စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင်
ဧပြီလအတွင်း ရေတွင်း ရေကန်များ ခန်းခြောက်လာ
သည့်အတွက် သောက်သုံးရေ အခက်ခဲများ ဖြစ်ပေါ်
လျှက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များ
ဖြင့် ပင်မရေရှိရာ ခေါပြင်ချောင်းမှသုံးရေကိုလည်းေ
ကာင်း
၊ သောက်သုံးရေအား မီးသတ်ဌာနပိုင်စက်ရေတွင်းမှ
သယ်ဆောင် သယ်ဆောင်ကာ နေ့စဉ်ရပ်ကွက်များနှင့်
ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းဖြန့်ဝေလျှက်
ရှိကြောင်း သိရသည်။
အဆိုပါမီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ
ဖြန့်ဝေရာတွင် မြို့မိမြို့ဖများ နှင့် စေသနာ အလှူရှင်
များက လှူဒါန်းစေသာစက်သုံးဆီများဖြင့် မီးသတ်ရေ
ယာဉ် ရေဂါလံ၄၂၀၀ဆံ့တစ်စီး၊ မီးသတ်ရေသယ်ယာဉ်
ရေဂါလံ၈၀၀ဆံ့တစ်စီး၊ မီးသတ်ရေသယ်ယာဉ် ရေဂါလံ
ဆံ့တစ်စီးတို့ဖြင့် စနေနေ့တိုင်း ဘုန်းတော်ကြီးကျောင်း
များသို့ ဖြန့်ဝေလျှာက်ရှိပြီး ကျန်ရက်များတွင်လူမှု့ရေး
အဖွဲ့အစည်းများ ၊ ရပ်ကွက်အလိုက် ပြည်သူများမှ ရေ
အခက်အခဲရှိကြောင်း တောင်းဆိုလာမှု့များကိုလည်း
ဖြန့်ဝေလျှက် ရှိပြီး ယခုအခါ မြောက်အင်းရပ်ကွက်၊
ရှမ်းကုန်းရပ်၊ ဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာ
သင်တန်းအား ရေအခက်အခဲမရှိအောင် နေ့စဉ်ဖြန့်ဝေ
လျှက်ရှိသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment