For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

စစ်​ကိုင်းတိုင်း​ဒေသကြီး ဝန်းသိုမြို့နယ်​၊ ကင်းစံပြ​ကျေးရွာ အ​ခြေခံပညာအထက်​တန်း​ကျောင်း(ခွဲ) က ဆရာတစ်ဦး ရင်ဖွင့်စာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကျွန်​​တော်​က​တော့ အ​ခြေခံပညာအထက်​တန်း​ကျောင်း(
ခွဲ)ကင်းစံပြ​ကျေးရွာ၊ ဝန်းသိုမြို့နယ်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီး မှ အထက်​တန်းပြဆရာ ဦး​ကျော်​စွာလင်းဖြစ်​ပါတယ်​။
ကျွန်​​တော်​ဟာ မိဘများဆုံးပါးပြီး​နောက်​ က​လေးများ၏ပညာ​ရေးကိုသာ အာရုံစိုက်​ကာ ကြိုးစား​ပေး​နေခဲ့ပါသည်​။ က​လေးများကိုအခမဲ့အချိန်​ပိုသင်​​ပေးခြင်းအပြင်​ ​ကျောင်းမ​နေနိုင်​သူက​လေးများကိုလည်းတတ်​အားသ​ရွေ့ ​ကျောင်းထား​ပေးခဲ့ပါသည်​။ ထို့အပြင်​ နိုင်​ငံ​တော်​မှဖွင့်​လှစ်​​သောသင် ​တန်းများကိုလည်း ငြင်းဆန်​ခြင်းလုံးဝမရှိဘဲ တက်​​ရောက်​ခဲ့ပါသည်​။ ​ပေးအပ်​​သောတာဝန်​များကိုလည်း မ​ကျေပွန်​မရှိရ​အောင်​ အထူးကြိုးစားခဲ့ပါသည်​။ ၂၀၁၃-၂၀၁၄ ပညာသင်​နှစ်​တွင်​ကျင်းပ​သော တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲတွင်​ အခန်း​စောင့်​တာဝန်​ထမ်း​ဆောင် ​ပြီး​နောက်​ မုံရွာတက္ကသိုလ်​သို့ ၃၀.၃.၂၀၁၄ရက်​​နေ့တွင်​ စာစစ်​တာဝန်​ထမ်း​ဆောင်​ရန်​ ထွက်​ခွာခဲ့ပါသည်​။ အမှန်​မှာ ကျွန်​​တော်​၏အထက်​တန်းပြလုပ်​သက်​မှာ (၁၀)လသာရှိပါ​သေးသည်​။ အထက်​တန်းပြလုပ်​သက်​နှစ်​နှစ်​ပြည့်​မှသာစာစစ်​​ခေါ်သည်​ဟုကြားဖူးပါ​သော်​လည်း နိုင်​ငံ​တော်​၏လိုအပ်​ချက်​အရ ကျရာတာဝန်​ကိုထမ်း​ဆောင်​ရန်​သွား​ရောက်​ခဲ့ပါသည်​။ မုံရွာတက္ကသိုလ်​သို့​ရောက်​လျှင်​ နဝမတန်းသင်​​သော ဆရာများကိုပြန်​လွှတ်​ပါသည်​။ သို့​သော်​ကျွန်​​တော်​သည်​ ပြန်​လွှတ်​ခံရန်​အတွက်​စာရင်းမ​ပေးပဲ တာဝန်​​ကျေပွန်​​အောင်​​ထမ်း​ဆောင်​ခဲ့ရာ ၁၀.၄.၂၀၁၄ တွင်​တာဝန်​ပြီးဆုံးခဲ့ပါသည်​။ မုံရွာတက္ကသိုလ်​သို့စာစစ်​သွားရာတွင်​ လကုန်​ရက်​​ရောက်​ရန်​တစ်​ရက်​အလိုဖြစ်​သဖြင့်​ လစာထုတ်​မသွားရပါ။ အခြားသူထံမှ ​ငွေတစ်​သိန်းတိတိကို​ချေးငှါးခဲ့ရပါသည်​။ ယခုပြန်​​ရောက်​လျှင်​​ရောက်​ချင်း March လလစာကိုအ​ကြွေးဆပ်​လိုက်​ရပါ​တော့သည် ​။ ကျွန်​​တော်​၏လစာမှာ ​ထောက်​ပံ့​ကြေး သုံး​သောင်းအပါအဝင်​ စုစု​ပေါင်းလစာ ၁၀၉၀၀၀ တစ်​သိန်းကိုး​ထောင်​ကျပ်​ ဖြစ်​ပါသည်​။ ယခုလတွင်​ ပင်​စင်​ဖြတ်​​ငွေ ၂၀၀၀ကျပ်​ဖြစ်​သဖြင့်​ လစာ​ငွေတစ်​သိန်းခုနှစ်​​ထောင်​ကျပ်​ကျန်​ရှိပါသည်​။ အ​ကြွေးတစ်​သိန်းဆပ်​လိုက်​ရာ လစာ​ငွေမှာ ၇၀၀၀ခုနှစ်​​ထောင်​ကျပ်​သာကျန်​ရှိပါ​တော့သည်​။ ​ငွေခုနှစ်​​ထောင်​ကျပ်​ဖြင့်​ April တစ်​လလုံး မည်​သို့မည်​ပုံဖြတ်​သန်းရမည်​ကိုကြံစည်​​နေဆဲမှာပင်​ ဝန်​သိုမြို့နယ်​ပညာ​ရေးမှူးရုံးမှဖုန်းဝင်​လာပါသည်​။ ကျွန်​​တော့်​အား ကသာမြို့သို့အကသင်​တန်းသွားတက်​ရန်​​ပြောကြားခြင်းဖြစ်​သည်​။ အဆိုပါအကသင်​တန်းအား ဝါသနာပါ၍တက်​​ရောက်​လိုသူအလယ်​တန်းပြဆရာများသာသွား​​ရောက်​ကြသည်​ဟုသိထားပါသည်​။ ဝန်းသိုမြို့နယ်​မှ အကသင်​တန်းသို့​စေလွှတ်​ခြင်းခံရသူ​လေး​ယောက်​တွင်​ အထက်​တန်းပြဆရာမှာ ကျွန်​​တော်​တစ်​​ယောက်​တည်းသာဖြစ်​ပါသည်​။ အခြားသုံး​ယောက်​မှာအလယ်​တန်းပြများဖြစ်​ပါသည်​။ အကသင်​တန်းမှာ ၂၁.၄.၂၀၁၄ ရက်​​နေ့အ​ရောက်​သွားရမည်​ဖြစ်​သဖြင့်​ စာစာထုတ်​ရက်​လည်းမဟုတ်​​သေးပါ။ ကျွန်​​တော်​သည်​ နိုင်​ငံ​တော်​လစာ​ငွေမှလွှဲ၍ အခြား​သောဝင်​​ငွေမရှိသူဖြစ်​ပါသည်​။ ကျူရှင်​သင်​ကြားခြင်းမရှိသလို အခြား​သောမည်​သည့်​ဝင်​​ငွေမှလည်းမရှိသူဖြစ်​ပါသည်​။ ယခုသင်​တန်းသွားရမည်​ဆို​သောအခါ ကျွန်​​တော်​မည်​သည့်​​ငွေဖြင့်​သွားပါမည်​နည်း။ ​ကြိုတင်​လစာထုတ်​ယူ၍မရသူ အစိုးရဝန်​ထမ်း​ကျောင်းဆရာကျွန်​​တော်​ မည်​သို့မှ မကြံစည်​တတ်​​တော့ပါ။ ကျွန်​​တော်​၏အခက်​အခဲကို လက်​ရှိတာဝန်​ထမ်း​ဆောင်​​နေ​သော မြို့နယ်​ပညာ​ရေးမှူး ကျွန်​​တော်​က​တော့ အ​ခြေခံပညာအထက်​တန်း​ကျောင်း(ခွဲ)ကင်းစဆရာကြီးဦးမျိုးဝင်းအားတင်​ပြပါသည်​။ သို့​သော်​ကျွန်​​တော့်​ကိုသာ​စေလွှတ်​​နေပါသဖြင့်​ ကျွန်​​တော့်​မှာလွန်​စွာအခက်​ကြုံ​နေရပါပြီ။ ကျွန်​​တော်​တို့ဝန်းသိုမြို့နယ်​တွင်​ သင်​တန်း​စေလွှတ်​ရန်​အလယ်​တန်းပြဆရာများစွာရှိသည့်​အပြင်​ ကသာ​ဒေသခံဆရာများလည်းရှိပါလိမ့်​မည်​။ ယခုမူ မုံရွာစာစစ်​သွားပြီး ​ငွေကုန်​လူပန်းဖြစ်​လာ​သော ကျွန်​​တော့်​ကိုသာအတင်းအကျပ်​​စေလွှတ်​​နေပါသည်​။ အမျိုးမျိုးအဖုံဖုံ​တောင်းပန်​​သော်​လည်းမရပါ။ ကျွန်​​တော်​သည်​ ​ကျောင်းဆရာဘဝကိုအင်​မတန်​မှနှစ် ​သက်​မြတ်​နိုးခဲ့ပါသည်​။ အလယ်​တန်းပြဘဝမှ ယခုအထက်​တန်းပြဘဝတိုင်​​အောင်​ ​စေတနာမပါပဲစာမသင်​ခဲ့ဖူးပါ။ မစိမ်းအမှည့်​ လူမျိုးဘာသာမ​ရွေး အမျိုးမျိုး​သောအ​လေးများကို တတ်​နိုင်​သမျှ ​ထောက်​ပံ့ခဲ့ပါသည်​။ က​လေးများလိုအပ်​​သော စာအုပ်​​ဘောပင်​များကို ဝယ်​လှူခဲ့ပါသည်​။ သူ​ဌေးများကဲ့သို့မလှူနိုင်​​သော်​လည်း လစာထဲမှဖဲ့၍လုပ်​​ဆောင်​​ပေးခဲ့ပါသည်​။ ဤ၍ဤမျှတိုင်​​အောင်​ ​ကျောင်းဆရာဘဝကိုခုံမင်​ပါသည်​။ ယခုမူပညာ​ရေး​လောကကို​ကျောခိုင်းစွန့်​ခွာရပါ​တော့မည်​။ ကျွန်​​တော့်​အတွက်​လစာတိုး​ပေးရန်​မလိုပါ။ တာဝန်​ဆက်​တိုက်​ထမ်း​ဆောင်​ထား​သောဆရာတစ်​​ယောက်​ကိုညှာတာခြင်းမရှိသည့်​အတွက်​ အလွန်​ပင်​ဝန်​ပိရပါသည်​။ မည်​သည့်​အထက်​တန်းပြမှ ဤအကသင်​တန်းသို့မပါ။ ကျွန်​​တော်​သာလျှင်​ထူးခြား​နေရခြင်းပင်​​လော။ ကျွန်​​တော့်​အားဖိအား​ပေးသည့်​ဒဏ်​ကိုမခံနိုင်​သည့်​အဆုံး ပညာ​ရေး​လောကကို​ကျောခိုင်းစွန်​ခွာဖို့ဆုံးဖြတ်​လိုက်​သည်​မှာ ကျွန်​​တော့်​အလွန်​ဖြစ်​ပါမည်​လား။ ကျွန်​​တော်​ဝါသနာပါ​သော ဆရာဘဝကိုစွန့်​လွှတ်​သည့်​​နေ့တွင်​ ကျွန်​​တော်​ကိုယ်​တိုင်​လည်း လူ့​လောကတွင်​ရှိမ​နေချင်​​တော့ပါ။ ဝါသနာကိုစွန့်​လွှတ်​ခြင်းသည်​ အသက်​ကိုစွန့်​လွှတ်​ခြင်းပင်​ဖြစ် ​သည်​ဟု ကျွန်​​တော်​ယုံကြည်​ပါသည်​။ ထို့​ကြောင့်​ အဖန်​ငါးရာငါးကမ္ဘာမကလို့ ဘယ်​နှစ်​ကမ္ဘာပင်​ခံရပါ​စေ ကျွန်​​တော်​လူ့​လောကတွင်​ဆက်​လက်​မ​နေလို​တော့ပါ။ ​ကျောင်းဆရာဘဝကိုစွန့်​လွှတ်​သည့်​​နေ့သည်​ ကျွန်​​တော်​အသက်​ကုန်​​သော​နေ့ဖြစ် ​ရမည်​ဟု ဆုံးဖြတ်​ထားပါသည်​။ ထို့ပြင်​ ကျွန်​​တော်​​သေဆုံးပြီးပါက ဤကမ္ဘာမပျက်​သ​ရွေ့  မကျွတ်​မလွတ်​ဘဲ သရဲသ​စ္ဆေဘဝဖြင့်​ ပြန်​လည်​​ခြောက်​လှန့်​၍ အနိုင်​ယူရပါ​စေသားဟု ကျိမ်​စာဆိုပါသည်​။ ဝါသနာကိုစွန့်​လွှတ်​ရသည့်​အတွက်​ကျွန်​​တော်​ခံစားရသလို ထပ်​တူညီခံစားကြရပါ​စေသား။ ဦီး​ကျော်​စွာလင်း
အထက်​တန်းပြ
အ.ထ.က(ခွဲ)ကင်း
ဝန်းသိုမြို့နယ်
စစ်​ကိုင်းတိုင်း​ဒေသကြီး။
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment