For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 2 March 2014

ကိုးတောင်ဘို့ဒေသစွမ်းအင်ချွေတာသည့် ထင်းတစ်ချောင်းထိုး မီးဖိုကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာသည့်အတွက် အနယ်နယ်အရပ်ရပ်သို့ဈေးကွက်ထိုးဖောက်ရောင်းချလျှက်ရှိ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း......
   သစ်တောများပြုန်းတီးရခြင်းအကြောင်းအရင်းများမှာ စီးပွားဖြစ်သစ်ခုတ်ခြင်းနှင့်
လောင်စာမတွက် ထင်းအဖြစ်အသုံးပြုရန် ခုတ်ထွင်ခြင်းတို့မှာ အဓိကဖြစ်ပြီး
ထင်းလောင်စာအဖြစ် အများသုံးစွဲသူများမှာ ကျေးလက်ဒေသတွင် နေထိုင်ကြသူများ
သာ ဖြစ်သည်။
       ယခုအခါ သစ်တောများ တဖြည်းဖြည်းလျှော့နည်းလာခြင်းကို ကာကွယ်ပြီး
ရာရောက်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ကာကွယ်ပြီးသား
ဖြစ်နိုင်သည့် စွမ်းအင်ချွေတာ ထင်းတစ်ချောင်းထိုး မီးဖိုများကို စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်
ထုတ်လုပ်လျှက်ရှိရာ အဆိုပါမီးဖိုများကို ကန့်ဘလူမြောက်ပိုင်း ကျေးရွာ(၅၀)
ကျော်နှင့် ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း၊ အင်းတော်၊ဗန်းမောက်မြို့နယ်
ရွှေတော်ရွှေမှော်များမှ ၀ယ်ယူသုံးစွဲလျှက် ရှိကြောင်း သိရသည်။
     ထင်းတစ်ချောင်းထိုးမီးဖိုပြုလုပ်ရာတွင် သွပ်အသစ်/အဟောင်းများကို
(၁)ပေအ၀ိုင်း ပုံစံခွက်ဖြင့်ခွေ၍  ထင်းထိုးပေါက်နှင့် လေရှုပေါက်ဖောက်ကာ
လက်ကိုင်တပ်ပြီး ပြုလုပ်ရသည်။ထို့နောက် မီးလောင်သည့် စပါးခွံ
(စက်ဖွဲပြာ)နှင့်ဆား၊ သကြားတို့ကို အချိုးအစားလိုက်ရောစပ်၍  ရေနှင့်
သင့်တင့်အောင် စိုက်ရပါသည်။ထို့နောက် ၎င်းပစ္စည်းများကို ပုံစံခွက်ထဲတွင်
ထည့်ထောင်း၍  အလယ်မှ အပေါက်ဖောက်ကာ တူးရွင်းပြားဖြင့် ပုံဖော်ပြီး
နေလှမ်းရသည်။ထိုသို့ရရှိပြီးသော ပုံစံခွက်မီးဖိုများကို မိသားစု(၅)ဦးဖြင့်
လုပ်ကိုင်လျှက်ရှိရာ တစ်ရက်လျှင်မီဖို(၁၅)လုံး ပြီးစီးကြောင်း ကိုးတောင်ဘို့
ကျေးရွာ၊ကွန်းကုန်းရပ်မှ မီးဖိုထုတ်လုပ်သူ ဦးမြင့်မောင်ပြောပြချက်အရ သိရသည်။
      အဆိုပါမီးဖိုများကို ကိုးတောင်ဘို့ဒေသတွင် လွန်ခဲ့သည့်(၁၀)နှစ်ခန့်က
 စတင်လုပ်ကိုင်ခဲ့ရာ ထိုမီးဖိုများကို ကန့်ဘလူမြို့နယ်များရှိ ကျေးရွာများမှ
သုံးစွဲနေသည်ကို ယူနီဆပ်အဖွဲ့မှ ထိုထင်းတစ်ချောင်းထိုး မီးဖိုများကို ၀ယ်
ယူစမ်းသပ်ကြရာ စွမ်းအင်ချွေတာသုံးခြင်းကို များစွာအထောက်အကူ
ပြုသည့်အတွက် ၂၀၀၇ခုနှစ်ခန့်က သားငှက်ချပ်သင်းဘေးမဲ့တောဧရိယာ
ရှိ  ကျေးရွာများတွင် တစ်အိမ်တစ်လုံးနှုန်း လှုဒါန်းရန်အတွက် အလုံးရေ
(၁၀၀၀)ကျော် ၀ယ်ယူသုံးစွဲရာမှ ၂၀၀၈ခုနှစ်မှစတင်၍  ယနေ့အချိန်ထိ
ဒေသခံကျေးရွာများ တွင်တွင်ကျယ်ကျယ်ဖြစ်လာသည်ဟု ကိုးတောင်ဘို့
ကျေးရွာဒေသခံအချို့ထံမှ သိရသည်။
                                     Kawlin Media Group
                                       (စိုင်းလူမင်း-အယ်ဒီတာ)
                                      Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment