ကချင်ပြည်နယ်၊ နန်းမားမြို့လောကမာန်အောင်စေတီေ
တ်ာမြတ်ကြီးဓါတ်တော်ကွန့်မြူး သည်
ကချင်ပြည်နယ်သည် မြန်မာပြည်၏မြောက်ပိုင်းတွင်တည် ရှိပြီား မြေပုံအရ
ထိပ်ဆုံးမှရောက်ရှိနေသဖြင့် သဘာဝဘေး အန္တရာယ်နှင့်ကင်းဝေးပြီး
ရာသီဥတုသာယာသည့်ပြင် ခါကာဘိုရာဇီရေခဲတောင်အလှ မေခ ၊ မလိခ မြစ်ဆုံဒေသ
အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရား စသဖြင့် လှပသောတောတောင်သဘာဝများ
ခြံရံထားသည့် နည်းတူ ပြည်နယ်သူပြည်နယ်သားများ ရိုးသား၍
ဘာသာတရားအလွန်ကိုင်းရှိုင်းကြပါ သည်။
မိုးညှင်းခရိုင် မိုးညှင်းမြို့နှင့် (၅)မိုင်ဝေးသော
နန့်ပုတ်ကျေးရွာရှိ စေတီတော်ကြီးမှာ ယမန်နှစ်က ထူးကဲလှစွာ
ရောင်ခြည်တော်များကွန့်မြူးခဲ့ ပါသည်။ တဖန် မိုးညှင်းမြို့ရှိ
မြသိန်းတန်ဘုရားကြီးသည်လည်း ရောင်ခြည်တော်ကွန့် မြူးခဲ့ပါသည်။
ယခုအခါ မိုးညှင်းမြို့နှင့် (၈)မိုင်ဝေးသော နန်းမားကျေးရွာ
ရှမ်းစုရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိ သော
လောကမာန်အောင်စေတီတော်မြတ်၏ထီးေ တ်ာမှ ၁၃၇၅ ခနှစ် ပြာသိုလ္ဆုပ်(၉)ရက်
၂၄-၁-၂၀၁၄ နေ့ ညနေ (၄)နာရီနှင့် (၅)နာရီကြား အချိန်တွင်
စေတီတော်မှဓါတ်တော်မြူးသည်ကို လူအများမှ လက်ခံယုံကြည်ပြီး
လာရောက်ဖူးမျှော်သူများနှင့် များပြားလျက်ရှိပါသည်။
နေ့စဉ် နံနက် ၈း၃၀ နာရီအချိန်နှင့် (၁၁)နာရီ ညနေ
(၃း၃၀)နာရီအချိန်များတွင် ထီးတော်အထက်မှစကြာပုံကဲ့သို့ ရောင်စုံစမီး
ပန်းဆိုင်းပမာ အထက်အောက် ဖြာလျက်ပြိုးပြိုးပြက်ပြက် တလက်လက်ဖြင့်
သပ္ပါယ်လှစွာ ရောင်ခြည်တော် များကွန်မြူးဖြာထွက်နေပုံကို
တသက်တွင်တကြိမ်သာ အံ့မခန်းဖူးမြော်ကြည်ညိုခဲ့ရပါ သည်။
ဤလောကမာန်အောင်စေတီတော်မြတ်ကြီး သမိုင်းအကျဉ်းမှာ-
သက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် မိုးညှင်းမြို့နယ်၊ နန်းမားဒေသစိတ်
နန်းခမ်းရွာ အရှေ့မြောက်အရပ်ရှိ (လန်ကျီး) ခေါ်ရှမ်းရွာလေး၏ တောင်ဘက်
တောအုပ်အတွင်းမှ ညအခါ ရောင်ခြည်တော်များကွန့်မြူးသည် ကို
တဆင့်စကားတဆင့်ကြား၍ နန်းမားရှမ်းစုရပ်ကွက် ၊ ညောင်ကုန်းကျောင်း
(ညောင်ပင်ကုန်းကျောင်း) ဆရာတော် ဦုးသုဇာတသည် တပည့်ရဟန်းကျောင်းသား
လူထုနှင့်သွားရောက်၍ စေတီပျက်နှင့်တူသည့်တောင်ပို့အား တူးဖော်ကြရာ
ဓါတ်တော်နှင့်ဌါပနာပစ္စည်းများေ တွ့ရှိတူးယူခဲ့ကြပါသည်။
၎င်းဌါပနာပစ္စည်းများမှာ- ကောဇာသက္ကရာဇ် (၈၀၀)ကဗ္ဗည်းထိုးထားသော
ဥာဏ်တော်(၆)ပေခန့်ရှိ မုခ်(၄)မုခ်ပါသော ရွှေစေတီ၊ငွေစေတီ ၊
ရတနာများစီခြယ်ထားသည့် ဆင်းတုတော်များ ရွှေအိုး ၊ ငွေအိုး ၊ ရွှေပန်းခိုင်
၊ရွှေရထား၊ ငွေရထားနှင့်ရွှေဖြင့်ပြုလုပ် ထားသော
ရုပ်ပွားတော်ပေါင်း(၁၀၀၀)ကျော် ကို တူးဖော်ရရှိခဲ့၍
ကျောင်းတော်သို့ပင့်ဆောင်အပူဇော်ခံထားခဲ့ပါသည်
၁၂၇၂ ခုနှစ်တွင် ယခုစေတီတည်ရှိရာနေရာ၌ အုတ်မြစ်ချခဲ့ရာ မန်လည်ဆရာတော်
ဦုးဇ၀နကိုယ်တိုင် ကြွရောက်တော်မူခဲ့ပါသည်။
၁၂၈၃ ခုနှစ်တွင် ပထမအကြိမ် ဌါပနာပစ္စည်းများသွတ်သွင်းခဲ့ပြီး ၁၂၈၄
ခုနှစ်တွင် ဒုတိယအကြိမ် ဌါပနာ ပစ္စည်းများသွတ်သွင်းပူဇော်ခဲ့ပါ သည်။
၁၂၈၈ ခုနှစ်တွင် စေတီတော်ကြီးပြီးမြောက်၍ ထီးတော်တင်နိုင်ခဲ့ပါသည်။
၁၃၀၄ ခုနှစ်နောက်ပိုင်း(ဒုတိယ ကမ္ဘာစစ်အတွင်း ) စေတီတော်၏
ငှက်ပျောဖူးနှင့် ထီးတော်သို့ အရှေ့မြောက်အရပ်သို့ပြိုကျခဲ့ပါ သည်။
၁၃၃၆ ခုနှစ်တွင် စေတီတော်ကြီးအား ခြုံနွယ်များရှင်းလင်း၍
ထုံးသင်္ကန်းကပ်လှူခဲ့ပါသည်။
၁၃၃၉ ခုနှစ်တွင် ဆရာတော်ဦုးနာရဒမှ ဦးဆောင်၍
စေတီတော်ကြီးအားပြုပြင်ခဲ့ရာ ၁၃၄၀ ခုနှစ်
တပေါင်းလ္ဆုပ်(၇)ရက်နေ့မှ(၁၁)ရက် နေ့အထိ ပွဲလမ်းသဘင်များဖြင့်
ထီးတော်တင်လှူပွဲကျင်းပခဲ့ပါသည် ။
၁၃၆၈ ခုနှစ်တွင် ဆရာတော် ဦုးအာသဖ ဦးစီးလျှက် စေတီတော်တစ်ဆူလုံးအား
မှန်သင်္ကန်းများခွာချ၍ ရွှေသင်္ကန်းကို
လုံးတော်ပြည့်ပြန်လည်ပြုပြင်ကပ် လှူခဲ့ပါသည်။ ထိုအချိန်မှစ၍ လပြည့်
လကွယ်နေ့များတွင် ရှမ်းစု ရပ်ကွက်ရှိ တကာ တကာမများစုပေါင်းပြီး
စေတီတော်မြတ်ကြီးအား ဆီမီးပူဇော်ခြင်း၊ ဆွမ်းတော်ကပ်လှူခြင်း ၊
သံဃာတော်များအား ဆွမ်းကပ်လှူခြင်း ၊ပရိတ်တရားတော်များနာကြားခြင်း၊
ရွတ်ဖတ်ပူဇော်ခြင်းတို့ကို လစဉ်၊နှစ်စဉ် မပျက်ဆောင်ရွက်လျက်ရှိပါသည်။
လောကမာန်အောင်စေတီတော်မြတ်ကြီး၏ ဥာဏ်တော်အမြင့် (၅၅)တောင် ၊
ထီးတော်အောက်ခြေလုံးပတ် (၁၂)ပေ၊ ခေါင်းလောင်း(၁၈)လုံး၊ အရံစေတီ(၈)ဆူ ၊
ဖိနပ်တော်အလျား(၄၀)တောင် ရှိပြီး စေတီရံ(၃)ဆူမှလည်း
ဓါတ်တော်ကွန့်မြူးပါသည်။
ယခုတင်ပြသော လောကမာန်အောင်စေတီတော်မြတ်ကြီး အား ဖူးမြော်လိုပါက
မိုးညှင်းမြို့မှ (၈)မိုင်ကွာဝေး သော နန်းမားကျေးရွာ သို့ ကား /
မီးရထားဖြင့် အလွယ်တကူလာရောက်နိုင်ပါကြောင်းနှင့် ရောင်ခြည်တော်(၆)သွယ်
ကွန့်မြူးနေပုံကို ကိုယ်တိုင်ဖူးမြော်နိုင်ကြပါေ စရန် ဓါတ်ပုံများနှင့်တကွ
တင်ပြအပ်ပါသည်။
ဒေါ်ခင်လေးငယ်
ဆက်သွယ်ရေးစခန်းမှူး(အငြိမ်းစား )
ခေတ္တ ၊ နန်းမား
>>>>>>>>>>>>>>>>>>>>>
ကချင်ပြည်နယ်သည် မြန်မာပြည်၏မြောက်ပိုင်းတွင်တည်
ထိပ်ဆုံးမှရောက်ရှိနေသဖြင့် သဘာဝဘေး အန္တရာယ်နှင့်ကင်းဝေးပြီး
ရာသီဥတုသာယာသည့်ပြင် ခါကာဘိုရာဇီရေခဲတောင်အလှ မေခ ၊ မလိခ မြစ်ဆုံဒေသ
အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရား စသဖြင့် လှပသောတောတောင်သဘာဝများ
ခြံရံထားသည့် နည်းတူ ပြည်နယ်သူပြည်နယ်သားများ ရိုးသား၍
ဘာသာတရားအလွန်ကိုင်းရှိုင်းကြပါ
မိုးညှင်းခရိုင် မိုးညှင်းမြို့နှင့် (၅)မိုင်ဝေးသော
နန့်ပုတ်ကျေးရွာရှိ စေတီတော်ကြီးမှာ ယမန်နှစ်က ထူးကဲလှစွာ
ရောင်ခြည်တော်များကွန့်မြူးခဲ
မြသိန်းတန်ဘုရားကြီးသည်လည်း ရောင်ခြည်တော်ကွန့် မြူးခဲ့ပါသည်။
ယခုအခါ မိုးညှင်းမြို့နှင့် (၈)မိုင်ဝေးသော နန်းမားကျေးရွာ
ရှမ်းစုရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိ သော
လောကမာန်အောင်စေတီတော်မြတ်၏ထီးေ
၂၄-၁-၂၀၁၄ နေ့ ညနေ (၄)နာရီနှင့် (၅)နာရီကြား အချိန်တွင်
စေတီတော်မှဓါတ်တော်မြူးသည်ကို လူအများမှ လက်ခံယုံကြည်ပြီး
လာရောက်ဖူးမျှော်သူများနှင့် များပြားလျက်ရှိပါသည်။
နေ့စဉ် နံနက် ၈း၃၀ နာရီအချိန်နှင့် (၁၁)နာရီ ညနေ
(၃း၃၀)နာရီအချိန်များတွင် ထီးတော်အထက်မှစကြာပုံကဲ့သို့ ရောင်စုံစမီး
ပန်းဆိုင်းပမာ အထက်အောက် ဖြာလျက်ပြိုးပြိုးပြက်ပြက် တလက်လက်ဖြင့်
သပ္ပါယ်လှစွာ ရောင်ခြည်တော် များကွန်မြူးဖြာထွက်နေပုံကို
တသက်တွင်တကြိမ်သာ အံ့မခန်းဖူးမြော်ကြည်ညိုခဲ့ရပါ
ဤလောကမာန်အောင်စေတီတော်မြတ်ကြီး
သက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် မိုးညှင်းမြို့နယ်၊ နန်းမားဒေသစိတ်
နန်းခမ်းရွာ အရှေ့မြောက်အရပ်ရှိ (လန်ကျီး) ခေါ်ရှမ်းရွာလေး၏ တောင်ဘက်
တောအုပ်အတွင်းမှ ညအခါ ရောင်ခြည်တော်များကွန့်မြူးသည်
တဆင့်စကားတဆင့်ကြား၍ နန်းမားရှမ်းစုရပ်ကွက် ၊ ညောင်ကုန်းကျောင်း
(ညောင်ပင်ကုန်းကျောင်း) ဆရာတော် ဦုးသုဇာတသည် တပည့်ရဟန်းကျောင်းသား
လူထုနှင့်သွားရောက်၍ စေတီပျက်နှင့်တူသည့်တောင်ပို့အာ
ဓါတ်တော်နှင့်ဌါပနာပစ္စည်းများေ
၎င်းဌါပနာပစ္စည်းများမှာ- ကောဇာသက္ကရာဇ် (၈၀၀)ကဗ္ဗည်းထိုးထားသော
ဥာဏ်တော်(၆)ပေခန့်ရှိ မုခ်(၄)မုခ်ပါသော ရွှေစေတီ၊ငွေစေတီ ၊
ရတနာများစီခြယ်ထားသည့် ဆင်းတုတော်များ ရွှေအိုး ၊ ငွေအိုး ၊ ရွှေပန်းခိုင်
၊ရွှေရထား၊ ငွေရထားနှင့်ရွှေဖြင့်ပြုလုပ် ထားသော
ရုပ်ပွားတော်ပေါင်း(၁၀၀၀)ကျော်
ကျောင်းတော်သို့ပင့်ဆောင်အပူဇော
၁၂၇၂ ခုနှစ်တွင် ယခုစေတီတည်ရှိရာနေရာ၌ အုတ်မြစ်ချခဲ့ရာ မန်လည်ဆရာတော်
ဦုးဇ၀နကိုယ်တိုင် ကြွရောက်တော်မူခဲ့ပါသည်။
၁၂၈၃ ခုနှစ်တွင် ပထမအကြိမ် ဌါပနာပစ္စည်းများသွတ်သွင်းခဲ့ပြီ
ခုနှစ်တွင် ဒုတိယအကြိမ် ဌါပနာ ပစ္စည်းများသွတ်သွင်းပူဇော်ခဲ့ပါ
၁၂၈၈ ခုနှစ်တွင် စေတီတော်ကြီးပြီးမြောက်၍ ထီးတော်တင်နိုင်ခဲ့ပါသည်။
၁၃၀၄ ခုနှစ်နောက်ပိုင်း(ဒုတိယ ကမ္ဘာစစ်အတွင်း ) စေတီတော်၏
ငှက်ပျောဖူးနှင့် ထီးတော်သို့ အရှေ့မြောက်အရပ်သို့ပြိုကျခဲ့ပါ
၁၃၃၆ ခုနှစ်တွင် စေတီတော်ကြီးအား ခြုံနွယ်များရှင်းလင်း၍
ထုံးသင်္ကန်းကပ်လှူခဲ့ပါသည်။
၁၃၃၉ ခုနှစ်တွင် ဆရာတော်ဦုးနာရဒမှ ဦးဆောင်၍
စေတီတော်ကြီးအားပြုပြင်ခဲ့ရာ ၁၃၄၀ ခုနှစ်
တပေါင်းလ္ဆုပ်(၇)ရက်နေ့မှ(၁၁)ရက်
ထီးတော်တင်လှူပွဲကျင်းပခဲ့ပါသည်
၁၃၆၈ ခုနှစ်တွင် ဆရာတော် ဦုးအာသဖ ဦးစီးလျှက် စေတီတော်တစ်ဆူလုံးအား
မှန်သင်္ကန်းများခွာချ၍ ရွှေသင်္ကန်းကို
လုံးတော်ပြည့်ပြန်လည်ပြုပြင်ကပ်
လကွယ်နေ့များတွင် ရှမ်းစု ရပ်ကွက်ရှိ တကာ တကာမများစုပေါင်းပြီး
စေတီတော်မြတ်ကြီးအား ဆီမီးပူဇော်ခြင်း၊ ဆွမ်းတော်ကပ်လှူခြင်း ၊
သံဃာတော်များအား ဆွမ်းကပ်လှူခြင်း ၊ပရိတ်တရားတော်များနာကြားခြင်း၊
ရွတ်ဖတ်ပူဇော်ခြင်းတို့ကို လစဉ်၊နှစ်စဉ် မပျက်ဆောင်ရွက်လျက်ရှိပါသည်။
လောကမာန်အောင်စေတီတော်မြတ်ကြီး၏ ဥာဏ်တော်အမြင့် (၅၅)တောင် ၊
ထီးတော်အောက်ခြေလုံးပတ် (၁၂)ပေ၊ ခေါင်းလောင်း(၁၈)လုံး၊ အရံစေတီ(၈)ဆူ ၊
ဖိနပ်တော်အလျား(၄၀)တောင် ရှိပြီး စေတီရံ(၃)ဆူမှလည်း
ဓါတ်တော်ကွန့်မြူးပါသည်။
ယခုတင်ပြသော လောကမာန်အောင်စေတီတော်မြတ်ကြီး
မိုးညှင်းမြို့မှ (၈)မိုင်ကွာဝေး သော နန်းမားကျေးရွာ သို့ ကား /
မီးရထားဖြင့် အလွယ်တကူလာရောက်နိုင်ပါကြောင်းန
ကွန့်မြူးနေပုံကို ကိုယ်တိုင်ဖူးမြော်နိုင်ကြပါေ
တင်ပြအပ်ပါသည်။
ဒေါ်ခင်လေးငယ်
ဆက်သွယ်ရေးစခန်းမှူး(အငြိမ်းစား
ခေတ္တ ၊ နန်းမား
No comments:
Post a Comment