ကွန်တော်သည် ပညာရေးဝန်ကြီးဌာန၊ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ
ဖွင့်လှစ်သော လုပ်ငန်ခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း DTEd(13/08)
အမှတ်စဉ် (၁၃/၀၈)သင်တန်းတွင် ကျွမ်းကျင်တတ်မြောက်အောင်မြင်ကာ
စစ်ကိုင်းပညာရေးတက္ကသိုလ်(B.Ed)သို့ ပေါင်းကူးဆက်တက်ခွင့်ရသော
ဆရာလောင်းတဦးဖြစ်ပါသည်။ ယခုအခါ ကျွန်တော်တို့သည် စာသင်နှစ်များ ကုန်ဆုံးကာ
ဘွဲ့များပင် အသီသီးရကုန်ကြပါပြီ။သို့သော် ကျွန်တော်တို့မှာ အခုချိန်ထိ
Order ကို မကြားရသေးပါ။ကျွန်တော်တို့ နောက်မှ ဆရာလောကထဲကို ၀င်လာသော
နေ့စားလပေးသမားများပင် လစာတွေကို တသီတသန်းကြီး
မိဘတွေကိုအပ်နေကြပါပြီ။ကျွန်တော်တို့လည်း အဲဒီလို
အပ်ချင်လှပါဘိ။ကျွန်တော်တို့မှာ ကောလိပ် အပါအ၀င် B.ed ပြီးထိ
(၄)နှစ်တာရဲ့စရိတ်ကို ခက်ခက်ခဲခဲ နဲ့ ရုံးကန်ကြိုးစားရှာဖွေကာ
တက်ခဲ့ရတာပါ။ကျွန်တော်တို့ရဲ့လစာရမှ အဆင်ပြေမဲ့ မိသားစုတွေ
မိဘတွေအတွက် ဒီလိုဖြစ်နေရင်တော့ ခက်ကုန်ကြတော့မှာပါ။ ပြီးခဲ့တဲ့ February 3
ရက်နေ့က ပျဉ်းမနားက သူငယ်ချင်းတွေ order တွေ ကျပြီလို့
ကြားလိုက်ပါသေးတယ်။ဒါကြောင့် ဖုန်ဆက်မေးကြည့်တော့ "အေး ဟုတ်တယ် order တွေ
ကျတာတော့ မှန်တယ်။ဒါပေမဲ့ ငါတို့ ကျတဲ့ ကျောင်းကို သွားနေတုန်း ချထားတဲ
order တွေကို ပြန်ရုတ်သိမ်းတယ်ဆိုပြီး ပြန်ယူသွားတယ်"ဆိုပြီး
ပြန်ပြောပါတယ်။ ကျွန်တော်တို့ကြမှပဲ ဒီလိုကြားဘူးပါတော့တယ်ဗျာ။ဒါကြောင့်
ရန်ကုန် နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ B.Ed ပေါင်းကူးများအတွက်
သနားငဲ့ညာသောအားဖြင့် order ချမဲ့ အချိန်ကို တိကျတဲ့ အဖြေလေးတခုတော့
ပေးသနားပါလို့ သူငယ်ချင်းများကိုယ်စား တောင်းဆိုအပ်ပါတယ်ခင်မျာ။
သက်ဝေအောင် ၀၉-၃၃၁၇၈၉၆၈
>>>>>>>>>>>>>>>>>>>>>
သက်ဝေအောင် ၀၉-၃၃၁၇၈၉၆၈
No comments:
Post a Comment