စိုင်းလူမင်း............
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပင်းကြိုင်ကျေးရွာတွင်
မတ်(၂)ရက်နေကြောင်း သတင်းရရှိ၍ ပင်လည်ဘူးမြို့မ ရဲစခန်းမှ ရဲအုပ်
မြသောင်းနှင့် အဖွဲ့မှ သွားရောက်ခဲ့ရာ ၁၁း၁၅ချိန် မီးလောင်ကျွန်းသည့်
ဦးရောင်းမောင်(ဘ)ဦးစံလှ တောင်သူ၏ နေအိမ်အား မြို့နယ်ထွေ/အုပ်
အဖွဲ့ အရန် မီးသတ် အုပ်စု အုပ်ချုပ်ရေးမှုး ၊ရာအိမ်မှုး၊ ဆယ်အိမ်မှုး၊
ကျေးရွာလူထုတို့နှင့် အတူပူးပေါင်း မီးငြိမ်းသတ်ခဲ့ရာ ၁၁း၂၅ အချိန်တွင်
မီးငြိမ်းသွားခဲ့သည်။
ဦးရောင်းမောင်း၏ နေအိမ် မီးဖိုမီးကြွင်းကျန်မှ တစ်ဆင့်စတင်လောင်
ကျွမ်းခဲ့ရာမှ ဦးရောင်းမောင်း၏ (၃)ခန်း (၂)ခန်း သက္ကယ်မိုး၊ ၀ါးထရံကာ၊
ပျဉ်ခင်းနေအိမ် တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု
တန်ဖိုးမှာ(၅၀၀၀၀ိ/-)ကျပ် ဖြစ်ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးရောင်းမောင်
အား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Kawlin Media Group
(စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment