For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 1 April 2014

ဝန်ကြီးဌာနတွေလာဘ်ယူဖို့ နည်းလမ်းကောင်းလေးပြောပြမယ်နော်။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဇာမဏီရဲ့ဆောင်းပါးလေးဖတ်ရတော့
ဝန်ကြီးတွေဖက်က ကျနော်မခံချင်ဘူးဗျာ။
ဘယ့်နှယ်ဗျာ သမ္မတကြီးကဝန်ကြီးတွေ
နင်းကန်ချမ်းသာပြီးမှအမိန့်ထုတ်
ရလား
မဟုတ်သေးပါဘူး သုံးသိန်းအထက်လက်
ဆောင်ယူရင်လာဘ်ပေးလာဘ်ယူလို့ သတ်
မှတ်မယ် ဟုတ်ကလားဗျာ သုံးသိန်းအေါက်
အကြိမ်ကြိမ်ယူမယ်ဗျာ ကဲဘာတတ်နိုင်သေးလဲ
ဝန်ကြီးများနဲ့လာဘ်လိုချင်တဲ့အရာရှိကြီး
များကိုကျနော်တိုးတိုးလေးအကြံပေးမယ်
နော် အောင်မြင်ရင်တော့ အကြံပေးခန့်ပေး
ရမယ် ဒါပေမယ့်ဝန်ကြီးကတော်တွေနား
တော့မနေခိုင်းနဲ့နော် မနေရဲဘူးဗျ ဘာလို့ 
လဲ သိလား မိန်းမတွေကယောက်ျားတွေ
ထက်ဘာမဆိုလောဘကြီးလို့မို့ပါ။
ဒီလို ဒီလိုဗျာ နားထောင်နော်
ဟိုးရှေးရှေးတုန်းက အာ မဟုတ်သေးပါဘူး
ဟိုသိပ်မဝေးတဲ့ကာလကအခုရုရှား အရင်
ဆိုဗီယက်ပြည်ထောင်စုကြီးပေါ့ဗျာ အဲဒီ
အချိန်ကအဲဒီတိုင်းပြည်ကြီးကိုဆိုဗီယက်
ခေါင်းဆောင်ကြီးဘရက်ဇညက်စိုးစံတုန်းက
ပေါ့။အဲဒီခေါင်းဆောင်ကြီးကသူအပါအဝင်
နိုင်ငံ့ခေါင်းဆောင်တွေ ဝန်ကြီးဝန်ငယ်တွေ
အရာရှိတွေ ဝန်ထမ်းတွေ လာဘ်ပေး
လာဘ်ယူခဲ့နှစ်ရှည်ထောင်ဒဏ်နဲ့ အပြစ်
အလွန်ကြီးမားရင်သေဒဏ်အထိပေးမယ်လို့
ကြေညာတော့ ဟိုက် သောက်ကျိုးနဲဒို့ တစ်
တွေတော့သွားပါပြီကွာ လာဘ်မရရင်အိမ်
က မဟေသီတွေတော့ဒို့ ကိုငြူစူတော့မှာဘဲ
ကြံအုံးမှဘဲဆိုပြီးအကြံကမထွက်ဖူးပေါ့။တစ်
နေ့ ပေါ့ ဒီသတင်းကိုဝန်ကြီးတစ်ပါးရဲ့
မဟေသီကသိသွားတော့ခွက်ထိုးခွက်လန်
ရယ်ပါသတဲ့ အင်းသူ့ မှာအကြံကောင်းရှိလို့ 
သာရယ်တာဖြစ်မှာဘဲ ငါဝန်ကြီးဖြစ်တုန်း
ကလဲ မဟေသီစွမ်းဆောင်မှုကြောင့်ဖြစ်လါ
ရတာမလား အေးလေသူ့ စကားနားထေါင်
ကြည့်လိုက်အုံးမှဘဲဆိုပြီး မဟေသီရယ်
တာနဲ့ ဘုမသိဘမသိဝန်ကြီးပါလိုက်ပြီးရယ်
တော့တာပေါ့။ဝန်ကြီးကတော်မဟေသီက
" တော့ ဒီနားတိုး "ဆိုပြီး ဘေးဘယ်ညာ
ကြည့် နားနားကပ်ပြီးသူ့ ခင်ပွန်းဝန်ကြီးကို
ကွိစိကွစိ ကွိစိကွစိနဲ့ ခေါင်းကလေးတစ်
ညိတ်ညိတ်ပြောတော့ ဝန်ကြီးလေဘောကျ
အဲလေသဘောကျနေလိုက်တာ ပြီးမှ
ဝန်ကြီးကကျေးဇူးတင်လွန်းလို့မဟေသီကို
အိနြေ္ဒတောင်မဆောင်နိုင်တော့ဘဲမွှေးမွှေးထပေးတော့မဟေသီပြူတူးပြဲတဲဖြစ်သွား
တော့တာပေါ့။ဒါနဲ့ ဝန်ကြီးလဲ " ကျေးဇူး
တင်တယ်ကွာ ကိုသမ္မတဖြစ်ရင်မင်းကို့ 
အနားမှာအကြံပေးခန့်မယ် " ပေါ့။သိပ်
မကြာပါဘူးဗျာ ဝန်ကြီးအိမ် လူခေါ်ဘဲလ်
တပ်မလို့ အင်ဂျင်နီယာဌာနအကြောင်း
ကြားလိုက်တယ်။အမြန်ဆုံးလာခဲ့ပါဆိုတာ
ပါသေးတယ်နော်။ဒါနဲ့ ဝန်ကြီးမို့ လား
တော်ကြာမြန်မာနိုင်ငံကဝန်ကြီးတစ်ပါးလို
ပါးပိတ်ရိုက်နေရင်အခက်ဆိုပြီးလူခေါ်ဘဲလ်
အကောင်းစားယူပြီးတပည့်တောင်မခေါ်
တော့ဘဲသူအင်ဂျင်နီယာကြီးကိုယ်တိုင်ပြေး
တော့တာပေါ့။အဲ ဝန်ကြီးအိမ်ရောက်တော့
" အဘခင်ဗျား ကျနော်ရောက်ပါပြီ ဘဲလ်
ဘယ်နေရာတတ်ရမယ်ဆိုတာညွှန်ပြပေးပါ"
လို့ တရိုတသေပြောတာပေါ့။မရိုသေလို့ မရ
ဘူးလေ အခန့် မသင့်လို့ ပိတ်ကန်ခံရရင်
အခက်မလား။ဒါနဲ့ ဝန်ကြီးကအိမ်နောက်
ပေါက်မှာတပ်ရန်ညွှန်ကြားခဲ့တော့အင်ဂျင်
နီယာခင်မျာလဲ ဘယ့်နှယ် လူခေါ်ဘဲလ်ဆို
တာအိမ်ရှေ့မှာဘဲတပ်ရတာပါ ခုအိမ်နောက်
ကတံခါးမှာတပ်ရမယ်လို့ ဟုတ်သေးပါဘူး
ပြန်မေးအုံးမှဆိုပြီးပြန်မေးတော့ဝန်ကြီးလဲ
စိတ်ဆိုးပြီပေါ့ ထားဝယ်ရေနက်ဆိပ်ကမ်း
ဟာ ဟုတ်သေးပါဘူး ဘယ့်နှယ်မြန်မာ
နိုင်ငံနဲ့ရောသွားပါလိမ့် ။သမ္မတကြီးကအချီ
ကြီးရမယ့်စီမံကိန်းကြီးသူ့ ကိုပေးထားတာ
လာပေးမယ့်လာဘ်ကိုစောင့်ကြည့်နေမှာမို့ 
ဒီကောင်ကလဲပြောတော့အင်ဂျင်နီယာတဲ့
အပါ့ကွာ ဟကောင်ရဒီနေရာမှာတပ်ဒီနေ
ရာမှာတပ် ဆိုပြီးခြေထောက်နဲ့ တံခါးပေါက်
အောက်လူဝင်တဲ့ခြေနင်းခုံကိုညွှန်ပြသတဲ့။
အင်ဂျင်နီယာကြီးခေါင်းကိုက်ပြီလေ ခေါင်း
ကိုတစ်ဗျင်းဗျင်းကုတ်ရင်း ဟင်းငါ့နှယ်နော်
စိတ်ရှုတ်လိုက်တာ မကြားဘူးပေါင်ဗျာ
ဘဲလ်ကိုခြေနင်းခုံမှာတပ်ရတယ်လို့  ထူးပါ
ဘူး ပါးပိတ်ရိုက်လဲရိုက်ပလေစေ ငါပြန်မေး
အုံးမှရမယ်ဆိုပြီး " အဘ လူခေါ်ဘဲလ်ပါ
ခြေနင်းခုံမှာဘာကြောင့်တပ်ခိုင်းရပါသလဲ
အဘခင်ဗျာ " လို့ အရဲစွန့် မေးတော့
ဝန်ကြီးက " အပါ့ကွာ မင်းတို့ ဒါ့ကြောင့်
အောက်ခြေဝန်ထမ်းဖြစ်နေရတာ မှတ်ထား
ငါ့လိုလူကိုလက်ဆောင်လာပေးရင်အိမ်ရှေ့
က လာပေးရင်သူရောငါရောသေဒဏ်ပေးခံ
ရလို့ ငါ့မဟေသီကိုစိတ်မချနိုင်ပေါင်ကွာ
ငါ့ဆီလာပြီးလက်ဆောင်ပေးတဲ့လူတွေက
လက်နှစ်မှာလဲလက်ဆောင်တွေဆွဲကိုင်ထါး
ဂျိုင်းနှစ်ဖက်ကြားမှာလဲလက်ဆောင်တွေ
ညှပ်ထား အိုကွာပြောရရင်မေးအောက်မှာ
တောင်လက်ဆောင်ညှပ်ယူလာရတာလေ
အဲဒီတော့ အားနေတာဆိုလို့ ဒီခြေထေါက်
နှစ်ချောင်းဘဲရှိလို့  ဟောလို ဟောလို
ခြေထောက်နဲ့ လူခေါ်ဘဲလ်ကိုနင်းပြီးခေါ်ရ
မှာဟငတုန်းရ ကဲသိပလား " ဆိုပြီးခြေဟန်
လက်ဟန်နဲ့ လုပ်ပြသွားတော့မှအင်ဂျင်နီယါ
ခင်မျာပြူံးစိစိနဲ့  အော်တော်လိုက်တဲ့ဝန်ကြီး
ရယ်နော် ဆိုပြီးစိတ်ထဲမှာပြောရင်းလူ ဘဲလ်
ကိုဝန်ကြီးညွှန်ပြတဲ့ခြေနင်းခုံမှာတပ်ပေး
လိုက်တယ်တဲ့ အဲပုံပြင်လေးကတော့ဒါပါဘဲ
နော်။လူကြီးမင်းတို့ လဲဘယ်သူသိတာမှတ်
လို့ ဆိုဗီယက်မှာလုပ်သလိုမျိုးလုပ်ချင်လုပ်
ဒါမှမဟုတ်ဦးလေးဦးအောင်သောင်းမိသါးစု
ပိုင်တဲ့ယူနိုက်တက်အမရဘဏ် တို့ ဘာတို့ 
မှာမဟေသီနားနားကပ်ပြောသလိုမျိုး
မဟေသီနာမည်နဲ့ ဘဏ်အကောင့်ထဲငွေလွှဲ
ခိုင်းပေါ့ အဲကျသမ္မတကြီးသိမှာဟုတ်ဖူးနော်
ကျေးဇူးမမေ့စတမ်း ဒီကအကြံပိုမိုက်တယ်
မလား။အမလေး သမ္မတကြီးကဝန်ကြီးတွေ
ကို အကြံပေးရမလားဆိုပြီးဖမ်းရင်အခက်

မာန်( သာစည်)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment