For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 23 April 2014

မကွေးမြို့ မြသလွန်ဘုရားအရှေ့ဘက်က ``ဓမ္မဒီပက မဟာဗိမာန်တော်´´ ရိပ်သာ၏ လစဉ်တရားစခန်းပွဲများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”





  ဓမ္မဒီပက မဟာဗိမာန်တော် ကို ၂၀၁၁ ၊ ဧပြီ(၂၈)ရက်နေ့တွင် ကောင်းမွန်
မိသားစု မှ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း၊ ၎င်း အချိန်မှ စတင်ပြီး
တရားစခန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃၇၅ ခုနှစ် မဟာ သင်္ကြန် အတွင်း
(၇)ရက်တရားစခန်းပွဲအထိ (၂၅)ကြိမ်မြောက် တရားစခန်းပွဲဖြစ်ကြောင်း၊
ဤဓမ္မဒီပက မဟာ ဗိမာန်တော် တရားရိပ်သာကို ဆရာတော်ဘုရား ကိုးပါး၏
သြ၀ါဒခံယူ၍ကျင်းပကြောင်း၊ တရားပွဲ ဓမ္မကထိက မှာ ဓမ္မဒူတ ဆရာတော် ဒေါက်တာ
ရှင်ဆေကိန္ဒ  ဆရာတော်ဘုရား၏ တပည့်ဆရာတော်များ ဦးဝိသဒ နှင့် ဦးစိတြရ
တို့နှစ်ပါးက တရားစခန်းပွဲများ၌ ဓမ္မကထိက အဖြစ်ဆောင်ရွက်ကြောင်း၊
ယခု(၂၅)ကြိမ်မြောက် တရားစခန်းပွဲကို ဧပြီ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ
(၇)ရက်ကျင်းပကြောင်း၊ ယောဂီပေါင်း(၁၅၀)ဦး တရား စခန်းဝင်ကြောင်း၊ ရိပ်သာ
အမှုဆောင် ဦးဆန်းအောင်ကျော် က ပြောသည်။
`` ဒီ ဓမ္မဒီပက မဟာဗိမာန်တော်မှာ လစဉ်တရားစခန်းပွဲတွေကို
ကျင်းပပေးနေပါတယ်။ လစဉ် တတိယပါတ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့
(၃)ရက်တရားစခန်းပွဲတွေပါ။ ယောဂီ(၁၀၀/၁၅၀)ဦးခန့်ကို လက်ခံပါတယ်။
တရားစခန်း ၀င်ကြေး အလှူငွေ မပေးရပါဘူး၊ တရားစခန်းဝင်လိုသူများ လစဉ်
အင်္ဂလိပ်ရက် (၂)ရက်နေ့ ညနေ (၅)နာရီမှာ လျှောက်လွှာများယူပြီး
လျှောက်ထားနိုင်ပါတယ်။ ထူးခြားအစီအစဉ်အဖြစ် (၂၇)ကြိမ် ၆/၂၀၁၄
တရားစခန်းပွဲမှာ လူငယ်တရားပွဲအဖြစ် အသက်(၁၆)နှစ်အထက် ယောဂီလူငယ်များကို
ရွေးချယ်ကျင်းပ ပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ ..။ ´´ ဟု ရိပ်သာ အမှုဆောင်
ဦးကျော်ကြီးက ပြောသည်။
        အဆိုပါ ဓမ္မဒီပက ရိပ်သာတွင် တရားစခန်းဝင်သူယောဂီများနှင့် ဝေယျာဝစ္စ
အဖွဲ့များသည် အစိုးရ ၀န်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ၉၀
ရာခိုင်နှုန်းခန့် ပါဝင်ဆောင်ရွက်ကြကြောင်း၊ ရိပ်သာအမှု ဆောင်အဖွဲ့မှ
ဦးဆန်းအောင်ကျော်၊ ဦးဌေးအောင်၊ ဦးကျော်ရှိန်၊ ဦးကျော်ကြီး၊
ဦးဖိုးစု(တောင်ဇလပ် လက်ဖက် ရည်ဆိုင်) တို့နှင့် တွေ့ဆုံ၍ တရားစခန်း
နှင့်ပါတ်သက်သော ကိစ္စများကိုဆောင်ရွက်နိုင်ပါေ
ကြာင်း  သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment