For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 4 March 2014

ရွှေနှင့်ပြဒါးလူနှင့် ပတ်ဝန်းကျင် by စိုင်းလူမင်း.. >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း..........
စီးပွားရေးအရ ရွှေတူးတဲ့လုပ်ငန်းဟာ လိုလားအပ်တဲ့အရာတစ်ခုပါ
များများစားစားတူးလို့ရရင်တော့ ကောင်းပါတယ် သို့သော်လည်း တူးလို့
ရတဲ့ရွှေတန်းဘိုးနဲ့ရင်းနှီးမြှပ်နှံလိုက်ရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု
လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများ စတဲ့
တန်ဘိုးတွေက်ုနှိုင်းယှဉ် ချင့်ချိန်ပြီး လုပ်သင့်တယ်လို့ ယူဆရပါတယ်၊
ရွှေတူးဖော်လုပ်ငန်းတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်မှ ကြည့်
မယ်ဆိုရင်အဓိကပြနာတစ်ခုအနေနဲ့ မြင်နေကြတာပေါ့ အဲ့ဒါကြောင့်
သစ်တောတွေပျက်တယ် ရေမြေနှင့် ပတ်ဝန်းကျင်ကို ပြဒါးနဲ့ညစ်ညမ်း
စေသလို လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြောဆိုနေကြခြင်း
ဖြစ်ပါတယ်။
ရွှေလုပ်ငန်းနဲ့ပတ်သက်ပြီး ဗန်းမောက်မြို့နယ် ရွှေလုပ်ငန်းတွေကို
သွားရောက်လေ့လာတဲ့အခါမှ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက်ပိုင်း
ဗန်းမောက်မြို့နယ်ဟာ လွန်ခဲ့တဲ့(၆)နှစ်ခန့်ကစပြီး ရွှေတူးဖော်တဲ့
ကုမ္ပဏီတွေအများအပြား ရောက်ရှိလာပြီး ရွှေတူးဖော်ကြတဲ့အတွက် ယနေ့
တိုင် ရွှေထွက်တဲ့ဒေသဆိုပြီး ထင်ရှားနေဆဲပါပဲ ဒါကလည်း သမိုင်းကြောင်း
အရ လေ့လာသိရှိရသလောက် ပြောရမယ်ဆိုရင် ရှေးမြန်မာမင်းများလက်
ထက်က ဗန်းမောက်မြို့နယ်အတွင်းရှိတဲ့ မံအင်တွေဟာေ၇ွှအများဆုံး
ထွက်ရှိရာ နယ်မြေအဖြစ် ထင်ရှားခဲ့ပြီး ရှမ်းဘာသာစကားအရ မံအင်ဆို
သည်မှာ" ကြွယ်ဝသာယာသောနယ်မြေ "ဟု သိရှိရပါတယ် ယခုအခါ မော်ပုံ
အဆိုပြု ကြိုးပြင်ကွာကွယ်တောဖြစ်ပြီး အနောက်တော၊ အနောက်ကုန်း၊
အရှေ့ကုန်း၊ မင်းကုန်း၊မန်ကျည်းကုန်း၊ နောင်ကွတ်၊ နားနဲ့တွန်၊ နားပင်၊
နန့်ကျင်၊ မိုးဒေ၊ တုံပတစ်၊ နားစီမှော် စတဲ့ ကျေးရွာ(၁၂)ရွာပါဝင်ပြီး
မင်းကုန်းရွာပတ်ဝန်းကျင်မှာ အရည်အသွေးကောင်းတဲ့ ရွှေထွက်တာ
ကြောင့် အဲ့ဒီဧရိယာကို" ရွှေတော်ဧရိယာ" ဒေသခံများက ဆိုပါတယ်။
မံအင်းဒေသနဲ့ပတ်သတ်ပြီး ဒေသခံပြောပြချက်အရ ရှေးမြန်မာ
မင်းများလက်ထက်က ရွှေမှူးများခန့်ထားပြီး အဲ့ဒီ ရွှေမှူးများက ဒေသ
ထွက်ရွှေသားတွေကို အခွန်အဖြစ်ကောက်ခံပြီး ဘုရင်ထံဆက်သရကြောင်း
၊ထိုသို့ ရွှေသားအခွန်ပေးသွင်းမှသာ ရွှေကျင်ခွင့်ရရှိနိုင်ပြီး အဲ့ဒီလက်ထက်
ကမှ ဆက်လက်ပြီး အင်္ဂလိပ်အစိုးရလက်ထက်မှာလည်း ရွှေမှူးများက
စော်ဘွားများထံ ရွှေသားဆက်သရပြီး ရွှေကျင်ခွင့်ပြုကြောင်း ၊ထိုခေတ်မှ
လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်အစိုးရက ရွှေအတော် ကိုယ်စလှယ်
များထားရှိကာ သတ်မှတ်ဈေးနှုန်းနှင့် နှစ်စဉ်လျာထားချက်သတ်မှတ်လို့
ရွှေဝယ်ခဲ့ကြတယ်လို့ သိခဲ့ရပါတယ်။
ဗန်းမောက်မြို့နယ်ဒေသခံများဟာ တောင်သူလုပ်ငန်းလုပ်ကိုင်ကြရာမှ
အများစုဖြစ်ပြီး လယ်ယာလုပ်ငန်းအားတဲ့ အချိန်မှသာ ရွှေကျင်တဲ့လုပ်ငန်းကို
ခေတ်အဆက်ဆက်ချောင်းကြိုမြောင်းကြားတွေမှာ မိရိုးဖလာ ရွှေကျင်ဗန်း
(ဒေသအခေါ်အင်ဝိုင်း)များနှင့် တပိုင်တနိုင် ရွှေကျင်ကြရာကနေ ခေတ်
ကာလအလိုက် နည်းစနစ်များပြောင်းလဲလာပြီး လွန်ခဲ့တဲ့(၆)နှစ်လောက်က
စလို့ ရွှေတူးဖော်တဲ့ကုမ္ပဏီရောက်ရှိလာပြီး အင်အားကြီးတဲ့ စက်ယန္တရား
များကို အသုံးပြုလာကြသည်။
အခုဆိုရင် အဲ့ဒီနယ်မြေတွေမှာ ရွှေတူးဖော်နေကြတာ အတော်များများ
ရှိပါတယ် တစ်ချို့ကလည်း တရားဝင်ခွင့်ပြုဖြစ်သလို တစ်ချို့ကလည်း
တရားမ၀င်ဘူးလို့ ဒေသခံတွေက ပြောကြတယ် အဲ့ဒီတော့ ဘယ်ဟာမှန်
သလဲတော့ သေချာမသိပါဘူး သေချာတာတော့ ရွှေတူးဖော်တဲ့လူအားလုံးဟာ
ပြဒါး(မာကျူရီ)ကို သုံးပြီး ရွှေကိုဖမ်းယူနေကြတာတွေကို တွေ့ခဲ့ရတာပါဘဲ
ရောက်တုန်းရောက်ခိုက်မို့ လိုက်ပြီးလေံလာတဲ့အခါ ရွှေတွင်းတွေမှာ ပြဒါး
(မာကျူရီ)ကို စနစ်တကျကိုင်တွယ်ကာ၊ ချောင်း၊ မြောင်းတွေထဲမရောက်
အောင် ထိန်းသိမ်းမှုစနစ်တွေ မတွှေုခဲ့ရပါဘူး အဲ့ဒါကြောင့် ဖိတ်စင်ပြီး
ဘေးထွက်သွားတဲ့ ပြဒါး(မာကျူရီ) တွေ အားလုံးဟာ ရေထဲမြေထဲကို
ရောက်သွားပြီး အဲ့ဒီကနေတစ်ဆင့် လူတွေရဲ့ခန္ဓာကိုယ်ထဲကိုရောက်လို
ဒုက္ခပေးမှာကို သူတို့တွေ သိပုံရမယ် မထင်ပါဘူး။
ကျွန်တော်တို့ဆီမှာတော့ လောလောဆယ်အဲ့ဒီအတွက် လေ့လာမှု
တွေကို စနစ်တကျမလုပ်နိုင်သေးပါဘူး ဒါပေမဲ့ တစ်ခြားနိုင်ငံတွေမှာ
ကျွန်တော်တို့လိုပဲ အသေးစားရွှေတူးရင် ဘေးပတ်ကျင်ကို ပြဒါး(မာကျူရီ)
ယိုဖိတ်မှု ဘယ်လောက်ရှိလဲဆိုတာကို လေ့လာထားတာတွေ့ရှိရပါတယ်။
ဥပမာ-United Nations Industrisl Developmemt Organization(UNIDO)
ကဦးဆောင်ပြီး Amazon ဒေသ Upper Tapajos River Basin မှာ လေ့လာ
ထားတာတွေရှိရပါတယ် အသေးစားရွှေတွင်း (၂၄၅)ခုမှာ လူပေါင်း(၃)သောင်း
လောက်က (၁)နှစ်ကို ရွှေ(၃၅)တန်လောက် ထုတ်နိုင်ပါတယ် အဲ့ဒီလုပ်ငန်း
ကြောင့် အပေါ်ယံမြေလွှာ(၆၇)သန်းကုဗမီတာလောက် ရွှေ့ပြောင်းပျက်စီးပြီး
ရေ၊လေ၊မြေထုထဲကို ပြဒါး(၁၂)တ်လောက် ရောက်သွားတယ်လို့ဆိုပါတယ
် ပြဒါးအဆိပ်သင့်ရင် သန္ဓေသားဦးနှောက်ပျက်ပြီး ကိုယ်လက်အင်္ဂါချို့တဲ့
နိုင်ပါတယ် စိတ်ကြွရောဂါဖြစ်မယ် နာတာရှည်အားအင်ကုန်ခမ်းတာ မူးဝေ
အော့အန်တာတွေ ဖြစ်နိုင်ပါတယ် ပြဒါး(မာကျူရီ) အဆိပ်သင့်တာကို အချိန်မီ
သိဖို့ခဲယဉ်းတာကြောင့် အဆိပ်သင့်တာကြာရင် အသက်ဆုံးရှုံးနိုင်ပါတယ်လို့
ဆိုပါတယ်။
ရွှေတွင်းတွေကြောင့် မားလာတဲ့လူတွေအတွက် နေထိုင်စရာ သစ်ဝါးတွေ
ကို ထုတ်ယူကြလို့ ပတ်ဝန်းကျင် သစ်တောတွေကို ပိုပျက်စီးစေပါတယ် ဒါ့အပြင်
အားလုံးသိတဲ့အတိုင်း ပိုက်ဆံနည်းနည်းပေါလာရင် ခေါင်းထောင်လာတတ်တဲ့
မလိုလားအပ်တဲ့ လူမှုပြဿနာတွေ ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ပြောရမယ်ဆိုရင် တရားမ၀င် ရွှေတူးဖော်သူတွေများပြားလာသလို အဲ့ဒီရွှေမှော်
တွေကို အမှီသဟဲပြုပြီး မူးယစ်ဆေးဝါးရောင်းချသူတွေ သုံးစွဲသူတွေ များပြားလာ
တာကို ဒေသခံတွေ ပြောပြချက်အရ သိခဲ့ရပါတယ်။
ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ရွှေကိုသန့်စင်တာ(၉၉.၉၉)ရာခိုင်နှုန်း
အထိ သန့်စင်ရနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေသလို ရွှေကိုသန့်စင်ပြီးပြန်လဲ
နိုင်ငံခြားကို တင်ပို့ခွင့်မရသေးတာကြောင့် မထုတ်လုပ်နိုင်သေးဘူးဆိုတာကို ရွှေ
သန့်စင်လုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်ပြောဆိုနေကြတာပါပဲ အဲ့ဒီလို မသုံး
နိုင်ကြသေးတာကလဲ လုပ်ငန်းရှင်များအနေနဲ့ စက်ပစ္စည်း မှာယူတင်သွင်းတဲ့အ
တွက် ကုန်ကျစရိတ်ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ ၀ယ်လိုအားမရှိတဲ့ အခက်
အခဲတွေကြောင့် အခုလို အသုံးပြုနေတဲ့ ပြည်တွင်းနည်းပညာတွေနဲ့သာ ရွှေကို
ဖမ်းယူသန့်စင်နေရတာ ဖြစ်ပါတယ်။
လူသားအားလုံးဟာ အတ္တသမားတွေကြီးပါပဲ ကိုယ့်ရဲ့အနာဂတ်ရှင်သန်ရေး
အတွက် လုပ်နေကြတာပါ ရွှေတူးတာကမှ ကြီးပွားချမ်းသာရေးအတွက် အတ္တမ
ဟုတ်ပါဘူး ကမ္ဘာကြီးကျန်းမာစေဖို့ ကာကွယ်စောင့်ေ၇ှာက်တာကလည်း အတ္တ
ပါပဲ၊ ဆိုလိုတာက ကျွန်တော်တို့လူသားတွေ အမြဲအသက်ရှင်နေထိုင်ဖို့ အခြေခ
ံလိုအပ်တဲ့ သန့်ရှင်းကောင်းမွန်တဲ့ ရေ၊လေ၊မြေ တို့ရဖို့အတွက် ၀ိုင်းဝန်းပြီးလုပ်
နေကြတာပါ။ကျွန်တော်တို့အတွက် ကျွန်တော်တို့လုပ်နေတာလို့ ပြောရင်မမှား
ပါဘူး။ မျိုးဆက်သစ်တွေအတွက်လည်း အကျုံးဝင်ပါတယ် နောက်ဆုံးအနေနဲ့
အလွယ်ဆုံး ဥပမာပြောရရင် သစ်တောဦးစီးဌာနက လုပ်ဆောင်နေတဲ့ သဘာဝ
သစ်တောများ ထန်းသိမ်းရေးနှင့် သစ်တောများပြန်လည်တည်ထောင်စိုက်ပျိုးရေး
လုပ်ငန်းကို လေ့လာကြည့်မယ်ဆိုပါက သစ်တောတွေကြောင့် ရေကောင်းရေသန့်
ရတယ်ဆိုတာ လူတိုင်းသိသလောက်ပါပဲ အပေါ်ယံမြေဆီလွှာမဆုံးရှုံးရအောင်
လည်း ကာကွယ်ပေးတယ် ဒါ့အပြင် လူတို့အသက်ရှုဖို့ လိုအပ်တဲ့ အောက်စီဂျင်
ကို သစ်ပင်တွေကပဲ ထုတ်ပေးတာဖြစ်ပါတယ်။
ဒါကြောင့် သစ်ပင်သစ်တောတွေကို ထန်းသိမ်းပေးနေတဲ့ လူတွေအားလုံးကို
လည်း ကျေးဇူးတင်သင့်ပါတယ်၊မျိုးဆက်သစ်လူသားမျိုးနွယ်များအား ကောင်းမွန်
သောကမ္ဘာကြီးကို လက်ဆင့်ကမ်း ပေးနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်းစောင့်ရှောက်ရန် လူနိုင်းတွင် တာဝန်ရှိပါသည်။ယခုလိုရွှေသတ္တုတူးဖော်
မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအခြေအနေကို ခြုံငုံသုံးသပ်
မယ်ဆိုပါက ရွှေတူးဖော်ရာမှာအင်အားကြီးစက်ယန္တရားတွေနဲ့ အသုံးပြုလာတဲ့အ
တွက် အချိန်တိုအတွင်း သဘာဝအနေအထား ထိခိုက်ပျက်စီးမှု ကြီးမားသလို
ပြဒါး(မာကျူရီ)များ သုံးစွဲတဲ့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့လူနှင့်တိရစ္ဆာန်
ထိခိုက်ပျက်စီးမှု ကြီးမားနိုင်မှာဖြစ်ပါတယ်။
Kawlin Media Group
(စိုင်းလူမင်း-အယ်ဒီတာ)
Sailumin35@gmail.com


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment