For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 April 2014

#ညောင် လေးပင် မြို့နယ်၊ YMBA အသင်းက ကြီးမှူးပြီး၊ ကဆုန် ညောင် ရေသွန်းပွဲ တော် ကျင်းပမည်။# ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


   ပဲခူးတိုင်း ဒေသကြီး၊ညောင် လေး ပင် မြို့က YMBA အသင်းကြီးဟာ၊လွတ်လပ် ရေးမရမီ အင်္ဂလိပ် ကိုလိုနီ ခေတ်၊(၁၉၀၇) ခုနှစ် ကစလို့၊သ န္ဓေ တည်ခဲ့ရာက၊ (၁၉၀၈) ခုနှစ်၊မှာ၊ တရားဝင် အတည်ပြု ဖွဲ့စည်းနိုင် ခဲ့ပါတယ်။မြန်မာတစ်ပြည်လုံးမှာ၊ ရန်ကုန်အသင်းချုပ်ကြီးပြီးရင် ၊ဒုတိယ မြောက် အသင်းခွဲဖြစ်ပါတယ်။
          အမျိုး ဘာသာ သာသနာ အတွက် တည် ထောင် ခဲ့တဲ့ သမိုင်းဝင် ညောင် လေး ပင် မြို့နယ် YMBA အသင်းကြီး ဟာ၊အမှု ဆောင် အဖွဲ့အဆက် ဆက်၊ကြိုးစား ထိမ်းသိမ်းခဲ့လို့ ယခုနှစ်ဆိုရင် (၁၀၆)နှစ် သက်တမ်းရှိခဲ့ပါပြီ။အသင်း စတည်ကထဲက ပြုလုပ်ခဲ့တဲ့ မြို့လုံးဆိုင် ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကိုလည်း၊ စစ်အတွင်း ကာလ ကလွဲပြီး၊မပျက် မကွက် ကျင်းပခဲ့တာ၊ယခုနှစ်ဆိုရင်(၉၅)
ကြိမ် မြောက်ရှိပါပြီ။ စူဠဘွဲ့နှင်းသဘင် အ နေနဲ့ စာ အောင် သံဃာများကို ဆက် ကပ်ခဲ့တာလည်း အကြိမ် (၃၀)ရှိခဲ့ပါပြီ။
          ယခု လက်ရှိ အမှု ဆောင် များလက် ထက် မှာ၊အသင်းကြီးရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ဘာသာ သာသနာ ပြန့်ပွါး ရေးအတွက်၊ဗုဒ္ဓဘာသာ သင် တန်းများ ဖွင့်လှစ် ဆောင် ရွက် ပေးခဲ့သလို၊ ၂၀၁၀ ၊ခုနှစ် ကစလို့  လပြည့် လကွယ် ရက်တိုင်းမှာ ညောင် လေး ပင် မြို့ ပေါ် ရပ်ကွက်များ၊မြို့နီးနားဝန်းကျင် ကျေးရွာများက၊ပရိတ် ဝတ်ရွှတ် အဖွဲ့ များကို၊အကြို အပို့၊ အ ကြွေး အ မွေး တာဝန်ယူ၊ဖိတ်ကြားပြီး ဝတ်ရွတ်ခဲ့တာ လည်း (၃၉)ကြိမ် ရှိပြီ ဖြစ်ပါတယ်။
          နှစ်စဉ် ကဆုန် လပြည့် ဗုဒ္ဓ နေ့  ည နေခင်းမှာ ကျင်းပ လောင်းလှူ နေကြမြို့လုံး ဆိုင် ရာ ဆွမ်း ဆန်စိမ်း လောင်းလှူပွဲကြီးကို ၊ ၁၃၇၆ခုနှစ်၊ကဆုန်လပြည့်(၁၃-၅-၂၀၁၄) အင်္ဂါ နေ့ ည နေ(၄)နာရီ မှာ စည်ကားသိုက်မြိုက် စွာ ကျင်းပမှာဖြစ်သလို၊ ကဆုန်လပြည့် နံနက်ခင်းမှာ၊ ""ကဆုန် ညောင် ရေသွန်းပွဲ တော်""ကြီး ကိုလည်း၊ ညောင် လေး ပင်  YMBA အသင်းကြီးက၊ ပထမ အကြိမ် အဖြစ်။စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။
          ကဆုန် ညောင် ရေသွန်းဖို့ အတွက်၊ အသင်းကြီးက  ညောင် ရေသွန်းအိုးများ ပရိတ်ပန်းများ အဆင် သင့် စီစဉ် ပေးထားမှာဖြစ်ပြီး၊လာ ရောက် ညောင် ရေသွန်းသူ များကိုလည်း ရိုးရာမပျက်၊ ထမင်းထုပ်များ ကမ်းလို့၊လှူဒါန်း မှာဖြစ်ပါတယ်။
          ဒါ ကြောင့်၊ ညောင် ရေသွန်းပွဲမှာ လာ ရောက်သွန်း လောင်းကြဖို့၊ဖိတ် ခေါ်အပ် သလို၊မြို့လုံးဆိုင် ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးမှာလည်း၊စေတနာ သဒ္ဒါ တရား ထက်သန်စွာနဲ့၊ လာ ရောက် လောင်းလှူကြဖို့၊ နှိုး ဆော်လိုက်ရပါတယ်။
                                                                              YMBA အမှု ဆောင် အဖွဲ့၊
                                                                             ညောင် လေး ပင် မြို့။
((ညောင် ရေသွန်း ပွဲ တော်နှင့်၊ဝေယျာ ဝစ္စ အတွက်၊ကြိုတင် လှူဒါန်း လိုသူများ အောက်ပါ ဖုန်း နံပါတ် များသို့၊ဆက်သွယ် လှူဒါန်းနိုင် ပါသည်။))
     ဦး သန်းကြွယ်          ၀၉ ၅၁၆၀၁၅၃
     ဦး ဝင်းကို                 ၀၉ ၃၁၁၈၅၀၀၅
     ဦး ဝင်းမြင့်               ၀၉ ၂၅၀၅၄၈၄၅၁
     ဦး ဝင်းမြင့်               ၀၉ ၃၁၄၈၁၆၄၇

No comments:

Post a Comment