For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday, 8 February 2014

အပြောင်းအလဲများကြားက ရဲတပ်ဖွဲ့ ၏ပြုပြင်စရာ (ရဲတပ်ဖွဲ့ဝင်များ၏နစ်နာမှုအရမ်းများလွန်းလိုပါ) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စီနီယာဆိုတာ ‘ အောင်ဆန်းကွင်း’ ထဲမှာ သာရှိတယ်။ အပြင်မှာ မရှိဘူးလို့ ‘ရဲ’ လောကမှာ ပြောခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ အကြီးအကဲတွေက ရဲတပ်ဖွဲ့ထဲမှာ                   ‘ စီနီယာ ’ ဆိုတာ ပြန်လုပ်ပြီး စေတနာကောင်းနဲ့ တိုးတက်အောင်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စီနီယာ လွဲချော်မှုတွေကြောင့် အကြီးအကဲတွေရဲ့ စေတနာ သဲထဲရေသွန်ဖြစ်ရ ပါတယ်။
        တပ်မတော်မှာ စစ်စည်းကမ်းဟာ ကြောရိုးဖြစ်ပါတယ်။ ကိုယ်ပိုင်နံပါတ်စီတဲ့နေရာမှာ စနစ်ကျလွန်းလို့ ကိုယ်ပိုင်နံပါတ်ကို ကြည့်ရုံနဲ့ ဘယ်အပတ်စဉ်ကဖြစ်တယ်၊ ဘယ်အဆင့်ထဲ ရောက်နေကြပြီ စသည်ဖြင့် အတိအကျ ပြောလို့ရခဲ့ပါတယ်။
        ရဲကျတော့ နဂိုကတည်းက အခြေခံကနည်း ၊ ဓါတ်ခံကညံ့ ၊ သမိုင်းကြောင်းက မကောင်း ဖြစ်ခဲ့ပါတယ်။ နောင်တော် တပ်မတော်လို စနစ်တကျ စည်းကမ်းကျအောင်လို့ ဆိုပြီး ကိုယ်ပိုင်နံပါတ်တွေနဲ့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ ရဲ့ အားနည်းချက်က ကိုယ်ပိုင်နံပါတ်ကို အရာရှိ/ အခြားအဆင့် စကတည်းက ခွဲခြားမပေးတာ အဓိကဖြစ်နေပါ တယ်။ အဲဒီတော့ ရဲတပ်သားနဲ့ စ၀င်တဲ့ တပ်ဖွဲ့ဝင်ရဲ့ ကိုယ်ပိုင်နံပါတ်ကစောပြီး အရာရှိ (တိုက်ရိုက်ဖြေ / ပြင်ပဘွဲ့ရ Codet. ) များကျတော့ ရဲဘော်ထက်တောင် အရာရှိ ကိုယ်ပိုင်နံပါတ်က နောက်ကျရတဲ့ အဖြစ် ဖြစ်ခဲ့ရတယ်။ အဲဒီမှာ အကြီးအကဲတွေက စေတနာ ဗလပွနဲ့ ရာထူး၊အဆင့်အတန်း တိုးမြှင့်ခြင်းကို ကိုယ်ပိုင်နံပါတ် ကြီးစဉ်အလိုက်/ အပတ်စဉ်ကြီးစဉ်အလိုက်လဲ တန်းစီရော ရဲတပ်သားနဲ့စ၀င်တဲ့သူက ရာထူးစောစော တိုးပြီး အရာရှိအပတ်စဉ် ကိုယ်ပိုင်နံပါတ်နောက်ကျသူတွေက နောက်ကျရတဲ့အပြင် အခုထိ ရာထူးတိုးမပါသေးတဲ့ မလိုလားအပ်စရာတွေ ဖြစ်နေပါတယ်။ တကယ်လုပ်ရမဲ့ အချက်(၃)ချက်က
        (၁)    အပတ်စဉ် ကြီးစဉ်ကိုကြည့်ရန်။
        (၂)    အရာရှိ စတင်ခန့်ထားသည့်ရက်စွဲနဲ့
        (၃)  ပြန်တမ်းဝင် စတင်ခန့်အပ်တဲ့ ရက်စွဲတွေနဲ့ ပြန်တိုက်ကြည့်ရင်း အဖြေမှန် တွေပေါ်မှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အကြံပြုတင်ပြလိုက်ရပါတယ်။
       
                                                                ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment