စိုင်းလူမင်း..............
ရှားစောင်းလက်ပတ်အရွက် ကို ဆေးဘက်ဝင်သည့်
အသက်ရှည်ဆေးအဖြစ် အိမ်တိုင်းအလိုလိုပင် စိုက်ပျိုးလေ့ရှိရာ
ရှားစောင်းလတ်ပတ်မှာ အရွက်ဟုဆိုသော်လည်း အရွက်သဘော
မရှိဘဲ အပင်ရင်းမှရွက်ပေါင်းသဘော အဆင့်(၅)ခု (၆)ခု
ထွက်လျှက် ရှိသည်ကို တွေ့ရသည်။
ရှားစောင်းလတ်ပတ်သည် အပြင်ခွံအစိမ်းရောင်ရှိပြီး
အတွင်း၌ ဖြူချွဲသော အသားများပြည့်လျှက် ရှိသည်။ ရေဓါတ်ကို
စုတ်ယူထားနိုင်သဖြင့်စိမ်းစြို
ပီး တာရျည်ခံနိုင်သည့် အပင်မျိုး
ဖြစ်သည်။ ၎င်း၏ အရသာမှာ အေး၍ ခါးသည်။ လေကိုနိုင်စေပြီး
အားကိုဖြစ်စေ၍ သွေးကိုမှန်စေသည်။ ရှားစောင်းလတ်ပတ်ကို
ဆေးဖော်စပ်ရာတွင် အတွင်း၌ ရှိသောအသားကို အသုံးပြုသည်
ဟု သိရသည်။
ရှားစောင်းလတ်ပတ်သည် အမျိုးသမီးများ ဓမ္မတာမမှန်
လျှင် ရှားစောင်းလက်ပတ်ကို အခွံနှင့်တကွ အသားပါ ပါးပါးလှီး၍
ဟင်းခါးချက်စားလျှင် ဓမ္မတာမှန်လာနိုင်သည်ဟု သုံးစွဲသူအချို့က
ဆိုသည်။ အမျိုးသားများတွင် ဖြစ်တတ်သော ဒူလာရောဂါနှင့်အမျိုး
သမီးများတွင် ဖြစ်တတ်သော မီးယပ်ရောဂါများ ဖြစ်ပေါ်လာခဲ့လျှင်
ရှားစောင်းလက်ပတ်အနှစ် (၁)ပိဿာ၊ ထမ်းလျှက်(၂၅)ကျပ်သား၊
ပျားရည် (၂၅)ကျပ်သား၊စမုံမျိုး(၅)ပါး (၈)ပိဿာစီ သမအောင်မွှေ၍
အိုးသန့်သန့်ထဲတွင် မတူးမခြစ်အောင် ချက်ရသည်။ထို့နောက်
(၁)ကြိမ် ၊ည(၁)ကြိမ် (၁)ကြိမလျှင် ဇွန်း(၂)ဇွန်းခန့် ပုံမှန်စားပေး
ခြင်းဖြင့် အစာကြေ၍ ရင်ချောင်စေကာ ဆီးဝမ်းမှန်၍ ဓါတ်လေးပါး
နှင့် ညီညွှတ်သည့်အတွက် ဒူလာနှင့် မီးယပ်ရောဂါကို ပျောက်ကင်း
စေသည်ဟု တိုင်းရင်းဆေးထုတ်သူ အမျိုးသမီးတစ်ဦးက ပြော
ပြသည်။
ထို့အပြင် မျက်စိရောဂါအတွက် ရှားစောင်းလက်ပတ်
အနှစ်၊ ကျောက်ချဉ်၊ မကျည်းမှဲ့၊ ကွမ်းရွက်၊ လက်ဘက်သီး၊
လေးညှင်း(၁)ကျပ်သား၊ဒုတ္ထာ(၈)ပဲသားတို့ကို အမှုန့်ကြိတ်
အတောင့်ပြုလုပ်ပြီး သွေး၍ မျက်စင်းဆေးခတ်ပေးခြင်းဖြင့်
သက်သာပျောက်ကင်းသည်ဟု ဆိုကြသည်။ ထို့ကြောင့် မြန်မာ့
တိုင်းရင်းဆေးလောကတွင် အသီးအငု၊ အပင်တွင် ဆင်လုံးမနွယ်၊
အရွက်တွင် ရှားစောင်းလက်ပတ်၊ အရည်တွင်ဟူ၍ အသက်ရှည်
ဆေး လေးပါးကို ဖော်ညွှန်းလေ့ရှိကြသည်။
Kawlin Media Group
စိုင်းလူမင်း-အယ်ဒီတာ
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

လေးညှင်း(၁)ကျပ်သား၊ဒုတ္ထာ(၈)ပဲ
အတောင့်ပြုလုပ်ပြီး သွေး၍ မျက်စင်းဆေးခတ်ပေးခြင်းဖြင့်
သက်သာပျောက်ကင်းသည်ဟု ဆိုကြသည်။ ထို့ကြောင့် မြန်မာ့
တိုင်းရင်းဆေးလောကတွင် အသီးအငု၊ အပင်တွင် ဆင်လုံးမနွယ်၊
အရွက်တွင် ရှားစောင်းလက်ပတ်၊ အရည်တွင်ဟူ၍ အသက်ရှည်
ဆေး လေးပါးကို ဖော်ညွှန်းလေ့ရှိကြသည်။
Kawlin Media Group
စိုင်းလူမင်း-အယ်ဒီတာ
Sailumin35@gmail.com
No comments:
Post a Comment