For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 7 March 2014

NNER မှ အမျိုးသားအဆင့်ပညာရေးဆွေးနွေးပွဲတက်ရောက်ကြောင်း (၆.၃.၂၀၁၄)ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများ(၅.၃.၂၀၁၄)ည MRTV သတင်းတွင်လည်း ဗြောင်လိမ်ကာ တင်ပြသွား >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲတက်ရောက်ရန် NNER အား ဖိတ်ကြားထားပြီးမှ ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖျက်သိမ်းခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
----------------------------------------------------------------------------------------------------------------------------------------------------------
နေ့စွဲ - မတ်လ (၄) ရက်၊ ၂ဝ၁၄ ခုနှစ်။
----------------------------------------------

၁။ နေပြည်တော်တွင် ကျင်းပမည့် "အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲ" (၅-၆ မတ်လ ၂ဝ၁၄) သို့  ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ အပါအဝင် NNER အဖွဲ့သားများတက်ရောက်ပါရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးမှ ၂၈.၂.၂ဝ၁၄ ညနေ (၄) နာရီတွင် တယ်လီဖုန်းဖြင့် ဖိတ်ကြားလာပါသည်။ NNER မှ တက်ရောက်နိုင်မည့်ဦးရေကို ပြောရန်နှင့် NNER ကိုယ်စားလှယ် များ၏ နေထိုင်ရေးကို နေပြည်တော်၊ စည်ပင်ရိပ်သာတွင် စီစဉ်ပေးမည်ဖြစ်ကြောင်းပြောပါသည်။

၂။ မတ်လ ၁ ရက်၊ ၂ဝ၁၄ တွင် အီးမေးလ်ဖြင့်လည်း ဆွေးနွေးပွဲအစီအစဉ်ကို ပေးပို့လာပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များသည် ၁.၃.၂ဝ၁၄ ညနေ (၄) နာရီတွင် အစည်းအဝေးပြုလုပ်ကြပြီး အစည်းအဝေးခန်းမှ အထက်ပါ ညွန်ကြားရေးမှူးချုပ်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သည့်အခါ တိုင်းနှင့်ပြည်နယ်အသီးသီးမှ NNER ကိုယ်စားလှယ် (၁၅ဝ) တက်ရောက်မည်ကို ပြောကြားရာတွင် သဘောတူကြောင်း ပြန်လည် အတည်ပြု ဖြေကြားပါသည်။ ဖိတ်စာကို နေပြည်တော်မှ ရန်ကုန်သို့ ပေးပို့လိုက်မည်ဖြစ်ကြောင်း၊ တည်းခိုရေးအတွက်လည်း နေပြည်တော်စည်ပင်ရိပ်သာတွင် စီစဉ်ထားပြီးဖြစ်ကြောင်း၊ တည်းခိုဆောင်ကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာနမှ ကုန်ကျခံမည်ဖြစ်ကြောင်း တည်းခိုဆောင်မှ ပညာရေးဆွေးနွေးပွဲကျင်းပရာ နေရာသို့ ကြို၊ ပို့ရေး စီစဉ်ထားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။

၃။ အတည်ပြုချက်ရရှိပြီးနောက် NNER လုပ်ငန်းအဖွဲ့သည် တိုင်းနှင့် ပြည်နယ်မှ ကွန်ရက်တွင် ပါဝင်သည့်အဖွဲ့ အစည်းအသီးသီးသို့ ဆက်သွယ်ပြီး နေပြည်တော်ပညာရေးဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များတက်ရောက်ရန် အကြောင်းကြားလိုက်ပါသည်။ ကိုယ်စားလှယ်များသည် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ခရီးသွားအစီအစဉ်များ ပြုလုပ်ကြပြီး ဝေးလံသည့်ဒေသများမှ ကိုယ်စားလှယ်များသည် ၃.၃.၂ဝ၁၄ တွင် နေပြည်တော်သို့စတင်ထွက်ခွာလာကြပါသည်။

၎။ မတ်လ (၃) ရက်၊ ၂ဝ၁၄၊ ည (၉း၃ဝ) နာရီခန့်တွင် အထက်ပါ ညွန်ကြားရေးမှူးချုပ်မှ NNER အား ဖိတ်ကြားမှုကို ဖျက်သိမ်းကြောင်း တယ်လီဖုန်းဆက်၍ အကြောင်းကြားလာပါသည်။ အဆိုပါ ညွှန်ကြားရေးမှူးချုပ်သည် NNER မှ ကိုယ်စားလှယ် (၁၅ဝ) ကို ဖိတ်ကြားကြောင်း အတည်ပြုပြောကြားခဲ့သဖြင့် ဆွေးနွေးပွဲတက်ရောက်ရန် အားလုံးအဆင်သင့်ပြင်ဆင်ပြီးကာမှ ၄င်းအနေဖြင့် ဖိတ်ကြားခွင့်မရှိကြောင်း၊ NNER ဘက်မှ နားလည်မှုလွဲနေကြောင်းနှင့် သူ့အား ခွင့်လွှတ်ပါရန် ပြောကြားပါသည်။ ပညာရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိကြီးတစ်ဦးက ဖိတ်ကြားမှုကိုအတည်ပြုပြီးမှ ဖိတ်ကြားခြင်းမပြုသယောင် စကားလှည့်၍ ဖျက်သိမ်းမှုကို အံ့သြနားမလည်နိုင်အောင် ဖြစ်ရပါသည်။

၅။ ယခုကဲ့သို့ဖိတ်ကြားမှုကို ဖျက်သိမ်းသည့်အတွက် NNER ကိုယ်စားလှယ်များသည် အခက်အခဲများနှင့် ရင်ဆိုင် ရပါသည်။ နေပြည်တော်သို့ ရောက်လာသူများ၊ နေပြည်တော်သို့ ဦးတည်၍ ခရီးထွက်လာသူများ၊ ခရီးသွားရန်အတွက် လေယာဉ်လက်မှတ်၊ ကားလက်မှတ် ဝယ်ထားသူများ အားလုံး အခက်အခဲ ဖြစ်ကြရပါသည်။

၆။ ပညာရေးဝန်ကြီးဌာနဘက်မှ NNER အား ဖိတ်ကြားထားမှုကို ဖျက်သိမ်းခြင်းသည် ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင်ပြောင်းလဲမှုကို လိုလားသော NNER အဖွဲ့ဝင်များ၏ ပါဝင်မှုကို တားဆီးပိတ်ပင်ရုံမျှမက NNER က မှတ်တမ်းတင် ပြုစုထားသည့် ပြည်သူလူထု၏ ဆန္ဒကိုပါ တားဆီးပိတ်ပင်ရာ ရောက်ပါသည်။

၇။ NNER အဖွဲ့ဝင်များသည် “လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရေးအဖွဲ့” နှင့် ပူးပေါင်းဆောင်ရွက်၍ ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်ရန် စိတ်အားထက်သန်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်များသည် ယုံကြည်မှုကို ပျက်ပြားစေပါသည်။

၈။ ထို့ပြင် ဗဟိုချုပ်ကိုင်မှုဖြင့်သာ ကျင့်သားရနေပြီး ပြည်သူလူထု၏ ဆန္ဒကိုမျက်ကွယ်ပြုသော အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုကိုသာမက အခြားပြုပြင်ပြောင်းလဲမှုဆိုသည်များကိုပါ အယုံအကြည်ကင်းမဲ့စေပါသည်။

၉။ NNER အနေဖြင့် တိုင်းနှင့် ပြည်နယ် ပညာရေးဆွေးနွေးပွဲများနှင့် ၂ဝ၁၃ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးညီလာခံမှရရှိသည့် ပညာရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ သာသနာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပညာရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏အကြံဥာဏ်များဖြင့် ရေးဆွဲထားသည့် NNER ၏ အမျိုးသားပညာရေးမူဝါဒကို ဆက်လက် စွဲကိုင်ပြီး ပြည်သူလူထု၏ဆန္ဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွား မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ပညာရေးမူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ဆက်သွယ်ရန်
Email: nner.mmr@gmail.com
Facebook: www.facebook/NNER.mmr
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment