စိုင်းလူမင်း.....
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့ပြနယ်နမိတ်အတွင်း
ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်တွင် အထွန်းကားဆုံးနှင့် အတွင်
ကျယ်ဆုံးပညာရပ်တစ်ခုဖြစ်သော မြန်မာရိုးရာ ပန်းပညာများထဲတွင်
ပန်းတဉ်းပညာရပ်အား လေ့လာသိရှိခွင့်ရရှိစေရန် ဆရာ ပေတလူ(ကာတွန်း)
မှ ကူညီပံ့ပိုးမှုဖြင့် တမ္ပ၀တီရပ်မှ ပန်းတဉ်းပညာရှင် ဆရာဦးနေ၀င်း(ဗန္ဓုလ
ကြေးသွန်း) နှင့် တွေ့ဆုံလေ့လာခွင့် ရရှိခဲ့သည်။
ပန်းတဉ်းပညာတွင် ကြေးသွန်း၊ ကြေးခေတ်ပညာရပ်(၂)မျိုး သတ်မှတ်
ထားရှိပြီး အသေးစားလုပ်ငန်း၊ အကြီးစားလုပ်ငန်း၊ အခတ်လုပ်ငန်းဟူ၍
တွေ့ရကြောင်း၊ အထည်သစ်၊ အထည်ကြီး ဟူ၍လည်း ခေါ်ကြသည်။
တုမ္ပ၀တီရပ်တွင် ပန်းတဉ်းတန်း၊ ကြေးသွန်းခတ္တန်းဟူ၍ အမည်များနှင့် ကြေး
သွန်းကြေးခတ်လုပ်ငန်းများသည် အမရပူရခေတ်၊ ဘိုးတော်မင်းတရား(ခ)
ဗဒုံမင်းသည် အမရပူရမြို့ကို သက္ကရာဇ်(၁၁၄၄)ခုနှစ်တွင် တည်ခဲ့သည်မှ
စတင်၍ ကြေးသွန်းရပ် ၊ခတ္တန်းရပ်များ ရှိခဲ့သည်ဟု သိရသည်။
ထိုရပ်ကွက်များသည် အမရပူနန်းမြို့တော်၏ တောင်ဘက်ရပ်တွင်
ယနေ့တိုင်ရှိနေပြီး တမ္ပ၀တီ/အ် အမည်ကိုလည်း ကြေးသွန်းရပ်၊ ခတ္တန်း
ခေါ်တွင်ခဲ့သည်။သက္ကရာဇ်၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းသည် နန်းမြို့တော်
ကို မန္တလေးတောင်အနီးတွင် ပြောင်းရွှေ့တည်ထားစံမြန်းခဲ့သည့
်အတွက်
တမ္ပ၀တီရပ်သည် တောင်ပြင်ကြေးသွန်းခတ္တန်း ဖြစ်ခဲ့ရသည်။မင်းတုန်းမင်း
တရားသည် မန္တလေးရတနာပုံရွှေမြို့တော်ကြီး ကို တည်သောအခါ မြို့ပြ
နယ်နမိတ်များကို သတ်မှတ်ပြီး လမ်းများ၊ ရပ်ကွက်များကို အကွက်ချ၍
စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်။
ဝင်းများကို ဖွဲ့စည်းရာတွင် ဥပမာအားဖြင့် ပုလဲဝင်း၊လန်ဒန်ဝင်း၊
ကျောက်ဝင်း၊ဂုဏ်တန်ဝင်း၊ဦးကျား ကြီးဝင်း စသည်ဖြင့် ရှိခဲ့သည်။ရပ်ကွက်
များကိုလည်း လုပ်ကိုင်ကြသော လုပ်ငန်းရှင်များနှင့် လိုက်လျောညီထွေဖြစ်
စေရန် စာတိုက်တန်း၊ကမ္မ၀ါတန်း၊ သံထီးတန်း၊ ကျောက်ဆစ်တန်း၊ပန်းတဉ်း
တန်း၊ကြေးသွန်းခတ္တန်း ခေါ်တွင်ခဲ့သည်။
အမရပူရခေတ်တွင် ဘိုးတော်မင်းတရား(ခ)ဗဒုံမင်းလက် ထက်က
" မင်းဖြူမှန်မှန်ပြော" သကေင်္တရှိ ကြေးပိဿချိန် ၅၅၅၅၅ ရှိသောခေါင်းလောင်း
ကြီးတစ်လုံး သွန်းလုပ်စေခိုင်းထားရှိခဲ့သည်။ ယခုအခါတွင် နာမည်ကြီး
ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်း ကြီး အဖြစ်တွေ့ရသည်။ သက္ကရာဇ်၁၁၇၀
ပြည့်နှစ်တွင် သွန်းလောင်းခဲ့သည်။
ထို့အတူ ဘကြီးတော်စစ်ကိုင်းမင်း လက်ထက်တွင်လည်း သက္ကရာဇ်
၁၁၈၉ ခုနှစ်တွင် မဟာမေရုမကုဋဃဏ္ဍရာဇအမည်နှင့် ကြေးပိဿာချိန်
၁၅၀၀၀ရှိ ခေါင်းလောင်းကြီး တစ်လုံး သွန်းလောင်းခဲ့သည်။ထိုခေါင်းလော င်း
ကြီးများ သွန်းလုပ်ခဲ့ကြသော ပန်းတဉ်းအစုသား မင်းမှုထမ်းတို့သည်ပင်လျှင်
မြို့ပြရွှေ့ပြောင်းရာတွင် ပါဝင်ခဲ့ကြပြီး တမ္ပ၀တီရပ်ကွက်ဖြစ်လာမည့် အရပ်
ဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်ဟု ယူဆရသည်။အဆက်အနွယ်များ
မှာလည်း ခေါင်းလောင်းလုပ်ငန်းကိုပင် ဆက်လက်လုပ်ကိုင်လျှက် ရှိသည်
ဟု ဆိုသည်။
မန္တလေးမြို့ပြနယ်နမိတ်ဝန်းကျင် တွင် တွေ့မြင်နိုင်သော ကြေးသွန်း
ရုပ်ထု၊ ရုပ်လုံးများ၊ ကြေးစည်ခေါင်းလောင်း၊မောင်း၊ဗု ဒ္ဓ ကြေးဆင်းတုတော်
များစွာ ရှိနေပြီဖြစ်သည်။ မဟာမုနိဘုရားကြီးတွင် အောင်ကျော်ဒေ၀ါ၊ အောင်
ကျော်ဇေယျာ နတ်ရုပ်ကြီးများ ငြိမ်းချမ်းသာယာချိန်တွင် ပိဿာချိန်၃၂၄၆
ပိဿာရှိ ကြေားစည်တော်ကြီးကိုလည်းကောင်း၊ မဟာမြတ်မုနိဘုရားကြီးကို
ဓည၀တီရခိုင်ပြည်နယ်ဘက်မှ ရွှေမြို့တော်အရောက် သယ်ယူပင့်ဆောင်လာ
ခဲ့သော အိမ်ရှေ့မင်း သီရိဓမ္မဘိဇယ သီဟသူရပုံကြေးရုပ် စသည်တို့ကို
လည်းကောင်း လေ့လာကြည့်ရှုနိုင်ပေသည်။ထိြု့ ပင် မန္တလေးတောင်ခြေရှိ
ကြေးဆင်းတုတော်များ၊ စစ်ကိုင်းတောင်ပေါ်တွင်ရှိ ဗုဒ္ဓ ဆင်တုကြေးသွန်း
ရုပ်ပွားတော်ကြီးများနှင့် အခြားသော ကြေးသွန်းအရုပ်များကို တွေ့မြင်နိုင်
သည်ဟု သိရသည်။
စစ်ကြိုခေတ်တွင် ရေးဆွဲခဲ့ကြသော ပန်းချီဆရာကြီး ဦးဘမှန်၊
ဦးဘဖန်တို့၏ လက်ရာဖြစ်သည့် မဟာဗန္ဓုလမြင်းစီးပန်းချီကားကို
မန္တလေးနိပတ်တော်ရေး ဆရာအေး၏သား အလင်္ကာကျော်စွာမောင်မှ
အသစ်ရေးခွဲခဲ့သည်။ထိုပန်းချီကား ကိုမှီပြီး ဦးမြသောင်းမှ မဟာဗန္ဓုလ
မြင်းစီးကြေးရုပ်ကို သွန်းလောင်းခဲ့သည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် ဥပစာရှေ့တွင် ရှိသော ရတနာပုံခေတ်
ဟန် ကြေးခြင်္သေနှစ်ရုပ်ကို ဦးချစ်မှ သွန်းလုပ်ခဲ့သည်။လွတ်လပ်ရေးဗိသု ကာ၊
တပ်မတော်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကြီးများကို
လည်း တမ္ပ၀တီရပ်မှ ကြေးသွန်းပညာရှင်များ အသီးသီးတာဝန်ယူ
သွန်းလောင်းခဲ့ကြပြီး သမိုင်းဝင်ပုဂ္ဂိုလ် များ၏ ကြေးရုပ်များကိုလည်းကောင်း၊
သာသနာ့အာဇာနည် ဆရာတော်ကြီးများ၏ ပုံတူကြေးရုပ်ကြီးများ၊ သစ်သား
ပန်းပု၊ ပလာစတာပန်းပုရုပ်များကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
မြန်မာ့သမိုင်းတွင် ဘုန်းတန်ခိုးကြီးမားခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊
အလောင်းဘုရား၊ ကျန်စစ်မင်းတို့၏ ကြေးရုပ်များ ၊ မန္တလေးမြို့တည်နန်းတည်
ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင် မင်းတုန်းမင်းကြေးရုပ်စသည်များ ကို
နိုင်ငံတော်အတွက် အထင်ကရယဉ်ကျေးမှု ပီပီသသရဲရဲဝံ့ဝံ့လက်စွမ်းပြ
ခဲ့ကြသည်။
ထို့ကြောင့် မန္တလေး ချမ်းမြသာစည်မြို့နယ်မှ တမ္ပ၀တီသည် ထောင့်စုံ၊
ဘက်စုံ၊ ကဏ္ဍစုံ ဖြည့်ဆည်းပေးနေကြသော ရိုးရာပန်းပညာရှင်များ ပေါ်ထွန်း
ရာနယ်မြေဖြစ်သဖြင့် ပန်းတဉ်းပညာဖြစ်သော ကြေးသွန်း၊ကြေးခေတ်ပညာ
ရပ်များအား အမရပူရခေတ်၊ ရတနာပုံခေတ်မှစပြီး ဘိုးဘေးများ၊ ဆရာကြီးများ
၏ စွမ်းဆောင်ရည်ကို တန်ဖိုးထားသောအားဖြင့် ပညာရပ်များ မတိမ်ကောစေရန်
ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေလျှ က် ရှိကြသည်ဟု သိရသည်။
Kawlin Media Group
(စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့ပြနယ်နမိတ်အတွင်း
ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်တွင် အထွန်းကားဆုံးနှင့် အတွင်
ကျယ်ဆုံးပညာရပ်တစ်ခုဖြစ်သော မြန်မာရိုးရာ ပန်းပညာများထဲတွင်
ပန်းတဉ်းပညာရပ်အား လေ့လာသိရှိခွင့်ရရှိစေရန် ဆရာ ပေတလူ(ကာတွန်း)
မှ ကူညီပံ့ပိုးမှုဖြင့် တမ္ပ၀တီရပ်မှ ပန်းတဉ်းပညာရှင် ဆရာဦးနေ၀င်း(ဗန္ဓုလ
ကြေးသွန်း) နှင့် တွေ့ဆုံလေ့လာခွင့် ရရှိခဲ့သည်။
ပန်းတဉ်းပညာတွင် ကြေးသွန်း၊ ကြေးခေတ်ပညာရပ်(၂)မျိုး သတ်မှတ်
ထားရှိပြီး အသေးစားလုပ်ငန်း၊ အကြီးစားလုပ်ငန်း၊ အခတ်လုပ်ငန်းဟူ၍
တွေ့ရကြောင်း၊ အထည်သစ်၊ အထည်ကြီး ဟူ၍လည်း ခေါ်ကြသည်။
တုမ္ပ၀တီရပ်တွင် ပန်းတဉ်းတန်း၊ ကြေးသွန်းခတ္တန်းဟူ၍ အမည်များနှင့် ကြေး
သွန်းကြေးခတ်လုပ်ငန်းများသည် အမရပူရခေတ်၊ ဘိုးတော်မင်းတရား(ခ)
ဗဒုံမင်းသည် အမရပူရမြို့ကို သက္ကရာဇ်(၁၁၄၄)ခုနှစ်တွင် တည်ခဲ့သည်မှ
စတင်၍ ကြေးသွန်းရပ် ၊ခတ္တန်းရပ်များ ရှိခဲ့သည်ဟု သိရသည်။
ထိုရပ်ကွက်များသည် အမရပူနန်းမြို့တော်၏ တောင်ဘက်ရပ်တွင်
ယနေ့တိုင်ရှိနေပြီး တမ္ပ၀တီ/အ် အမည်ကိုလည်း ကြေးသွန်းရပ်၊ ခတ္တန်း
ခေါ်တွင်ခဲ့သည်။သက္ကရာဇ်၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းသည် နန်းမြို့တော်
ကို မန္တလေးတောင်အနီးတွင် ပြောင်းရွှေ့တည်ထားစံမြန်းခဲ့သည့
တမ္ပ၀တီရပ်သည် တောင်ပြင်ကြေးသွန်းခတ္တန်း ဖြစ်ခဲ့ရသည်။မင်းတုန်းမင်း
တရားသည် မန္တလေးရတနာပုံရွှေမြို့တော်ကြီး
နယ်နမိတ်များကို သတ်မှတ်ပြီး လမ်းများ၊ ရပ်ကွက်များကို အကွက်ချ၍
စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်။
ဝင်းများကို ဖွဲ့စည်းရာတွင် ဥပမာအားဖြင့် ပုလဲဝင်း၊လန်ဒန်ဝင်း၊
ကျောက်ဝင်း၊ဂုဏ်တန်ဝင်း၊ဦးကျား
များကိုလည်း လုပ်ကိုင်ကြသော လုပ်ငန်းရှင်များနှင့် လိုက်လျောညီထွေဖြစ်
စေရန် စာတိုက်တန်း၊ကမ္မ၀ါတန်း၊ သံထီးတန်း၊ ကျောက်ဆစ်တန်း၊ပန်းတဉ်း
တန်း၊ကြေးသွန်းခတ္တန်း ခေါ်တွင်ခဲ့သည်။
အမရပူရခေတ်တွင် ဘိုးတော်မင်းတရား(ခ)ဗဒုံမင်းလက်
" မင်းဖြူမှန်မှန်ပြော" သကေင်္တရှိ ကြေးပိဿချိန် ၅၅၅၅၅ ရှိသောခေါင်းလောင်း
ကြီးတစ်လုံး သွန်းလုပ်စေခိုင်းထားရှိခဲ့သည်။
ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်း
ပြည့်နှစ်တွင် သွန်းလောင်းခဲ့သည်။
ထို့အတူ ဘကြီးတော်စစ်ကိုင်းမင်း လက်ထက်တွင်လည်း သက္ကရာဇ်
၁၁၈၉ ခုနှစ်တွင် မဟာမေရုမကုဋဃဏ္ဍရာဇအမည်နှင့် ကြေးပိဿာချိန်
၁၅၀၀၀ရှိ ခေါင်းလောင်းကြီး တစ်လုံး သွန်းလောင်းခဲ့သည်။ထိုခေါင်းလော
ကြီးများ သွန်းလုပ်ခဲ့ကြသော ပန်းတဉ်းအစုသား မင်းမှုထမ်းတို့သည်ပင်လျှင်
မြို့ပြရွှေ့ပြောင်းရာတွင် ပါဝင်ခဲ့ကြပြီး တမ္ပ၀တီရပ်ကွက်ဖြစ်လာမည့် အရပ်
ဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်ဟု ယူဆရသည်။အဆက်အနွယ်များ
မှာလည်း ခေါင်းလောင်းလုပ်ငန်းကိုပင် ဆက်လက်လုပ်ကိုင်လျှက် ရှိသည်
ဟု ဆိုသည်။
မန္တလေးမြို့ပြနယ်နမိတ်ဝန်းကျင်
ရုပ်ထု၊ ရုပ်လုံးများ၊ ကြေးစည်ခေါင်းလောင်း၊မောင်း၊ဗု
များစွာ ရှိနေပြီဖြစ်သည်။ မဟာမုနိဘုရားကြီးတွင် အောင်ကျော်ဒေ၀ါ၊ အောင်
ကျော်ဇေယျာ နတ်ရုပ်ကြီးများ ငြိမ်းချမ်းသာယာချိန်တွင် ပိဿာချိန်၃၂၄၆
ပိဿာရှိ ကြေားစည်တော်ကြီးကိုလည်းကောင်း၊
ဓည၀တီရခိုင်ပြည်နယ်ဘက်မှ ရွှေမြို့တော်အရောက် သယ်ယူပင့်ဆောင်လာ
ခဲ့သော အိမ်ရှေ့မင်း သီရိဓမ္မဘိဇယ သီဟသူရပုံကြေးရုပ် စသည်တို့ကို
လည်းကောင်း လေ့လာကြည့်ရှုနိုင်ပေသည်။ထိြု့
ကြေးဆင်းတုတော်များ၊ စစ်ကိုင်းတောင်ပေါ်တွင်ရှိ ဗုဒ္ဓ ဆင်တုကြေးသွန်း
ရုပ်ပွားတော်ကြီးများနှင့် အခြားသော ကြေးသွန်းအရုပ်များကို တွေ့မြင်နိုင်
သည်ဟု သိရသည်။
စစ်ကြိုခေတ်တွင် ရေးဆွဲခဲ့ကြသော ပန်းချီဆရာကြီး ဦးဘမှန်၊
ဦးဘဖန်တို့၏ လက်ရာဖြစ်သည့် မဟာဗန္ဓုလမြင်းစီးပန်းချီကားကို
မန္တလေးနိပတ်တော်ရေး ဆရာအေး၏သား အလင်္ကာကျော်စွာမောင်မှ
အသစ်ရေးခွဲခဲ့သည်။ထိုပန်းချီကား
မြင်းစီးကြေးရုပ်ကို သွန်းလောင်းခဲ့သည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် ဥပစာရှေ့တွင် ရှိသော ရတနာပုံခေတ်
ဟန် ကြေးခြင်္သေနှစ်ရုပ်ကို ဦးချစ်မှ သွန်းလုပ်ခဲ့သည်။လွတ်လပ်ရေးဗိသု
တပ်မတော်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကြီးများကို
လည်း တမ္ပ၀တီရပ်မှ ကြေးသွန်းပညာရှင်များ အသီးသီးတာဝန်ယူ
သွန်းလောင်းခဲ့ကြပြီး သမိုင်းဝင်ပုဂ္ဂိုလ် များ၏ ကြေးရုပ်များကိုလည်းကောင်း၊
သာသနာ့အာဇာနည် ဆရာတော်ကြီးများ၏ ပုံတူကြေးရုပ်ကြီးများ၊ သစ်သား
ပန်းပု၊ ပလာစတာပန်းပုရုပ်များကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
မြန်မာ့သမိုင်းတွင် ဘုန်းတန်ခိုးကြီးမားခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊
အလောင်းဘုရား၊ ကျန်စစ်မင်းတို့၏ ကြေးရုပ်များ ၊ မန္တလေးမြို့တည်နန်းတည်
ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင် မင်းတုန်းမင်းကြေးရုပ်စသည်များ
နိုင်ငံတော်အတွက် အထင်ကရယဉ်ကျေးမှု ပီပီသသရဲရဲဝံ့ဝံ့လက်စွမ်းပြ
ခဲ့ကြသည်။
ထို့ကြောင့် မန္တလေး ချမ်းမြသာစည်မြို့နယ်မှ တမ္ပ၀တီသည် ထောင့်စုံ၊
ဘက်စုံ၊ ကဏ္ဍစုံ ဖြည့်ဆည်းပေးနေကြသော ရိုးရာပန်းပညာရှင်များ ပေါ်ထွန်း
ရာနယ်မြေဖြစ်သဖြင့် ပန်းတဉ်းပညာဖြစ်သော ကြေးသွန်း၊ကြေးခေတ်ပညာ
ရပ်များအား အမရပူရခေတ်၊ ရတနာပုံခေတ်မှစပြီး ဘိုးဘေးများ၊ ဆရာကြီးများ
၏ စွမ်းဆောင်ရည်ကို တန်ဖိုးထားသောအားဖြင့် ပညာရပ်များ မတိမ်ကောစေရန်
ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေလျှ
Kawlin Media Group
(စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
.jpg)
No comments:
Post a Comment