For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Friday 25 April 2014
ဝဥ စိုက်ပျိုး ၀င်ငွေတိုး(ဆောင်းပါး) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
 စိုင်းလူမင်း...
အလေ့လာကျပေါက် အပင်ဖြစ်သည်။ ၀ဥများကို
ဝန်းသိုမြို့နယ် ၊ ပင်လည်ဘူးမြို့နယ်ရှိ တော
တောင်များတွင် တွေ့ရှိရပြီး လွန်ခဲ့သောနှစ်များက
 ဒေသခံအချို့သည် ထိုဥများကို တူးဖော်၍ ၀ဥ
ဝယ်ယူသည့် ကုန်သည်သို့ ရောင်းချကြသည်။
ဝဥ၀ယ်ယူသည့် ကုန်သည်အချို့သည် ထိုဥများကို
ပုံသဏ္ဍာန် အထူအပါး အရွယ်အစားညီညီ အမျိုးမျိုး
လှီး၍  အခြောက်လှမ်းသလို အချို့သည် မီးဖြင့်
ကျပ်တင်ကြသည်။ ထိုသို့ ရရှိသော ၀ဥခြောက်
 များကို မန္တလေးဘက်သို့ ၀ဥခြောက် ၀ယ်ယူသည့်
ကုန်သည်များထံသို့ တင်ပို့ရောင်းချသည်။ မန္တလေး
ဘက်မှ ၀ဥခြောက်ဝယ်ယူသည့် ကုန်သည်အချို့
သည် ၀ဥခြောက်များကို စု၍ မူဆယ်မှတဆင့် တရုတ်
ပြည်သို့ ရောင်းချခဲ့ကြဘူးသည်ဟု ၀ဥတူးဖော်သည့်
ဒေသခံအချို့၏  ပြောပြချက်အရ သိရသည်။
အရောင်များမှာ ပန်းရောင်၊ အဖြူရောင်၊ အ၀ါရောင်တို့
ဖြစ်ကြသည်။ပန်းရောင်သည် ပြည်ပဈေးကွက်အတွင်း
အရောင်းအ၀ယ်ကောင်းသော အမျိုးအစားဖြစ်သည်။
ထိုပန်းရောင်အမျိုးအစားဥများကို တရုတ်နှင့် ဂျပန်သို့
တင်ပို့နေသော ပြည်တွင်းရှိ ကုမ္ပဏီများက ချင်းတောင်
ဒေသရှိ တိုက်ရိုက် လာရောက်ဝယ်ယူကြသည်။ ထို
အတွက်ကြောင့် ၂၀၀၈ ခုနှစ်က ချင်းပြည်နယ်တစ်ခုလုံး
၌  ၀ဥ (၆၀၉) ဧကခန့်အထိ စိုက်ပျိုးခဲ့ပြီး ၂၀၀၉ ခုနှစ်
တွင် ဧက (၅၀၀၀)ခန့်အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း
လေ့လာသိရှိရသည်။
       ၀ဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး
အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝအ
လျှောက် ပေါက်ရောက်ကြပါသည်။ အဆိုပါ ၀ဥ မျိုးရင်း
သည် Areceae မျိုးစုသည် Amorphophallus Compan
-ulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot
Yam (or) Tellngapotato ဟုခေါ်သည်
       ကမ္ဘာပေါ်တွင် ၀ဥမျိုးစိတ်ပေါင်း(၁၃၀)ရှိသည့်
အနက်
(၁၂)မျိုးခန့်အား ဖော်ထုတ်သုံးစွဲလျှာက် ရှိသည်ဟု လေ့လာ
သိရှိရပြီး မြန်မာပြည်တွင် ဒေသအလိုက် (၈)မျိုးခန့်ရှိပြီး
ပဲခူး ၊ မွန်၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ရှမ်း(တောင်)၊ရှမ်း
(မြောက်)၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးများနှင့်
 ပြည်နယ်များတွင် သဘာဝအလျှောက် တောတောင်
များတွင်ပေါက်ရောက်လျှက် ရှိသည်။
        မြန်မာနိုင်ငံမှထွက်ရှိသော ၀ဥများကို ၁၉၇၂ ခုနှစ်
မှစတင်၍ ပြည်ပနိုင်ငံများမှ စိတ်ဝင်စားခဲ့ပြီး ဂျပန်နိုင်ငံမှ
အစိုးရနှင့် ၀ဥ စိုက်ပျိုးထုတ်လုပ်ရေးပညာရှင်များသည်
 မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံထွက်ရှိ
သော ၀ဥများကို ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံမှီ ၀ဥ
များသည်အင်ဒိုနီးရှားနိုင်ငံမှ Dry Chipပြုလုပ်၍ ၀ယ်ယူ
သော ဥများထက် အရည်အသွေးကောင်းမွန်ကြောင်း သိရှိ
သွားခဲ့၍ ဂျပန်နိုင်ငံမှ ယခုတိုင်မြန်မာနိုင်ငံမှ ထွက်ရှိသော
သည်။
        မြန်မာနိုင်ငံမှ ထွက်ရှိသောဝဥများကို တရုတ်နိုင်ငံ
ံနှင့်ဂျပန်နိုင်ငံတို့ ၀ယ်ယူသွားသော ၀ဥ အထူ၊ အပါး၊
အရွယ်အစားညီ ၀ဥခြောက်ကုန်ကြမ်းများကို ကုန်ချောပြု
လုပ်ရာတွင် ပထမဦးစွာ အမှုန့်ကြိတ်ပြီး အမှုန့်ဖြစ်သော
 အခါ ဂျုံမှုန့်ကဲ့သို့ပေါ့ပါးသော အမှုန့် သကြားပွင့်ကဲ့သို့
လေးသော မန်နန်(Mannan) ပွင့်လေးများကို ရရှိသည်။
ကျန်ရှိသော ပေါ့ပါးသည် ၀ဥမှုန့်များကို တိရစ္ဆာန်အစာအဖြစ်
 အသုံးပြုသည်။ ထိုမန်နန်(Mannan) အပွင့်လေးများသည်
သဘာဝအမျှင်ဓာတ် ဖြစ်သည့်အတွက် လူ၏ ခန္ဓာကိုယ်မှာ
အဆိပ်အတောက်နှင့် အဆီများကို စုတ်ယူနိုင်သည်။ ၎င်းတွင်
ကဆီဓါတ်မပါဝင်သည့်အတွက် အ၀လွန်ခြင်း၊ သွေးတိုးရောဂါ
ဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့် အူမကြီး
ကင်ဆာဖြစ်ခြင်းတို့ကို တိုက်ဖျက်ခြင်း၊ ကာကွယ်ပေးခြင်းကို
 ပြုလုပ်နိုင်သည့်အတွက် ဂျပန်၊ တရုတ်နှင့် အနောက်ဥရောပ
နိုင်ငံများတွင် အစားအစာဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်
လည်းကောင်း၊သရေစာအဖြစ်လည်းကောင်း ပြုလုပ်ကာ
ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည်ဟု လေ့လာသိရှိရသည်။
သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန်နိမ့်သည့်
ပေ(၅၀၀၀)ခန့်မြင့်သော မိုးများသည့် ကုန်းမြင့်ဒေသများတွင်
 ဖြစ်ထွန်းသည်ဟု ဆိုပါသည်။ ၀ဥအား စိုက်ပျိုးမည်ဆိုပါက
 မြေပြုပြင်ခြင်း အပိုင်းတွင် အခြားသီးနှံများစိုက်သလို
 စိုက်ပျိုးဖို့ရွေးချယ်ထားသည့်မြေပေါ်မှ သစ်ပင်ခြုံနွယ်
ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပြီး  ထယ်တစ်လွှာ၊ ထွန်နှစ်
လွှာဝင်ပြီး မြေပြုပြင်ရပါသည်။ ထို့နောက် စိုက်တန်း၊ စိုင်ကျင်း
များ ပြုပြင်ပေးရပါသည်။ပင်ကြား၊ တန်းကြားနှင့် တစ်ဧက
အပင်ဦးရေအနေဖြင့်တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ
စိုက်ပျိုးပြီး တစ်ဧက အပင်ရေ(၅၄၄၅)ပင် အနည်းဆုံး ၀င်ဆံ့
နိုင်အောင် စိုက်ပျိုးသင့်သည်ဟု ဆိုပါသည်။
       ဒုတိယမျိုးပွားနည်းမှာ ၀ဥပန်းခိုင်မှ ထုတ်လုပ်ရရှိသည့်
မျိုးစေ့ငယ်များကို ပထမနှစ်အနေဖြင့်  စတင်၍ ပျိုးဘောင်
တွင် ပျိုးထောင်ရပါသည်။ အဆိုပါ မျိုးပင်လေးများမှ ပထမနှစ်
အတွင်း မျိုးဥအငယ်လေးများကို ရရှိပြီးမှ  ဒုတိယနှစ်တွင်
ဆက်လက်ပြီး ပျိုးဘောင်နှင့် စိုက်ပျိုးမှသာ ဥပိုကြီးလာအောင်
 ပျိုးထောင်စိုက်ပျိုးထားခြင်းကြောင့် (၃၀)ကျပ်သား အရွယ်
 မျိုးဥများကို ရလာနိုင်ပြီး နောင်နှစ်တွင် မျိုးဥအဖြစ် အသုံးပြုနိုင်
မှာ ဖြစ်ပါသည်။
         တတိယမျိုးအဆင့်မျိုးပွားနည်းမှာ မြေအောက်မှရရှိသည့်
ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။
 စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုး
ခြင်းဖြင့်လည်း ၀ဥပျိုးပင်များကို ရရှိနိုင်ပါသည်။
       ၀ဥကို စိုက်ခင်းတွင် မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအ
မျိုးမျိုး စိုက်ပျိုးလျှက်ရှိရာ ကျေးလက်ဒေသများမှ စိုက်ပျိုးသည့်
နည်းတစ်နည်းကို ဖော်ပြရမည်ဆုပါက ၀ဥမျိုးဥများကို စိုက်ပျိုးရန်
စိုက်ကျင်းပြင်ရာမှ (၆လက်မ ×  ၆လက်မ) အကျယ်အ၀န်းမှ
 (၆လက်မ)အနက်ခန့် ကျင်းပြင်(မြေပွ၊ ပေါင်းမြက်ကောက်)၊
အပေါ်ယံ(၂)လက်မခန့်မှ ၀ဥကို မြေဖုံးမိရုံ ဖုံးပြီး စိုက်ပျိုးရပါ
သည်။မြေတွင်းလွန်စွာနက်အောင် မြုပ်၍ မစိုက်ပျိုးသင့်ပါ။
 မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံရာသီဥတုအရ မိုးဦးရာသီ
 မေလမှ စတင်၍  စိုက်ပျိုးသင့်ပါသည်။
      ၀ဥအား အပင်ပြုစုခြင်းမှာ စိုက်ပျိုးထားသည့် ၀ဥများ
 အညွှန့်ထွက်ကာ မြေပေါ်အပင်ပိုင်း ကြီးထွားလာပြီး အမြစ်
များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ဘောင်လုံး၊ မြေဖုံး
ပေးရပါသည်။ ရေမ၀ပ်ရန်အတွက်အထူးဂရုစိုက်ရန် လိုအပ်
ပါသည်။ စိုက်ခင်းမှ အရိပ်များမရှိပါက (၆၀)ရာခိုင်နှုန်း အရိပ်
ရအောင် ပြုလုပ်ပေးသင့်ပါသည်။
သည်။ သို့သော်လည်း တစ်ခါတစ်ရံ ရွက်စားပိုးများ ကျရောက်
တတ်ပါသည်။ ၀ဥများကိုဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါ
ဝင်နိုင်သဖြင့် အပင်ပြုစုနေစဉ် ၀ဥကို မထိခိုက်မိအောင် သတိ
ထားဖို့လိုပါသည်။ တစ်ခါတစ်ရံ ၀ဥပင်စည်များ ထိခိုက်မိသည့်
ဒဏ်ရာအပေါက်မှ အစေးများထွက်ပြီးအပင်နာနိုင်ပါသည်။
သို့ဖြစ်၍  ပင်စည်များကို ဒဏ်ရာမရအောင်ဂရုစိုက်သင့်ပါသည်။
 ဥများ ဒဏ်ရာရ၍ ပုပ်စပြုချိန်မှာ ပုပ်သီးအငယ်ပိုင်းလေးကို
 ဇွန်းနှင့် အပုပ်ပိုင်ကုန်အောင် ခြစ်ပစ်ပြီးမြေနှင့် လူးနယ်ဖုံးပေး
လျှင် ဆက်ပြီး ပုပ်ရိပျက်စီးခြင်းမှ တားဆီးနိုင်မည်ဖြစ်ပါသည်။
        ၀ဥကို မိုးဦးနွေလမှ စတင်စိုက်ပျိုးပြီး မိုးကုန်ဆောင်ဦး
ရာသီ နိုဝင်ဘာ၊ ဒဟီဇင်ဘာလများတွင် မြေပေါ်ပင်ပိုင်း
 ညိုးခြောက်သွားချိန်တွင် တူးဖော်ရိပ်သိမ်းရပါသည်။ တူးဖော်
ရိပ်သိမ်းချိန်တွင် ဥများကို ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်တူး
ဖော်ရမည်ဖြစ်ကြောင်း ၀ဥစိုက်ပျိုးပါက ၀င်ငွေတိုးသည့်အကြောင်း
ကို စုစည်းရေးသား တင်ပြလိုက်ရပါသည်။
                                             စိုင်းလူမင်း၊ မီဒီယာဂရု
                                                Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment