For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

မြ၀တီခရိုင် NDF မှ ရင်သားကင်ဆာရောဂါသည်အား ထောက်ပံ့ငွေပေးအပ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် (  ၁၄-၂၀၁၄)
ရက်စွဲ။၂၀-၄-၂၀၁၄

မြ၀တီခရိုင် NDF မှ ရင်သားကင်ဆာရောဂါသည်အား  ထောက်ပံ့ငွေပေးအပ်
         ဖေစ်ဘုတ်ပေါ်တွင် အကူအညီတောင်းခံနေသော ရင်သားကင်ဆာဝေဒနာရှင်အတွက် မြ၀တီခရိုင် NDF ပါတီဝင်၏ စုပေါင်းထောက်ပံငွေပေးအပ်ပွဲကို ၂၀-၄-၂၀၁၄ ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီတွင် အနောက်မြင်းပြိုင် ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
         ထိုထောက်ပံ့ငွေပေးအပ်ပွဲသို့ ဝေဒနာရှင် ဒေါ်အေးအေးမြင့်၊ ကူညီဆောင်ရွက်ပေးနေကြသူများဖြစ်သော ဒေါ်မာမာဝင်း၊ ဒေါ်ယမင်းနှင့် မရတနာသန့်ခြူးကျော်၊ NDF ပါတီဒုခေါင်းဆောင် ဦးတိုးပို၊  အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးအောင်ဇင်နှင့် ဒေါ်တင်နွယ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ဦးတိုးတိုး၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်မော်၊ ကရင်ပြည်နယ်တာဝန်ခံ ဦးအောင်ဝင်းလှိုင်၊ မြ၀တီခရိုင်စည်းရုံးရေးမှူး ဦးခွန်ရွှေကြည်နှင့် ဦးမြင့်သိန်းတို့ တက်ရောက်ခဲ့ကြသည်။
         ကရင်ပြည်နယ်တာဝန်ခံ ဦးအောင်ဝင်းလှိုင်က အင်တာနက်မှတဆင့် မြင်တွေ့ရသော ဒေါ်အေးအေးမြင့် ၏ ရင်သားကင်ဆာဖြစ်နေမှုကို အကူအညီပေးရန်အတွက် မြ၀တီခရိုင်ရှိ ပါတီဝင်များ၏ စုပေါင်းထည့်ဝင်သော ထောက်ပံ့ငွေ ကျပ် ခြောက်သိန်းကို ဝေဒနာရှင် ဒေါ်အေးအေးမြင့်အား ပေးအပ်ခဲ့ပြီး  ယခုလို အကူအညီပေးအပ် ရန် ဖြစ်ပေါ်လာသော အခြေအနေများကို ရှင်းပြခဲ့သည်။
         ထို့နောက် ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်တင်နွယ်ဦးနှင့် ဦးအောင်ဇင်၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်မော်တို့က ဤကဲ့သို့ ကူညီဆောင်ရွက်ခွင့်ရရှိသဖြင့် ပါတီအနေဖြင့် အထူး ၀မ်းမြောက်မိကြောင်းနှင့် ဝေဒနာရှင်အား စိတ်ဓာတ်မကျရန်အတွက် ဆေးရုံတွင်ေ သဘေးမှကျော်လွန်ခဲ့ရသော မိမိတို့၏ အခြေအနေများကို ဒေါ်တင်နွယ်ဦးနှင့် ဒေါ်မြင့်မြင့်မော်တို့မှ ပြောကြားပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
         ထို့နောက် လူနာအား ကူညီဆောင်ရွက်ပေးနေသော မရတနာသန့်ခြူးကျော်က မိမိတို့ ဆောင်ရွက်ပေး နေမှုအခြေအနေများကို တင်ပြကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဝေဒနာရှင် ဒေါ်အေးအေးမြင့်မှလည်း အကူအညီပေးသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောကြားကာ အလှူရှင်များအား ကာယကံမြောက် ကန်တော့ခဲ့သည်။
         ဒေါ်အေးအေးမြင့်သည် အသက် ၃၇ နှစ်ရှိပြီး ကင်ဆာရောဂါကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ရန်ကုန် ဆေးရုံကြီးတွင် စတင်ပြသ၍  ပြင်ပလူနာအဖြစ် ကုသခဲ့သည်။  ယုဇန(၆)လမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ ပုလဲ မြို့သစ်၊ မဂ်လာဒုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆေးကုသရေးအတွက် သွားလာစရိတ်များကို အကုန်အကျ မခံနိုင်တော့သဖြင့် ဆေးရုံကြီးတွင် တက်ရောက်ကုသလိုသူလည်း ဖြစ်သည်။ လာမည့် ၂၂-၄-၂၀၁၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါကျုံ့စေရန်အတွက် ဆေးသွင်းရမည် ဖြစ်သည်။
         အကူအညီပေးလိုသူများအနေဖြင့် မရတနာသန့်ခြူးကျော်၊  ဖုန်းနံပါတ် ၀၉၄၃၀ ၂၅၀၅၅ နှင့် အီးမေလ်း  chyu.chyu06@ gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 



>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment