၁၅-၂.၂၀၁၄ နေ့ထုတ်အစိုးရပိုင်မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၆)ကော်လံ(၄)မှာ သီပေါမြို့ဍ္ဍ် မီးပွိုင့်ဖွင့်ပွဲသတင်းထဲ
>>>>>>>>>>>>>>>>>>>>>
“ ပြည်သူ့လွှတ်တော်ဥက္ကဌ ” လို့ဖော်ပြခဲ့မှုအပေါ်ယနေ့အထိမကျေလည်ကြကြောင်းသိရပါတယ်။
၁၁-၂-၂၀၁၄ နေ့ကပြည်ထောင်စုနေ့အကြိုဂုဏ်ပြုပွဲဆိုပြီး
သီပေါမြို့ မီးပွိုင့်ဖွင့်ပွဲပြုလုပ်ရာမှာ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးရဲထွန်းကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာပါ။ဒီသတင်းကို သီပေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌလဲလုပ်နေတဲ့သတင်းရေးပို့ သူမှ “ ပြည်သူ့လွှတ်တော်ဥက္ကဌ ” ဆိုပြီးလုပ်ချလိုက်ခြင်းဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဥ ဆိုတာ “သူရဦးရွှေမန်း” တစ်ဦးတည်း ဘဲရှိတယ်ဆိုတာမြန်မာ ရော ကမ္ဘာကပါသိရှိထားပြီးဖြစ်ပါတယ်။မမှားသင့်တဲ့အမှားကြီးကိုရေးသားပေးပို့သူရော လက်ခံဖော်ပြပေး တဲ့အစိုးရပိုင်မြန်မာ့အလင်းသတင်းစာမှာအထူးတာဝန်ရှိပါတယ်။
ဒါတင်မကသေးပါဘူး။ ၎င်းသတင်းရေးသားပေးပို့သူကဘဲ(၂၃-၂-၂၀၁၄)နေ့မြန်မာ့အလင်းသတင်းစာ
စာမျက်နှာ(၁၀)ကော်လံ (၂)မှာ “ နယ်စပ်ရေးရာဝန်ကြီးဌာန ”
လို့တလွဲဖော်ပြခဲ့တဲ့အတွက်၊“ မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သီပေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန ဦးစီးမှူးကိုဖြေရှင်းချက်တောင်းခြင်းခံနေရပါတယ်။ကံမကောင်းရင်ဝန်ကြီးရဲ့ ပါးရိုက်ခြင်းတောင် ခံရဖို့ရှိနေပါတယ်တဲ့ ”
သတင်းပေးပို့သူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့အစိုးရပိုင်သတင်းစာကြီးကပါ၎င်းတို့ရဲ့အမှားများကိုပြန်လည်ပြင်ဆင်မပေး
ကြတဲ့အတွက်ဌာနဆိုင်ရာအချို့နဲ့သတင်းစာဖတ်သူတို့ကပါဝေဖန်ပြစ်တင်လျက်ရှိကြကြောင်သိခဲ့ရပါတယ်။ ။
ကမ္ဘောဇ မှန်ပြောင်း
No comments:
Post a Comment