For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 1 May 2014

NDF မေးဒေးနေ့ကြေညာချက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
No-47,First Floor, West Horse Race Course road,nearTarmwe Circle, BoSeinmanQr, Bahan township,
Yangon, Myanmar    .  Phone : 09 4500 570 88          emailး  ndfmyanmar.hq @ gmail.com
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
(၁၁၄)နှစ်မြောက်   ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်
ကြေညာချက်အမှတ် ( ၃/၂၀၁၄ )
                    နှစ်ပေါင်း (၁၁၄) နှစ်ကြာတည်တံ့လာခဲ့သော ကမ္ဘာ့အလုပ်သမားနေ့သည် ယနေ့ ၂၀၁၄ ခု မေလ(၁) ရက်နေ့တွင် ဂုဏ်ယူဖွယ်ရာကျရောက်လာခဲ့ပေပြီ။ ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ဤကမ္ဘာအလုပ် သမားနေ့ကို နိုင်ငံတကာအလုပ်သမားထုကြီးအတွက် အလေးအနက်ခံယူပါသည်။ ၁၈ရာစုအတွင်း  စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်လာပြီးနောက် အရင်းရှင်စနစ်သည် အလုပ်သမားလူတန်းစားတို့အပေါ် အဓမ္မလုပ်အားခေါင်းပုံဖြတ်မှုများ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတစ်ခွင် ဖြန့်ကျက်ဖြစ် ပေါ်ခဲ့သည်။ အရင်းရှင်တို့သည် လူသားအချင်းချင်း ညှာတာမှုကင်းမဲ့စွာ အလုပ်ချိန်နာရီပေါင်းများစွာစေခိုင်း၍ လုပ်အားနှင့်မမျှသော လုပ်ခကြေးငွေဖြင့်စေခိုင်းခြင်း စသည့်လူမှုရေးနာကျင်မှုများကို  ခံစားရရှိစေခဲ့သည်။ ထို့ကြောင့်  စိန့်လူးဝစ်မြို့ အမေရိကန်အလုပ်သမားအဖွဲ့ချုပ် ညီလာခံကြီးက အလုပ်သမားလူတန်းစားတို့ ရသင့် ရထိုက်သော အလုပ်ချိန်အခွင့်အရေးဖြစ်သည့်   တစ်နေ့အလုပ်ချိန် ရှစ်နာရီရရှိရေးအတွက် ၁၈၉၀ခုမေ(၁)ရက် နေ့ကို တိုက်ပွဲဝင်နေ့အဖြစ်  ၁၈၈၉ခုနှစ်တွင်ဆုံးဖြတ်၍ သတ်မှတ်တောင်းဆို တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ ခေတ်ထိတိုင် သမိုင်းဝင်ခဲ့ပေသည်။
                    ထို့အတူ ၁၈၈၉ ခု ဇူလိုင်လတွင် ပဲရစ်မြို့၌ ကျင်းပသော ဒုတိယအင်တာနေရှင်နယ်ဖွဲ့စည်းရေး ပြင်ဆင်မှုအစည်းအဝေး ကလည်း မေလ(၁)ရက်နေ့ကိုပင် တညီတညွတ်တည်း သဘောတူသတ်မှတ်၍ နိုင်ငံအများကပါ လက်ခံကျင်းပခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်ခဲ့ပေသည်။ ယင်းသို့ဖြင့် တစ်နေ့ အလုပ်ချိန် ရှစ်နာရီရရှိရေးတိုက်ပွဲအဆင့်မှ  အရင်းရှင်တို့၏ သွေးစုပ်ချယ်လှယ်ခံဘ၀မှ အလုပ်သမား လွတ်မြောက်ရေးတိုက်ပွဲအဆင့်သို့ကူးပြောင်းကာ ကမ္ဘာ့ အလုပ်သမားနေ့အဖြစ်လည်းကောင်း၊ ကမ္ဘာ့အလုပ်သမားေ သွးစည်းညီညွတ်ရေးနေ့ အဖြစ်လည်းကောင်း၊ အလုပ်သမား များ၏တိုက်ပွဲနေ့ (မေဒေးနေ့) ဟူ၍ ပေါ်ပေါက်လာခဲ့ရသည်မှာ ကမ္ဘာ့အလုပ်သမားထုကြီး၏ သမိုင်းတွင် ဂုဏ်ရောင် ပြောင်ခဲ့ခြင်း မဟုတ်ပါလော။
          ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ကိုလိုနီအရင်းရှင်စနစ်ကြီးစိုးပြီးနောက် မြန်မာနိုင်ငံအလုပ်သမား   တို့မှာ ၁၉၃၇ ခုနှစ်အထိ သွေးစုပ် ချယ်လှယ်ခြင်း ခံခဲ့ကြရပေသည်။  သို့ဖြစ်ရာ အထင်ရှားဆုံးနှင့်အကြီးကျယ်ဆုံး အလုပ်သမားတိုက်ပွဲ အဖြစ်  ချောက်ရေနံမြေ အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ယင်းသပိတ်ကြီး တွင် ရေနံမြေအလုပ်သမားများသည် တောင်သူလယ်သမားများ၊ ကျောင်းသားများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့အထိ ချီတက်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံကြီးအဖြစ် ကျော်ကြားခဲ့ပြီး တောင်သူ လယ်သမား၊ အလုပ်သမားမဟာမိတ်ဖွဲ့စည်းမှုကြီး ဖြစ်ပေါ်လာခဲ့ပေသည်။ ဤသည်ကား မြန်မာနိုင်ငံတွင် ပထမဆုံးသော  မေဒေးနေ့ဟူ၍ ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်ပါသည်။
                    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ယနေ့ကာလအထိ  အလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ၊ အပြည့်အ၀ရရှိခံစားရမှုမရှိဘဲ  ဆုံးရှုံးနေရဆဲရှိနေပေသေးသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံရေးသို့ အကူးအပြောင်းကာလအဖြစ်  အများက မျှော်လင့်နေသည့် ယနေ့အချိန်တွင်ဖယ်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးတို့နှင့်အတူ အလုပ်သမားများ၏ အခွင့်အရေးကိုပါ ၀ိုင်းဝန်းကြိုးပမ်းကြရန် တာဝန်ရှိကြပေသည်။
                    ဤသို့ဆိုလျှင် ရှေ့အဖို့တွင် အလုပ်သမားတို့၏ အခွင့်အရေးကာကွယ်မှုအပါအ၀င်၊ အလုပ်သမားတို့၏ ဘ၀ အာမခံချက်ရရှိရေး၊ သက်သာချောင်ချိရေးတို့အတွက်  ခေတ်နှင့်လျှော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရေး တို့ကို အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဤ(၁၁၄)နှစ်မြောက်   ကမ္ဘာ့ အလုပ်သမားနေ့ကို ဂုဏ်ပြုလျှက် လေးနက်စွာအဓိဋ္ဌာန်ပြုကြေညာအပ်ပါသည်။

                                                                                ဗဟိုအလုပ်အမှုဆောင်ကော်မတီ
                                                                                အမျိုးသားဒီမိုကရေစီအင်အားစု
ရက်စွဲ။ မေလ(၁)ရက်၊ ၂၀၁၄    
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment