For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday, 3 February 2014

နိုင် ငံတော်သမ္မတကြီးနှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် သိစေရန်..... >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်မတို့ အမှတ်(၇၉) ခြေလျှင်တပ်ရင်းမှူးဖြစ်တဲ့ ပြန်တမ်း
ဝင်အမှတ် ကြည်း (၂၉၁၅၇) ဒုတိယဗိုလ်မှူးကြီး ဇော်လင်းထွန်း ရဲ့စစ်သည်များအ ပေါ်ညှာတာမှုမရှိဘဲ သူ့တစ်ကိုယ်ကောင်းစားရေအတွက် အဂတိလိုက်စားနေတဲ့အကြောင်း တင်ပြချင် လို့ပါ... တပ်ရင်း၏ ကချင်​ပြည်​နယ်​ စစ်ဆင်ရေးတာဝန်ကို (၁၆/၁၂/၂၀၁၂) ရက်နေ့မှ (၉/၁၀/၂၀၁၃) ရက်နေ့ ကာလအထိ တစ်ကြိမ်၊ (၁၂/၁၁/၂၀၁၃) မှ ယနေ့အထိတစ်ကြိမ်​  တာဝန်​ ထမ်းဆောင်​​နေ​သော စစ်​သည်​​များ​နေ့စဉ်​ရရှိ​သော ရိက္ခာစို​ငွေများအား ထုတ်​​ပေးခြင်းမရှိဘဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဇော်လင်းထွန်
းရဲ့သဘောအတိုင်း တစ်လလျှင် နှစ်ကြိမ်
သုံးကြိမ်ခန့်သာ ဝယ်ယူ
ကျွေးမွေးနေပါတယ်။ ဝယ်ယူပေးသည့်ပစ္စည်း
များမှာလည်း သူ့အတွက်ကျန်စေရန် နေ့စဉ်ရသင့်သည့် ရိက္ခာစိုငွေနှုန်းထားထက်လျှော့၍ဝယ်​ယူပေးသောကြောင့် စစ်သည်အဆင့်တန်းအား
လုံးဟာ တစ်လလျင် (၁၀) ရက်လောက်သာစားရပြီး ကျန်သည့်ရက်များတွင် ရိက္ခာပဲ၊ ငါးပိ တို့ဖြင့်သာ ဆင်းရဲချို့တဲ့
စွာစားနေရပါသည်။ စစ်သည်များမှ ရိက္ခာစိုငွေရရှိရန် တင်ပြခဲ့ကြ သော်လည်း တင်ပြသူစစ်သည်အားအပြစ်မရှိအပြစ် ရှာကာ နောက်လူများမတင်ပြရဲလောက်အောင် အကျဉ်းသား
သဖွယ် ညှုဉ်းပန်းနှိပ်စက်သည့်အတွက်​ ကျွန်မတို့ယောက်ျားတွေအနေနဲ့ မည်သူမျှမတင်ပြရဲတော့ပါ။ သူကိုယ်တိုင် ကလည်း မင်းတို့ကြိုက်တဲ့ ဆီစာရေးပြီးတိုင် တိုင်​၊ဖုန်းဆက်ပြီးတိုင် တိုင်၊ ကြိုက်သလိုလုပ် ဂရုမစိုက်ဘူးဆိုပြီး ပြောတယ်လို့ ကျွန်မတို့ယောက်ျားတွေက တစ်ဆင့်ပြောပြလို့ သိရပါတယ်​။ ထို့​​ကြောင့်​ ​ရှေ့တန်း​ရောက်​ အရာရှိ၊ စစ်​သည်​များသည်​ တပ်​ရင်းမှူးဆီလဲ မတင်ပြရဲ အထက်ကိုလဲ မတိုင်ရဲဘဲ အငတ်ခံပြီး နေနေကြရသဖြင့် သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား သိစေရန် ကျွန်မမှတစ်ဆင့် ကျွန်မယောက်ျားနှင့် ခလရ (၇၉) မှ အဖိနှိပ်​ခံ မိသားစုများ ကိုယ်စား တင်ပြအပ်ပါ
သည်။ ကျွန်မတို့ခလရ (၇၉)
မှစစ်သည်များရဲ့ဒုက္ခကို သက်​ဆိုင်​ရာမှ သိရှိ ​ဖြေရှင်း​ပေး​စေချင်ပါသည်​။
...တဆင့်​တိုင်​ကြား​ပေးရန်​ အကူအညီ​တောင်းလာသဖြင့်​...

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment