For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 11 April 2014

သီပေါမြို့နယ်တွင် ဘုရားရုပ်ပွားတော် အလှူနှင့်ရှင်ပြုနားသ အလှူမင်္ဂလာကျင်းပ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



ဘုရားဆင်းတုတော်မရှိသေးသောဒေသအတွက် ဘုရားရုပ်ပွားတော်အလှူနှင့်ရှင်ပြု-  နားသ မင်္ဂလာအလှူမင်္ဂလာအခမ်းအနားကိုသီပေါမြို့ မြို့လယ်ရွှေစေတီကျောင်းတိုက်တွင်  ဧပြီ၉ရက်က  ရိုးရာရှမ်းယဉ်ကျေးမှုအစဉ်အလာ  များဖြင့်စည်ကားစွာကျင်းပခဲ့ကြသည်။
    အဆိုပါ အလှူတော်မင်္ဂလာများကိုသီပေါမြို့မြို့လယ်ရွှေစေတီကျောင်းတိုက်  ဆရာတော်  ဘဒ္ဒန္တကောလိန္တသာရ (နိုင်ငံတော်ဗပျိုသံဃာ့ဝန်ဆောင်)နှင့်နှစ်ဖက်သော  မိဘများ၊ဆွေတော်  မျိုးတော်များအားအမှူးထား၍သီပေါမြို့ရတနာသိန်းထိုက်အောင်၊  မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဠေ  ထီဆိုင်မှအလှူ့ဒါယကာ ဦးစိုင်းကျော်မြင့်-          ဒေါ်နန်းမြတ်မြတ်ထွေး၊  မူဆယ်မြို့၁၀၅မိုင်နေစိုင်းသီဟ၊  နန်းထွေးထွေးနှင်း(ခ)နန်းအေးဟွမ်၊  သီပေါမြို့ ဟော့ရှင်းကဖေး ကိုစိုးစိုး၊နန်းစမ်နှောင်း  မိသားစုတို့ကတူညီသည့်စေတနာ  သဒ္ဓါတရားဖြင့်  ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
     အစီအစဉ်အရ သက်ဆိုင်ရာသားသမီးမြေးရတနာများအားရှင်ပြုမင်္ဂလာနှင့်နားသ  မင်္ဂလာများဆင်ယင်ကျင်းပပြီး၊ဝေးလံခေါင်သီ၍သွားလာမှုခက်ခဲ့သည့် သီပေါမြို့နယ်၊      နားမခေါ်ကျေးရွာအုပ်စုကုန်းဆော့ကျေးရွာမှဒေသခံဗုဒ္ဓဘာသာဝင်တိုင်းရင်းသားများ  ကိုးကွယ်ပူဇော်နိုင်ရန်အတွက်ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်မြတ်(၁၁)ဆူကို အလှူရှင်    များနှင့်ကုန်တင်ယာဉ်ကြီးများအဖွဲ့က အခမ်းအနားဖြင့်ပင့်ဆောင်ကာသွားရောက်လှူဒါန်း    ပူဇော်ပေးခဲ့ကြသည်။ ။    သီပေါကိုလတ်
    
 သီပေါကိုလတ်                                                                                                  မြို့နယ်စာရေးဆရာအသင်း
  သီပေါမြို့
 ဖုန်း ၀၉-၄၀၃၇၀၈၈၉၇
 

No comments:

Post a Comment