စိုင်းလူမင်း.........
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး
ပပျောက်ရေး စီမံချက်အရ အရှိန်အဟုန်မြင့်၍ မူးယစ်ဆေးဝါးများကို
ဖမ်းဆီးရမိခဲ့ကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိ
ရသည်။
ကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီးစိုးမြင့်က မြို့နယ်ရဲတပ်
ဖွဲ့မှူးများကို ညွှန်ကြား ၍ ကိုယ်တိုင်အနီးကပ် ကြပ်မတ်ဆောင်ရွက်
ခြင်း၊ ခရိုင်အဖွဲ့တို့ဖြင့် ပူးပေါင်းပြီး ကွင်းဆင်းဖမ်းဆီးခြင်းများအပြင်
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတင်ပြပြီး တိုင်းအထူး(မှု/ကူ)
အဖွဲ့များဖြင့် ပူးပေါင်း၍ ကသာခရိုင်အတွင်းရှိမြို့နယ် (၇)မြို့နယ်
ဖြစ်သော ကသာ၊အင်းတော်၊ ဗန်းမောက်၊ထီးချိုင့်၊ကောလင်း၊
ဝန်းသို
၊ပင်လည်ဘူးမြို့နယ်များသို့ ကွင်းဆင်းပြီး ဥပဒေနဲ့အညီ အရေးယူ
မှူများရှိခဲ့ရာ ကသာခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးများကို၂၀၁၁
ုခုနှစ်တွင် (၁၂၆)မှု၊၂၀၁၂ခုနှစ်တွင် (၁၈၂)မှု၊ ၂၀၁၃ခုနှစ်တွင်(၃၂၄)မှု
မဖ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကသာ
ခရိုင်ရဲတပ်ဖွင့်မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုပေါင်း (၃၂၄)မှု
နှင့်ပြစ်မှုကျူးလွန်သူ အမျိုးသား(၄၅၇)ဦး၊အမျိုးသမီး(၃၆)ဦးတို့ကို
အရေးယူနိုင်ခဲ့ပြီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစာရင်းမှာ ဘိန်းဖြူ
(၂.၁၈၆)ကီလိုဂရမ်၊ ဘိန်းမဲ(၂၄.၈၇၈၂)ကီလိုဂရမ်၊ခပ်ပုံ (၃၉.၈၅၆)
ဂရမ်၊စိတ်ကြွဆေးပြား(၂၅၆၇)ပြား၊(၂၅၆.၇)ဂရမ်ဖမ်းဆီးရမိပြီး၊
ကာလတန်ဖိုးငွေ(၂၉၉၄၅၀၉၃၃)ကျပ်နှစ်ထောင့်ကိုးရာကိုးဆယ့်
လေးသိန်းငါးသောင်းကိုးရာသုံးဆယ့်သုံး ဖြစ်ကြောင်းသတင်းရရှိသည်။
ယခုကဲ့သို့ ကသာခရိုင်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး
စီမံချက်အရ အရှိန်အဟုန်မြင့်၍ ဖမ်းဆီးမှုများပြားသည့်အတွက် မူးယစ်
ဆေးဝါးသုံးစွဲသူ၊ သယ်ဆောင်သူ၊ ရောင်းဝယ်သူများ လျော့နည်းသွား
ကြောင်း မြို့နယ်များရှိ ဒေသခံများ ပြောပြချက်အရ သိရသည်။
Kawlin Media Group
( စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး
ပပျောက်ရေး စီမံချက်အရ အရှိန်အဟုန်မြင့်၍ မူးယစ်ဆေးဝါးများကို
ဖမ်းဆီးရမိခဲ့ကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိ
ရသည်။
ကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီးစိုးမြင့်က မြို့နယ်ရဲတပ်
ဖွဲ့မှူးများကို ညွှန်ကြား ၍ ကိုယ်တိုင်အနီးကပ် ကြပ်မတ်ဆောင်ရွက်
ခြင်း၊ ခရိုင်အဖွဲ့တို့ဖြင့် ပူးပေါင်းပြီး ကွင်းဆင်းဖမ်းဆီးခြင်းများအပြင်
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတင်ပြပြီး တိုင်းအထူး(မှု/ကူ)
အဖွဲ့များဖြင့် ပူးပေါင်း၍ ကသာခရိုင်အတွင်းရှိမြို့နယ် (၇)မြို့နယ်
ဖြစ်သော ကသာ၊အင်းတော်၊ ဗန်းမောက်၊ထီးချိုင့်၊ကောလင်း၊
၊ပင်လည်ဘူးမြို့နယ်များသို့ ကွင်းဆင်းပြီး ဥပဒေနဲ့အညီ အရေးယူ
မှူများရှိခဲ့ရာ ကသာခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးများကို၂၀၁၁
ုခုနှစ်တွင် (၁၂၆)မှု၊၂၀၁၂ခုနှစ်တွင် (၁၈၂)မှု၊ ၂၀၁၃ခုနှစ်တွင်(၃၂၄)မှု
မဖ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကသာ
ခရိုင်ရဲတပ်ဖွင့်မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုပေါင်း (၃၂၄)မှု
နှင့်ပြစ်မှုကျူးလွန်သူ အမျိုးသား(၄၅၇)ဦး၊အမျိုးသမီး(
အရေးယူနိုင်ခဲ့ပြီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစာရင်းမှာ ဘိန်းဖြူ
(၂.၁၈၆)ကီလိုဂရမ်၊ ဘိန်းမဲ(၂၄.၈၇၈၂)ကီလိုဂရမ်၊ခပ်
ဂရမ်၊စိတ်ကြွဆေးပြား(၂၅၆၇)ပြား၊
ကာလတန်ဖိုးငွေ(၂၉၉၄၅၀၉၃၃)ကျပ်နှ
လေးသိန်းငါးသောင်းကိုးရာသုံးဆယ်
ယခုကဲ့သို့ ကသာခရိုင်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး
စီမံချက်အရ အရှိန်အဟုန်မြင့်၍ ဖမ်းဆီးမှုများပြားသည့်အတွက် မူးယစ်
ဆေးဝါးသုံးစွဲသူ၊ သယ်ဆောင်သူ၊ ရောင်းဝယ်သူများ လျော့နည်းသွား
ကြောင်း မြို့နယ်များရှိ ဒေသခံများ ပြောပြချက်အရ သိရသည်။
Kawlin Media Group
( စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com
No comments:
Post a Comment