မျက်မှောက်ခေတ် ကျေးလက်ဒေသနှင့် အရက်
>>>>>>>>>>>>>>>>>>>>>
ဒီမိုကရေစီလူ့ဘောင် သစ်ကိုချီတက်နေ
သည့် ယခုလိုကာလမျိုးဝယ် မြန်မာနိုင် ငံ၏လူ
ဦးရေအများစုနေထိုင် ရာ ကျေးလက်ဒေသ၏
စိတ်ပိုင်းဆိုင် ရာ တိုးတက်မြင့်မားရေးသည်
အထူးပင် အ ရေးကြီးပါသည်
အထူးသဖြင့်အနာဂတ်ကိုဦးဆောင် ကြမည့်
ကျေးလက်နေလူငယ်များ၏စိတ်ဓါတ် အဆင့်မြင့်
မားစေရန် ငယ် ရွယ်စဉ်ကပင် အ လေ့အကျင့်
ကောင်း အကျင့်စရိုက်ကောင်းများပျိုးထော င်ပေး
သင့်ပါသည် ယခုအခါဒေသရှိလူငယ်အ တော်
များများဟာ အရက်သေစာကိုအထိမ်းအကွပ်
မရှိ သောက်စားတတ်နေကြပါသည်
ထင် ရှားသည်မှာ ဘုရားပွဲ ဇာတ်ပွဲများတွင်
လူငယ်တစ် ရာမှာ ကိုးဆယ်လောက်က အရက်
နံ့လေးတသင်းသင်းနှင့်တွေ့နေရပါ သည်
ဝမ်းနဲဘို့ကောင်းသည်မှာ ရှစ်တန်း ကိုးတန်း
အရွယ်ဆယ်ကျော်သက်လူငယ်လေးများ ကပါ အရက် ရှိန်လေးနဲ့ဇာတ်စင်ပေါ်တက်ပြီး အရှက်
အ ကြောက်ကင်းမဲ့စွာကခုန်လျှက် မင်းသမီးကို
ဆုချလိုက် မင်းသမီးလက်ကို ဆွဲ၍ကလိုကွဲနှင့်
ဇာတ်စင်ရှေ့မှလူငယ်များကလည်း သရုပ်ပြက်
စွာထပြီးကကြခုန်ကြနှင့် ပွဲကြည့်ရန်ဖျာကိုဝယ်
ပြီးအေးဆေးစွာထိုင်၍ကြည့်နေသူများအဖို့မှာ
သရုပ်ဆောင် များကိုမမြင်ကြရ တော့ဘဲ စင်
အ ရှေ့မှကိုးယိုးကားယားများကိုသာ ကြည့်နေ
ရပြီးနောက်၎င်းတို့ချင်းထိမိခိုက် မိ စကားများ
ပြီးရန်ဖြစ်ကြ ထိုးကြ ရိုက်ကြ ကွဲပြဲကြပြီး ပရိတ်
သတ်များကို နင်းချင်းကျော်လွှားပြီးပြေးကြနဲ့ 
တချို့ကလေးငယ်များကိုနင်းမိပြီး ထိခိုက်
ဒဏ် ရာရကြကာ ပွဲကိုဆက်မကြည့်တော့ဘဲ
ပရိတ်သတ်များခမျာ ပိုက်ဆံလည်းကုန် ဒုက္ခ
လည်းရောက် စိတ်ညစ်စွာဖြင့်ပြန်ကြရပါသည်
ယခုအချိန်ကလည်းဒီမိုက ရေစီစနစ်ဖြင့်
သွားနေသည့်ကာလဖြစ်တော့ ပွဲခင်းလုံခြုံရေး
ကိုဆောင် ရွက် ရသည့်တာဝန် ရှိသူများကလည်း
တင်းတင်းကျပ်ကျပ်ပြောဆိုဆုံးမလို့မဖြစ်ဆိုတော့
မင်းမဲ့စရိုက်ဆန်လာတော့သည်
အခုလိုဖြစ်နေရသည့်အကြောင်းရင်း များစွာ
ထဲမှ အဓိကတရားခံသည်အရက်ပင်ဖြစ်သည်
ဘုရားရှင်ဟောကြားခဲ့သည့်တရားတော်များထဲ
မှဒုစရိုက်ဆယ်ပါးတွင်င်အဓိကဗို လ်ချုပ်မှာ
သုရာမေဓရ အရက်ပင်ဖြစ်၍ အရက်မူးနေသူ
သည်မည်မျှင်ပပညာတတ်ပါစေ မည်မျှပင်
ရာထူးအာဏာရှိပါစေ အရှက်အ ကြောက်နဲစွာ
ဖြင့် ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်း နိုင် မှုင်ကင်း
မဲ့စွာ မှားယွင်းခဲ့ကြသည့်သာဓက တွေဟာများ
စွာမှရှိခဲ့ဘူးပါသည် စာလေးမည်စိုး၍ဖေါ်မပြလို
တော့ပါ အဓိက ပြောချင် တာက ထေရဝါဒ
ထွန်းကားသည့် ကျွန်တော်တို့ဗုဒ္ဓဘာသာနိုင် ငံ
မျိုးမှာ အရက်ဆိုင် များသည်ကျေးလက်တော
ရွာအနှံ့ တရားဝင် ခွင့်ပြုချပေးနေခြင်းများသည်
အထက်ကတင်ပြခဲ့သလို လူငယ်လေးများအ
တွက် ရင်လေးစရာဖြစ်ပါသည် အရက်ရောင်း
သည့်ဆိုင် များကလည်း အရွယ် မ ရွေး အချိန် ကာလသတ်မှတ်ချက်မထားဘဲ မိမိတို့အကျိုး
ကိုသာကြည့်ပြီးစီးပွားရှာေ နကြသည်ကများပါသည်
နိုင် ငံတော်အကြီးအကဲများက ကျေးလက်
ဒေသဖွံ့ဖြိုးရေးကိုအ လေးထားဆောင် ရွက်ပေး
နေသည်မှာ ကျေးလက်နေပြည်သူများအတွက်
လွန်စွာမှအားတက်ဖွယ် ရာဖြစ်သော်လည်း
အထက်ကတင်ပြခဲ့သည့် အရက်ဆိုင် များနှင့်
ပတ်သက်၍လည်းနိုင် ငံ တော်အကြီးအကဲများ
အ နေနှင့်ထည့်သွင်းစဉ်းစားသင့်ပါေ ကြာင်းအ
ကြံပြု ရေးသားတင်ပြလိုက်ပါသည့် 
ငွေမောင်း ဖျာပုံ
့
No comments:
Post a Comment