For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း မဲဆန္ဒရှင်မိဘပြည်သူများနှင့်တွေ့ဆုံ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့
ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပပြုလုပ်သည့် လွှတ်တော်အတွေ့ကြုံရှင်းလင်းပွဲကို၂၀၁၄ ခုနှစ်ဧပြီ ၂၀ရက်နေ့တွင် မင်းကုန်းအုပ်စုမကျည်းကုန်းရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာအခန်းအနားသို့ ပြည်သူ့လွှတ်တော်မှတောင်သူလယ်သမား၊ အလုပ်သမားနှင့်လူငယ်ရေးရာကော်မတီ၊ လယ်ယာမြေနှင့်အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မတီ ကောလင်းမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှတရားဥပဒေစိုးမိုးရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးရာကော်မတီဥက္ကဌ ကောလင်းအမှတ်(၁)မဲဆန္ဒနယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့နယ်အတွင်းရေးမှူးဦးခင်မောင်ဝင်းနှင့် မြို့နယ်အမှုဆောင်များဖြစ်သည့်ဦးခင်မောင်ဦး၊ ဦးကံမြင့်၊ ဦးထွန်းမင်း၊ ဦးအောင်စိုးနိုင်၊ မင်းကုန်းအုပ်စုအတွင်းရှိကျေးရွာများမှဒေသခံမဲဆန္ဒရှင်(၁၀၀၀)ဦးခန့်တက်ရောက်ခဲ့သည်။
   လွှတ်တော်အတွေ့ကြုံရှင်းလင်းပွဲ၌တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦးမှ မဲဆန္ဒရှင်မိဘပြည်သူများအား မြန်မာ့ဓလေ့ရိုးရာလူမှုရေးကျင့်ဝတ်များနှင့်အညီ နေထိုင်သွားကြရန် သကျသာကီဝင်မင်းမျိုးနွယ်များနှင့်ဥပမာပေး၍အကျယ်တဝင့်ရှင်းလင်းခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းမှရှင်းလင်းရာတွင် လွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းပုံ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ အစရှိသည့်အာဏာသုံးရပ်ခွဲဝေကျင့်သုံးပုံနှင့်မဲဆန္ဒရှင်မိဘပြည်သူများ၏တင်ပြချက်များအားလွှတ်တော်သို့တင်ပြ၍ မဲဆန္ဒရှင်မိဘပြည်သူတို့၏အခက်ခဲမျညးအားဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယခုလက်ရှိအနေဖြင့်ဆက်သွယ်ရေးကောင်းမွန်လာစေရန် BTS STATION များကိုတိုးချဲ့စိုက်ထူလျှက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့်လမ်းတံတားတည်ဆောက်ခြင်း ၊စက်ရေတွင်းတူးဖေါ်ခြင်း များကိုလဲဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ရှင်းလင်းခဲ့သည်။ ရှင်းလင်းပွဲသို့တက်ရောက်လာကြသည့်မဲဆန္ဒရှင်များ၏တင်ပြချက်များကိုလဲ လွှတ်တော်ကိုယ်စားလှယ်များကပြန်လည်ရှင်းလင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် မကျည်းကုန်းကျောင်းဆရာတော် ဦးသုမင်္ဂလ၊ ရှမ်းကုန်းကျောင်းဆရာတော်ဦးသုဇာတ တို့အားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ခံသာရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်နေမှုနှင့် ခံသာရွာတွင် BTS STATIONတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သွေးသစ်
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment