For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 9 April 2014

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စကမြားကျေးရွာတွင် သက်ငယ်မုဒိန်းမှုတစ်မှုဖြစ်ပွါး ကျန်းမာရေးနှင့်စားဝတ်နေရေးများလည်း လိုအပ်နေ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စကမြားကျေးရွာတွင် သက်ငယ်မုဒိန်းမှုတစ်မှုဖြစ်ပွါးခဲ
့ပါသည်။ ကျူးလွန်ခံရသူကလေးငယ်သည် ယခုအချိန်တွင် အသက်(14)နှစ်(4)လ ဖြစ်ပြီး ကိုယ်ဝန်(6)လခန့် ရှိနေပါသည်။ ဆရာဝန်၏ပြောကြားချက်နှင့် ကလေးငယ်၏ ထွက်ဆိုချက်အရ စတင်ကျူးလွန်ခံရချိန်တွင် ကလေးငယ်၏အသက်မှာ (13)နှစ်(8)လ ဖြစ်ပါသည်။ ကလေးငယ်အား ဖြားယောင်းသွေးဆောင်၍ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း  ကလေးငယ်၏အသိတရားအားနည်းခြင်း  ကျောင်းမနေရခြင်း  မိဘများဆင်းရဲ၍ စောင့်ရှောက်မူ အားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ကိုယ်ဝန်(6)လခန့်အချိန်တွင် ပတ်ဝန်းကျင်မှစတင်သိရှိခဲ့ရခြင်းဖြစ်ပါသည်။ ကလေးငယ်၏တရားဝင်တိုင်ကြားမူစတင် ချိန်မှာ (17-3-2014)ရက်နေ့ဖြစ်ပြီး စကမြားကျေးရွာ အုပ်ချုပ်ရေးမူးရုံးတွင်ဖြစ်ပါသည်။ စကမြားရဲကင်းမှ အမူဖွင့်လှစ်ပေးနိုင်ခြင်းမရှိ၍ (18-3-2014)ရက်နေ့တွင် မြောင်မြမြို့သို့ရောက်ရှိနေသော ရန်မနိုင်ရဲစခန်း စခန်းမူးထံ သွားရောက်၍အမူဖွင့်လှစ်ခဲ့ရာ အသက်ထောက်ခံစာမရှိ၍ အမူဖွင် မရနိုင်ကြောင်း  တရားခံဖြစ်သူမှာ စကမြားကျေးရွာတွင်ရှိနေပြီး  ထွက်ပြေးတိမ်းရှောင်သွားနိုင်ကြောင်း ပြောကြားသော်လည်း စိတ်မပူရန်နှင့် စကမြားရဲကင်းမှ နယ်ထန်းများအား စောင့်ကြည့်တာဝန်ပေးထားကြောင်း ရန်မနိုင်စခန်းမူးမှ ပြောကြားခဲ့ပါသည်။ ထိုနေ့မှာပင် ဆေးစစ်န်လိုအပ်ပါသလားဟု ရန်မနိုင်စခန်းမူးအားမေးမြန်းရာ စစ်နိုင်လျှင် စစ်ထားရန်ပြောကြား၍ မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ခံယူရန်သွားရောက်ရာ ဆေးရုံမှတာဝန်ရှိ ဆရာမမှ ရဲလုပ်ငန်းဖြစ်၍ရဲဝန်ထမ်းပါမှစစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသဖြင့် စကမြားရဲကင်းမူးထံ ပြန်လည်အကူအညီတောင်းခံ၍ဆေးစစ်ခဲ့ရပါသည်။ ဆက်လက်၍အမူဖွင့်လှစ်နိုင်ရန်အတွက် ကျောင်ထောက်ခံစာအား ကလေးငယ် (3)တန်းအထိ ပညာသင်ကြားခဲ့သော မြစ်ကျိုးကြီးကျေးရွာ ကျောင်းအုပ်ဆရာမကြီးထံတွင် တောင်းခံခဲ့ရာ ညနေ(6)နာရီတွင် ရှိခဲ့ပါသည်။ ရှိသည့်ထောက်ခံစာအား စကမြားရဲကင်းမူးထံ ကိုယ်တိုင်ပေးပို့၍အမူဖွင်ပေးရန်ပြောဆိုသောအခါ အမူဖွင့်ပေးနိုင်ခြင်းမရှိကြောင်းသိရပါည်။ (19-3-2014)ရက်နေ့တွင် စကမြားကျေးရွာသို့ ရန်မနိုင်စခန်းမူးကိုယ်တိုင်လာရောက်၍အမူဖွင့်လိမ့်မည်ဟု ပြောဆိုပါသည်။ (19-3-2014)ရက်နေ့နံနက်(10)နာရီခန့်တွင် ရန်မနိုင်စခန်းမူးရောက်ရှိလာချိန်၌ တရားခံမှာ ညကတည်းက ထွက်ပြေးသွားပါသည်။ ရန်မနိုင်စခန်းမူးမှ ကလေးငယ်အားစစ်ေး၍အမူဖွင့်သည်ဟု ပြောဆိုပြီး ပြန်သွားပါသည်။ ထိုအချိန်မှစ၍ကာယကံရှင်မိသားစုမှာ အမူနှင့်ပတ်သက်၍ တစုံတရာ သိရှိရခြင်း မရှိတော့ပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်မနိုင်တိုက်နယ်တာဝန်ခံ ကိုနေလင်းအား ဆက်လက်၍အကူအညီတောင်းခံထားရပါသည်။ကလေးငယ်၏ကျန်းမာရေးနှင့်စားဝတ်နေရေးများလည်း လိုအပ်နေပါသည်။ သို့ဖြစ်ပါ၍သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် သတင်းပေးပို့တင်ပြအပ်ပါသည်။
>ကျူးလွန်ခံရသူကလေးငယ်၏ကိုရေးအကျဉ်း
>အမည်              မခင်ဖြူစင်
>အသက်             (14)နှစ်(4)လ/2014
>မွေးသက္ကရာဇ်       3-1-2000
>လူမျိုး  ဘာသာ       ဗမာ   ဗုဒ္ဒ
>ပညာအရည်အချင်း      (4)တန်း
>မိဘ                     ဦးတင်ထွေး   ဒေါ်အေးမြင့်
>နေရပ်           စကမြားကျေးရွာ မြောင်မြမြို့နယ်
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment