For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday, 3 February 2014

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှမြို့မိ/ဘများ၏ လူ့အခွင့်အရေးချိုးဖေါက်နေမှုများ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၌ဦးမောင်ဝင်း
,
ဒေါက်တာထွန်းအေး,ဦးလှမြင့်,ဦးဦးလှမောင်,
ဦးမဲမောင်,ဒေါ်တင်တင်အေး,ဒေါ်အလှမေတို့
ဦးဆောင်သော ကျောက်တော်မြို့မိ/ဘများသည်
ကျောက်တော်မြို့မဈေးအတွင်း အလှကုန်ဆိုင်ဖွင့်
ကာရောင်းချနေသောဒေါ်ဦးခိုင်စောအား ၂၀၁၃ခု
ဇွန်လ(၁၅)ရက်နေ့၌ ခမရ(၃၇၆)တပ်ရင်းမှတပ်မတော်
သားတစ်ဦးအားဖိနပ်,အထည်အလိပ်ကာလတန်ဖိုး
(၃၀၀၀၀)(သုံးသောင်းကျပ်)ဖိုး ပစ္စည်းများရောင်းချ
ခဲ့သောကြောင့် အထက်ဖေါ်ပြပါမြို့မိ/ဘလူတစ်စု
သည် ညနေ(၄း၀၀)နာရီခန့်၌မြို့မရွှေကျောင်း
ဘုန်းတော်ကြီးကျောင်း၌ ဘုန်းကြီးတချို့နှင့်
လူအင်အား(၃၀၀)ခန့်စုစည်းကာ အစည်းအဝေး
တစ်ရပ်ပြုလုပ်ခဲ့သည်။၎င်းနေ့ ည(၇)နာရီခန့်တွင်
အဆိုပါလူအင်အား(၃၀၀)ခန့်တို့သည်
ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိဒေါ်ဦးခိုင်စော
၏နေအိမ်အား ကျေက်ခဲ,ပုလင်းခွံ,ဂျင်ဂလိ တို့ဖြင့်
ပစ်ပေါက်ကာ အိမ်ခြံစည်းရိုးများဖျက်ဆီးခြင်း,
အိမ်ရှိမော်တော်ဆိုင်ကယ်အားဖျက်ဆီးခြင်းနှင့်
ထိုင်ခုံ,စားပွဲခုံများအား ဖျက်ဆီးခဲ့ပါသည်။
ည(၈)နာရီခန့်တွင်မြို့နယ်ရဲစခန်းမှရဲများလာရောက်
ပြီးဟန့်တားခဲ့ရပါသည်။ဒေါ်ဦးခိုင်စော၏ပြောကြား
ချက်အရကာလတန်ဖိုးသိန်း(၃၀)ကျော်ဆုံးရှုံးခဲ့သည်
ဟုသိရှိရပါသည်။
၎င်းအပြင် ကျောက်တော်မြို့မိဘများနှင့်ဘုန်းကြီး
တစ်ချို့သည် ဒေါ်ဦးခိုင်စောမိသားစုမျိုးရိုးအစဉ်
အဆက်ကိုးကွယ်ခဲ့သောဗုဒ္ဓဘာသာမှပယ်ထုတ်
ခဲ့သည်။ရပ်ကွက်အတွင်းသောက်သုံးရေရရှိအောင်
ဆက်သွယ်ထားသောရေပိုက်အားဒေါ်ဦးခိုင်စော
တို့နေအိမ်သောက်သုံးရေမရှိအောင်ဖြတ်တောက်
ခဲ့သည်။ဒေါ်ဦးခိုင်စောတို့သက်မွေးဝမ်းကျောင်းအဖြစ်ဖွင့်လှစ်ထားသောအလှကုန်ဆိုင်မှမည်သူမှမ၀ယ်
ကြရန်နံရံကပ်ပိုစတာများကပ်၍လှုံ့ဆော်ခဲ့သည်။
ဒေါ်ဦးခိုင်စောက မြို့နယ်ရဲစခန်း၌အမှုဖွင့်တိုင်ကြား
သောအခါ ကျောက်တော်မြို့မိ/ဘများကအမျိုးမျိုး
ခြိမ်းခြောက်ပြီးအိမ်တိုင်လာရောက်ပြောဆိုသဖြင့်
မိမိ၏အသက်အန္တရာယ်ကိုစိုးရိမ်၍အမှုကျေအေး
ကြောင်းလက်မှတ်ထိုးလိုက်ရသည်ဟုသိရှိရပါသည်။
သို့ဖြစ်ပါ၍အထက်ဖေါ်ပြပါရခိုင်ပြည်နယ်
ကျောက်တော်မြို့ မြို့မိ/ဘများ၏လူ့အခွင့်အရေး
ချိုးဖေါက်မှုများကို online မှတဆင့်သက်ဆိုင်ရာ
လူကြီးမင်းများအားတင်ပြအပ်ပါသည်
ဖေါ်ပြပါကိစ္စရပ်များသည်အမှန်တကယ်ဖြစ်ရပ်မှန်
များဖြစ်ပါသဖြင့်ဖေါ်ပြပါဖြစ်ရပ်များမှန်မမှန်သိရှိ
လိုပါကကျောက်တော်မြို့နယ်ရဲစခန်း၌စုံစမ်းမေး
မြန်းနိုင်ပါသည်။
ရဲစခန်းဖုန်း-04370009
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment