဖြစ်စေနိုင်သည်။
အချို့အရက်သောက်သူများမှာ မိမိဘ၀ပြဿာနာကို ရင်ဆိုင်ရန်အတွက်
အရက်သောက်မိရာမှ အမှုအခင်းဖြစ်ပွားမှုရှိသလို လုပ်ငန်းခွင်သို့လာစဉ် အရက်
သောက်မိခဲ့သဖြင့် အလုပ်ခွင်၌ ပြဿာနာတစ်ခုမဟုတ်တစ်ခုတက်ကာ အမှုအခင်း
ဖြစ်ကြရသည်။အချို့အရက်သေစာသောက်စားပြီး လမ်းစည်းကမ်း၊ယာဉ်စည်းကမ်း၊
မလိုက်နာသည့်အတွက် ယာဉ်တိုက်မှု ဖြစ်ကြရာ အရက်နှင့်မှုခင်း ဆက်စပ်နေသည့်
အကြောင်းတရားများပင် ဖြစ်သည်။ အရက်နှင့် မှုခင်းဆက်စပ်နေခြင်းမှာလည်း
သောက်သုံးသူ၏ မူလစရိုက်၊ ဗီဇ ၊စိတ်ဓာတ်၊ သောက်သုံးမှုအနည်းအများအပေါ်၌
လည်း မူတည်နေသည်။ ထို့ကြောင့် နည်းနည်းသောက်ရာမှ များများဖြစ်လာပြီး
ရာဇ၀တ်မှုဆီသို့ တွန်းပို့စေနိုင်သော အရက်ကို ရှောင်ကြဉ်သင့်ပါကြောင်း ရေသား
လိုက်ပေသည်။
Kawlin Media Group
( စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
ယခုခေတ်၌ အရက်သောက်သူသည် တောရောမြို့ပါ နေရာ
အနှံ့အပြားရှိလာသည်။ အရက်ကို အမျိုးမျိုး ထင်မြင်ယူဆချက်များဖြင့်
သောက်ကြရာတွင် မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲသော အရာတို့၌ ပြောရဲ၊
ဆိုရဲကာရဲဆေးတစ်မျိုး ဖြစ်လာသည်ဟုလည်းကောင်း၊မိမိရင်
ခံစားချက်များကို အာသွက်၊ လျှာသွက်နှင့် အလိုလိုပြောဆိုလာနိုင်
သည်ဟုလည်းကောင်း၊ ပုံမှန်အချိန်၌ မပြောရဲ၊မဆိုရဲ၊ မလုပ်ရဲသဖြင့်
ထိန်းသိမ်းထားရသော လူ့ဂုဏ်သိက္ခာ အကျင့်စာရိတ္တများ ကျိုးပျက်သွား
သည်ကို မသိဘဲ ပိုမိုအတင့်ရဲကာ ပြောဆိုလာနိုင်သည်ဟုလည်းကောင်း
၊အကြောင်းအမျိုးမျိုးပြကာ သောက်သုံးကြသည်။ အရက်သောက်ရခြင်း
အကြောင်းအရင်းရာများ ရေးဖွဲ့ရလျှင် ကုန်တော့မည် မဟုတ်ပေ။
ထိုသူတို့မှာလည်း အရက်မူးနေစဉ် မိမိထင်မြင်ယူဆချက်များသာဖြစ်၍
အရက်မူးပြေသွားသောအခါ ပုံမှန်အာရုံခံစားမှုမျိုးသာ ဖြစ်ပေသည်။
ယခင်က မြန်မာနိုင်ငံ၌ အရက်/ထန်းရည်သောက်သုံးသူသည်
အနည်းအကျဉ်းမျှသာရှိသည်။ သေက်သုံးသူများကလည်း ပြောင်ပြောင်
တင်းတင်းသောက်ခြင်းမျိုး အလွန်နည်းပြီး လူကြီးနည်းပြီး လူကြီးမိဘ
ဆရာသမားများ မသိအောင် ပုန်းလျှိုးကွယ်လျှိုးသောက်လေ့
ယခုအခါတွင် ကျွန်တော်တို့ကောလင်း၊၀န်းသို၊ ပင်လည်ဘူး
ဒေသ၌ အရက်သောက်သူများသည် မိတ်ဆက်ပွဲ၊ နှုတ်ဆက်ပွဲ၊ ဂုဏ်
ပြုဧည့်ခံပွဲ၊ အလှုမင်္ဂလာ၊သာရေး၊ နာရေးအဆုံး အရက်မပါလျှင်
မပြီးသလောက် ဖြစ်လာသည်။ ရှေးကကျေးလက်ဒေသများနှင့် မြို့ပေါ်
တွင် သာရေး၊နာရေး ကိစ္စများရှိပါက ဆွေမျိုးတော်သူရော မတော်သူပါ
စုပေါင်း၍ ကိုယ့်အသိစိတ်နှင့် ကိုယ့်လူမှုရေးအရ စေသနာ့ဝန်ထမ်း
အဖြစ် ဆောင်ရွက်ကြပြီး မည်သည့်အခွင့်အရေးမျှလည်းကောင်း
မလို။
ယခုမှ ထိုသို့မဟုတ်ကြတော့ဘဲ လုပ်ကိုင်သူအား အရက်ဖိုးပေးရ
သည်။ သို့မဟုတ် သူတို့စိတ်ကြိုက် အရက်ဖြင့် ဧည့်ခံကျွေးမွေးရသည်။
ကျွန်တော် အလှူနှင့်ပတ်သတ်၍ လေ့လာမိသလောက် မိလိန္ဒကျမ်း၌
တွေ့ရသည်မှာ ကချေသည်အလှူ၊ အငြိမ့်ပွဲအလှူ၊ သေရည်သေရက်
အလှူ၊ မိန်းမအလှု၊ နွားလား၊မြင်းလားအလှူ၊ ကာမဂုဏ်ကို နှိုးဆွပေး
သောအလှူ၊ ပန်းချီဆေးရေးအလှူ၊ လက်နက် ၊ခဲ၊ ယမ်း၊မီးကျောက်အလှူ
၊အဆိပ်အလှူ၊ လက်ထိပ်၊ သံခြေချင်း နှောင်ကြိုးအလှူ၊ သတ်စားရန်
အတွက်ဝက်၊ ကြက်သားကောင်အလှူ၊ ချိန်ခွင်အတု၊ ကတ္တားအတု၊ မီး
ကျောက်အလှူ၊ တင်းတောင်းအတု အလှူဟူသည့်(၁၀)ပါးသော အလှူတို့
သည် မလှူအပ်၊မလှူသင့်၊ မပြုလုပ်၊ မကျွေးမွေးသင့် အပါယ်လား
ကြောင်းဟု ပြောဆိုသောကြောင့် အရက်ဖြင့်ဧည့်ခံကျွေးမွေးခြင်း
ကုသိုလ်မဖြစ်ဘဲ အကုသိုလ်အကျိုးကိုသာ ပေးစေနိုင်ကြောင်း ရှောင်
နိုင်လျှင် အကောင်းဆုံးဟု ဆိုလေသည်။
သို့သော်ခေတ်စနစ်အရ လုပ်ကိုင်သူတော်တော်များများမှာ အရက်
ကလေးပါမှ စိတ်ပါလက်ပါလုပ်ချင်ကြသည်။ ဖင်ပေါ့ကြသည်။ ထို့ကြောင့်
သာရေး၊နာရေးကိစ္စ များ၌ ၀ိုင်းဝန်းကူညီကြသည့် ချစ်စရာမြန်မာ့ဓလေ့
စရိုက်များလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ တချို့မင်္ဂလာဆောင်
ကိစ္စ၌ ကာလသားကြေးခေါ် ခဲဖိုးပေးရာ၌လည်း ခဲဖိုးမဟုတ်တော့ဘဲ
အရက်ဖိုးဖြစ်လာသည်။ငွေကြေးတတ်နိ
သောင်း တောင်းတာတွေလည်း တွေ့ခဲ့ဖူးသည်။
ကျွန်တော်တို့ နေထိုင်ရာ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးဒေသများ
တွင် နာရေးကိစ္စတွင် အရက်ကအဓိက ဖြစ်သည်။ နာရေးကိစ္စ ကို လူတိုင်းမ
ဆောင်ရွက်ချင်ကြ။ မကိုင်တွယ်ချင်ကြ။ ကြောက်ရွံ့ကြသည်။ ထိုအခါ အရက်
သေစာသောက်စားတတ်သည့် လုပ်ကိုင်နေကြသူများကိုခေါ်၍ အရက်ဖိုးပေး
ခြင်း၊အရက်ဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် ဆောင်ရွက်ခိုင်းရသည်။ ထိုလူ
များက အရက်လည်းသောက်ရ၊ လူမှုရေးလည်း လုပ်ဆောင်ရဟူသော
သဘောဖြင့် ဆောင်ရွက်ကြသည်။
အရက်ကို သင့်တင့်မျှတရုံအကြောင်းမဟုတ်။ လူမှန်းသူမှန်းမသိအောင်
အလွန်အကျွံသောက်ရင်းဖြင့် လူငယ်တစ်ယောက် ရွာတစ်ရွာက နာရေးကိစ္စ
အိမ်တစ်အိမ်မှာ လေဖြတ်သွားသဖြင့် အနီးအနားရှိသည့် ၀ိုင်းကူသည့်လူများ
နှင့် နာရေးအိမ်က မိသားစုတွေက ၀ိုင်းဝန်းပြုစုရင်း မေးထူးခေါ်မရသဖြင့်
ရွာမှာရှိသည့်လှည်းနှင့် ညတွင်းချင်းဆေးရုံသွားပို့ရသည်။ ထိုစဉ် အိမ်ရှင်
မိသားစုထဲမှ အမျိုးအသီးတစ်ဦးမှာ နှလုံးရောဂါရှိသည့်အတွက် ၎င်းလူနာ
ကိုမြင်ပြီး သေဆုံးသွားသကဲ့သို့ လေဖြတ်သည့် လူငယ်မှာလည်း ဆေးရုံ
မရောက်မီ သေဆုံးသွားသောကြောင့် နာရေးကိစ္စ အိမ်မှာ ပြဿနာက
တစ်ပူပေါ်နှစ်ပူဆင့် ခဲ့ကြသည်ကို ကြားခဲ့ဖူးသည်။
အရက်သောက်သူတွေများပြားလာသည်ြ
လက္ခဏာမဟုတ်ပေ။ ကျေးလက်ဒေသများနှင့် မြို့ပေါ်တွင် အရက်ဖိုးများ
နှင့် အရက်ဆိုင်တွေများလာသဖြင့် အလွယ်တစ်ကူ ၀ယ်ယူလို့ရသော
ကြောင့်ဖြစ်သည်။ ကျွန်တော်သိသလောက်တော့ ၁၉၉၀ပြည့် နှစ်ဝန်းကျင်
လောက်က ယစ်မျိုးလိုင်စင်ဥပဒေကို ဖျက်သါမ်းလိုက်ခြင်းကြောင့်ဟု သုံး
သပ်မိပါသည်။ ကျွန်တော်လေ့လာမိသလောက် ၁၉၆၂ ခုနှစ်၊ ပြည်သူပိုင်မ
သိမ်းခင်က စားသောက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များသည် လေလံစနစ်
အရ ပြည်တွင်းဖြစ် အရက်နှင့် နိုင်ငံခြားအရက်အလုံးလိုက် ရောင်းသည့်ဆိုင်
၊နိုင်ငခြားအရက်သောက်သုံးခွင့်ေ
ဖြစ်သည်ဟု ဆိုသည်။
သောက်သုံးခွင့်ပေးသည့်ဆိုင်သည် ရောင်းလို့မရသလို အလုံးလိုက်
ရောင်းသည့်ဆိုင်သည် သောက်လို့မရပါ၊ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်
ယစ်မျိုးလိုင်စင် (EXCISE DUTY) အမျိုးစားတွေမှ လိုင်စင်စနစ်ကနေ ပုံသေ
နှုန်းကို ပြောင်းသွားသည်။ ယစ်မျိုးလိုင်စင်ဆိုသည်မှာ အရက်ရောင်းချခွင့် ၊
အရက်ဆိုင်ဖွင့်ခွင့်တွေ စတိုးဆိုင်တွေ မှာဆိုရင်လည်း ယစ်မျိုးလိုင်စင်တွေ
ရှိကြသည်။
မူရင်းဥပဒေအရ သတ်မှတ်ချက်ရှိသောလည်း ယင်းဥပဒေကို ၁၉၉၀
ပြည့်နှစ်ဝန်းကျင်က ဖျက်သိမ်းလိုက်ပြီး လိုင်စင်ပုံစံသာအမည်သာကျန်၍
ယင်းပေါ် စစ်ဆေးကြီးကြပ်သည့် သီးခြားအဖွဲ့အစည်းတွေလည်း ပျယ်
ပြက်သွားခဲ့သည်။ ယခင်က ယစ်မျိုးဌာနခွဲဆိုပြီး ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်
ဝန်းကျင်လောက်မှစ၍ ယစ်မျိုးဆိုတာမရှိတော့ဘဲ ၎င်းအရက်နှင့် ဘီယာတွေ
ရောင်းချင်သလိုရောင်းပြီး တင်ချင်သလိုတင်သည့် သဘောရှိသည် ဖြစ်သဖြင့်
ယခုဆိုရင် တောရောမြို့ပါ စားသောက်ဆိုင်တွေကအစ လမ်းဘေးစတိုးဆိုင်
တွေအထိ အရက်နှင့် ဘီယာတွေ အလွယ်တကူ ၀ယ်နိုင်သည်။အရက်နှင့်ဘီယာ
ပေါ်တွင် လိုင်စင်အရ အခွန်ကောက်ခံခဲ့သည် ဟု ဆိုသည်။
လူ့ဘ၀သည် ရခဲလှ၏။ ထိုရခဲလှသည့် လူ့ဘ၀ တိုတောင်သော အချိန်
ကာလလေး၌ အချိန်ကို တန်ဖိုးရှိရိ အသုံးမချဘဲ အသက်နှင့်အရှက်ကို အရက်နှင့်
လဲနေကြသည်မှာ ၀မ်းနည်းစရာ ကောင်းပေသည်။ အရက်ကို အနည်းငယ်မျှ
သောက်မိလျှင် ဥပဒ်မဖြစ်ဟု ပြောကြသော်လည်း နည်းရာမှများလာပြီး တဖြည်း
ဖြည်းနှင့် အရက်စွဲလာသောအခါ ကောင်းကျိုးထက် ဆိုးကျိုးဘက်က အလေးသာ
နေပါသည်.ကျွန်တော်၏ ရှေ့မှောက်မှာပင် အရက်ကြောင့် အိမ်ထောင်ရှင်များ
အိမ်ထောင်ရေး အဆင်မပြေတာတွေ၊ မိသားစုအတွင်း စိတ်ဝမ်းကွဲတာတွေ၊
အလုပ်ပြုတ်၊ထောင်ကျ၊ စီးပွားရေးမပြေလည်၍ အကြွေးတင်ကာ ဒုက္ခပင်လယ်
ဝေကြသည်။
အရက်နှင့်မူခင်သည် ဆက်စပ်လျှက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော်
အချို့သူများသည် အရက်သောက်လိုက်သည်နှင့် သွေးဆိုးလာပြီး မလုပ်သင့်၊
မလုပ်ထိုက်သည်ကို လုပ်မိခြင်း၊ မပြောသင့် မပြောထိုက်သည်ကို ပြောမိခြင်း
မျိုးမှ အစ ခိုက်ရန်ဖြစ်ပွား၍ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်တတ်သော
ကြောင့် လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာဖြစ်စေနိုင်သည်။
အချို့အရက်သောက်သူများမှာ မိမိဘ၀ပြဿာနာကို ရင်ဆိုင်ရန်အတွက်
အရက်သောက်မိရာမှ အမှုအခင်းဖြစ်ပွားမှုရှိသလို လုပ်ငန်းခွင်သို့လာစဉ် အရက်
သောက်မိခဲ့သဖြင့် အလုပ်ခွင်၌ ပြဿာနာတစ်ခုမဟုတ်တစ်ခုတက်ကာ အမှုအခင်း
ဖြစ်ကြရသည်။အချို့အရက်သေစာသောက်
မလိုက်နာသည့်အတွက် ယာဉ်တိုက်မှု ဖြစ်ကြရာ အရက်နှင့်မှုခင်း ဆက်စပ်နေသည့်
အကြောင်းတရားများပင် ဖြစ်သည်။ အရက်နှင့် မှုခင်းဆက်စပ်နေခြင်းမှာလည်း
သောက်သုံးသူ၏ မူလစရိုက်၊ ဗီဇ ၊စိတ်ဓာတ်၊ သောက်သုံးမှုအနည်းအများအပေါ်၌
လည်း မူတည်နေသည်။ ထို့ကြောင့် နည်းနည်းသောက်ရာမှ များများဖြစ်လာပြီး
ရာဇ၀တ်မှုဆီသို့ တွန်းပို့စေနိုင်သော အရက်ကို ရှောင်ကြဉ်သင့်ပါကြောင်း ရေသား
လိုက်ပေသည်။
Kawlin Media Group
( စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
No comments:
Post a Comment