For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 28 April 2014

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပေါများနေခြင်းအား တားဆီးပေးစေလို ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများမှာ အမတန်မှ
ဆိုးဝါးနေပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိန်း
ရေးနှင့် သစ်တောဦးစီးဌာနအနေဖြင့် ထိရောက်ဟန့်
တားလာခဲ့တဲ့ ဆောင်ရွက်မှုများ  လုပ်ရန်အားနည်း
ပါသည်။ များပြားစွာသော ဒေသခံပြည်သူများမှာ
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ရေရှား
ပါးမှု ၊ အပူဒဏ်လွန်ကဲစွာခံနေရမှု မိုးတွင်းကာလတွင်
 ရေကြီးမှုဒဏ်များ ခံရ၍  အသက်အန္တရာယ်စိုးရိမ်နေ
ရသလို နိုင်ငံတော်အနေဖြင့်လည်း အဖိုးတန်သစ်များ
 ဆုံးရှုံးခြင်း၊ မြေဆီမြေနှစ်များ ဆုံးရှုံးခြင်း မြေအောက်
 သယံဇာတ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေရပါသည်။
         သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့်
 ပြည်သူများ၏ အသက်အန္တရာယ်များ အကျိုးစီးပွားများ
အနာဂတ်အတွက် တိုင်းပြည်ကို ဦးဆောင်မည့် မျိုးဆက်
သစ်လူငယ်လေးများ၏  ပညာရေးပါဆုံးရှုံးစေပါသည်။
 သစ်ပင်တစ်ပင်ကို ခုတ်လှဲဖြတ်ရသည်မှာ စက္ကန့်၊ မိနစ်
ပိုင်း နဲ့ ရပေမဲ့ သစ်ပင်တစ်ပင်နှင့် ဖြစ်ထွန်းဖို့မှာ ဆယ်
စုနှစ်ကြာ စောင့်ရပါသည်။
      ကျွန်တော်တို့ရဲ့ ယနေ့ခေတ်မှာ သဘာဝပတ်ဝန်း
ကျင် ဒီလိုပျက်စီးဆုံးရှုံးနေသည်ကို အချိန်မှီ မထိန်းသိမ်း
ပါက နောင်လာနောက်သား သမီးများ ခေတ်မှ ရေဆိုတာ
မမြင်ရလောက်အောင် ရှားပါး သေချာနိုင်ပါသည်။ သဘာဝ
ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုဟာ မည်သို့မှ  ကောင်းကျိုး
မပေးနိုင်၍  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဖြင့်
ကောင်းကျိုးများ ဖြစ်ထွန်းစေချင်ပါသည်။ ပြည်သူနဲ့တိုင်း
ပြည် အကျိုးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်လိုက
် ထိရောက်စွာ တားဆီးလုပ်ဆောင်ပေးစေချင်ပါသည်။
      တစ်ဦးတစ်ယောက် ကိုယ်ကျိုးအတွက် မဟုတ်ပါ ထို
နည်းတူ တိုင်းပြည်နှင့် ပြည်သူအတွက် မကြည့်ဘဲ မိမိကိုယ်
ကျိုးအတွက် သာကြည့်ပြီး ပါဝင်ပတ်သတ်သည့် အောက်ခြေ
ရှိ သက်ဆိုင်ရာ ၀န်ထမ်းများကိုလည်း ပွင့်လင်းမြင်သာစွာ
ပြည်သူကို အသိပေးစေချင်ပါသည်။ယခုအချိန်ကာ
လတွင်
အချိန်မှီ မတားဆီးနိုင်ပါက  ရင်လေးစရာကောင်းပါသည်။
       ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရေးတွင် သစ်တောဦးစီး
ဌာန သစ်တောရဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ဟန်ချက်ညီ
ညီဖြင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု မြင်ပါသည်။ထို့အတူ
 မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အရှိန်ဟုန်ကောင်းနေ
သည့် လောင်းကစားမှုများမှာလည်း ပြည်သူအပေါ် အန္တရာယ်
တစ်ခုကျရောက်နေပါသည်။
       သမ္မတကြီး ဦးသိန်းစိန်မှလည်း ဆင်းရဲနွမ်းပါးမှု
ပပျောက်ရေးကို ဆောင်ရွက်နေသော်လည်း ထိုဆင်းရဲနွမ်းပါးမှု
 ပပျောက်ရေးသည် ပြည်သူဆီ အရောက်ပို့ပေးရန် အားနည်း
နေသည်ဟု မြင်မိပါသည်။ နယ်မြေခံ တာဝန်ရှိသူများမှာ
သမ္မတကြီး၏ ဦးဆောင်လမ်းညွှန်မှုကို ဥပက္ခာပြု၍  လောင်း
ကစားမှုများကို မျက်ကွယ်ပြုခြင်းပါဝင်ပတ်သတ်ခြင်း အဂတိ
တရားလိုက်စားခြင်းများ ပြုလုပ်နေသည်ကိုတွေ့ရပါသည်။
ထိုလုပ်ငန်း(ခရိုနီ)များသည် သက်ဆိုင်ရာသို့ အခကြေးငွေပြီး
မှ လုပ်ရပါသည် နောက်ဆုံး အဖမ်းခံရမည်ဆိုရင် ပြည်သူသာ
ဖြစ်နိုင်ပါသည်။မည်သို့ပင်ဆိုပါစေ လောင်းကစားမှုများ ထိုသို့
ပေါများခြင်းသည် မလိုလားအပ်သော ပြဿနာဖြစ်နိုင် သည့်
အပြင် ပြည်သူများ၏ ဘ၀ပေါင်းများစွာပါ ဆိုးကျိုးများဖြစ်စေ
ပါသည်။ ထို့ကြောင့် ပြည်သူအရေး ရင်လေးရပါ၍ တာဝန်ရှိ
သူများအနေဖြင့် ကူညီစောင့်ရှောက် တားဆီးပေးစေလိုပါသည်။
                                                 နန္ဒ (တစ်ကိုယ်တော်)
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment