For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 3 March 2014

ရှမ်းပြည်နယ်ကလောမြို့နယ် ရွှေမင်းဖုန်းဒေသအတွင်းလုပ်ကိုက်လျက်ရှိသော အာရှကမ္ဘာမြေအကြီးစားစက်မှုနှင့် သတ္တုတူးဖေါ်ရေးကုမ္ပဏီ၏ နိုင်ငံတော်အားလိမ်လည်၍ ရွှေအကြီးအကျယ်တူးဖေါ်နေသည့်ကို အမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ အရေးယူမှုတစုံတရာမရှိသည့်အပြင် စာချုပ်များပြင်ဆင်ချုပ်ဆို >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၀.၂.၂၀၁၄ ရက်နေ့ ရှမ်းပြည်နယ်ကလောမြို့နယ်ရွှေမင်းဖုန်းဒေသအတွင်းလုပ်ကိုက်လျက်ရှိသော
(အာရှကမ္ဘာမြေအကြီးစားစက်မှုနှင့်သတ္တုတူးဖေါ်ရေးကုမ္ပဏီ)
သည်နိုင်ငံတော်အား
လိမ်လည်၍ရွှေအကြီးအကျယ်တူးဖေါ်နေပြီးအမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာနနှင့်
သက်ဆိုင်ရာတာဝန်ရှိသူတို့သည်လည်း
အရေးယူမှုတစုံတရာမရှိသည့်အပြင်
စာချုပ်များပြင်ဆင်ချုပ်ဆိုစေခြင်း ဖြင့်ကုမ္ပဏီအားကာကွယ်ပေးနေသည့်အတွက်ယင်းဒေသအတွင်း
ယခင်လုပ်ကိုင်စားသောက်ခဲ့သော
ဆင်းရဲနွမ်းပါးပြည်သူများမှာအလုပ်လက်မဲ့ဘ၀ဖြင့်
ဒုက္ခရောက်နေပြီးများစွာမကျေမနပ်ဖြစ်နေကြရ၍နိုင်ငံတော်သမ္မတထံသို့အသနားခံ စာတင်၍ကုမ္ပဏီအားအရေးယူပေးရန်နှင့်ပြန်လည်လုပ်ကိုင်ခွင့်ပြုပေးရန်တောင်းဆိုသွားမည်ဖြစ်ပြီးထူးခြားမှုမရှိခဲ့ပါက ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ကြောင်း။
ကုမ္ပဏီ၏ မတရားလိမ်လည်မှူများ
၁။ ကုမ္ပဏီသည် (၇.၁၂.၂၀၁၁) ရက်နေ့တွင် နိုင်ငံတောင်နှင့် ကြိုတင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး (၅)နှစ်သက်တမ်းတွင်ရွှေစင် (၂.၂၀၅၈) မက်ထရစ်တန် တစ်ရက်လျှင် ၁ပိဿာနှုန်းပေးသွင်းမည်ဆို၍ ဆင်းရဲသားပြည်သူများ၏လုပ်ကိုင်စားသောက်ရာနေရာများအားသိမ်းယူခဲ့သည်။
၂။ သိမ်းယူပြီးနိုင်ငံခြားသားတရုပ်ကုမ္ပဏီများနှင့် ပူးပေါင်း၍စက်ယန္တရားများဖြင့် (၁)နှစ်ကျော်လုပ်ကိုင်ပြီး ရွှေမပေးသွင်းပဲအမှတ်(၂)သတ္တုတွင်း ၀န်ကြီးဌာနသို့စမ်းသပ်ကာလဟုတောင်းခံခဲ့ရာ ဌာနမှလည်းခွင့်ပြုခဲ့သည်။
၃။ ဒေသခံများမှ ကုမ္ပဏီ၏ မတရားမှူ့များအား လွှတ်တော်အသီးသီးသို့တင်ပြခဲ့ရာ အမျိုးသားလွှတ်တော်သတ္တုနှင့် သယံဇာတရေးရာကော်မတီခန်းမဆောင်အမှတ် (I-17) (၂၃.၅.၂၀၁၃)ရက်နေ့ တွင် ကော်မတီလူကြီးများရှေ့တွင် ကုမ္ပဏီလူကြီးများနှင့်ဒေသခံများတွေ့ဆုံခဲ့ရာတွေ့ဆုံပွဲအပြီးတွင်ကော်မတီ၏မှတ်ချက်တွင်
ကုမ္ပဏီသည်များစွာလွဲမှားနေသည်ဟုပါရှိပြီး ကော်မတီမှ အဆင့်ဆင့်တင်ပြ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း မည်ကဲ့သို့တင်ပြ၍ မည်ကဲ့သို့အရေးယူဆောင်ရွက်ခဲ့ကြောင်း ယနေ့အချိန်ထိမသိရှိရပါ။ လွတ်တော်အသံသည် ပြည်သူ့အသံဆိုသည်မှာ ကလောမြို့အတွက်မပါဟုထင်ပါသည်။ ၄။ဒေသခံများသည်ကုမ္ပဏီ၏မှားယွင်းမှူ့များအားအချက်အလက်ပြည့်စုံစွာဖြစ့်တင်ပြခဲ့ကြပြီးမှားယွင်းကြောင်းထင်ရှားသော်လည်း အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနသည် ကုမ္ပဏီအား အရေးမယူပါ။ (၂၀၁၃ နိုဝင်ဘာ/ ၂.၃.၄) ရက်နေ့များတွင် အမှတ်(၂) သတ္တုတွင်း (ကယား၊ ရှမ်း၊ မန်း) မှ ဦးတင်ကြူးဦးဆောင်သောအဖွဲ့မှ ဒေသခံများအား (ဘာကြောင့်လက်မှတ်ထိုးရသလဲ) ခေါင်းစဉ်ပါမေးခွန်းများမေးမြန်းခဲ့ကြပါသည်။ ဆင်တကိုယ်လုံးပြထားပါလျက် ဆင်ခြေရာလာရှာခြင်းဟုယူဆပါသည်။
 ၅။ (၃.၂.၂၀၁၄) ရက်နေ့တွင် အမှတ်(၂) သတ္တုတွင်း (ကလော) တာဝန်ခံမှ ဒေသခံများအားတိုင်ကြားသူများအားပြန်လည်စီစစ်စဉ်တွင် ကုမ္ပဏီသည် ယခင်စာချုပ်ပါ တရက် ၁ ပိဿာအစား (တလလျှင်) (၆ပိဿာ ၂၀သား) နှူန်းဖြင့် စာချုပ်အသစ်ပြန်လည်ချုပ်ဆိုလိုက်ပြီ ဟုပြောကြားခဲ့ပါသည်။ တရားဝင်စာချုပ်ချုပ်ပြီးမှ အကြီးကျယ်လုပ်ကိုင်နေပြီး ရရှိသောရွှေများအားကိုယ့်ကျိုးအတွက်အသုံးပြုပြီး ယခုလိုအမျိုးမျိုးပြောင်းလဲနေခြင်းအားဌာနမှခွင့်ပြုချင်းသည် ဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းရ်ျ နိုင်ငံတော်အားလိမ်လည်နေခြင်းသာဖြစ်ပါသည်။
၆။ ကုမ္ပဏီသည် ယခုလည်းပညာရှ့င်ခေါ်ယူသည်ဟု အကြောင်းပြရ်ျ တရုတ်လူမျိုးများဖြင့်ပူးပေါင်းဆောင်ရွက်နေပြီး ဒေသခံလူအနည်းငယ်အားနာမည်ခံနိုင်ရုံလုပ်ကိုင်ခွင့်ပေးထားပြီး အများစုအားခွင့်မပြုပါသောကြောင့်ဒုက္ခရောက်နေသူ အလုပ်လက်မဲ့များစွာ မကျေမနပ်ဖြစ်နေရပါသဖြင့် ဆန္ဒဖေါ်ထုတ်ရန် အလိုရှိနေကြပါကြောင်း။
အများ၏ကိုယ်စား ကိုအောင်ကြိုင် ၁/က.မ.န(နိုင်)၀၃၉၇၈၃ အမှတ(်၈) ရပ်ကွက်၊ ကလောမြို့။ Ph: 0936209310။ ကိုထွန်းလွင် ၁၃/က.လ.န(နိုင်)၀၀၅၃၂၀ အမှတ် (၁၀)ရပ်ကွက်၊ ကလောမြို့။ Ph: 098357077။ သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။









>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment