For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 22 April 2014

ငြိမ်းချမ်းရေးသံစဉ်များနှင့် ကြည်နူးဖွယ်ရာ နမ့်လန်ရှင်ပြုပွဲ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သီပေါကိုလတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ နံနက်ခင်းက သာယာလှပနေသည်။ တောင်တန်းတစ်ခွင်၌ တောင်ခိုးနှင့်မြူခိုးမြူငွေ့တို့မှာ ရောယှက်၍ ဝေ့ဝဲနေဆဲ။ သင်္ကြန်ကာလပေမယ့် နံနက်ခင်းရာသီဥတုကမူ အေးမြမြရှိဆဲ။
လှပ၍ အေးမြမြရှိနေသော နံနက်ခင်းမှာ သီပေါနှင့် (၃၈)မိုင်ရှိ နမ့်လန်ဒေသဆီသို့ဦးတည်၍ ဆိုင်ကယ်စီးခရီးနှင်ခဲ့သည်။ သီပေါမှ (၉)မိုင်ခန့်အရောက်၌ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်မှ ဖဲ့ခွာပြီး လွိုင်လင်လမ်းအတိုင်း မောင်းနှင်ရသည်။ ယခု ခရီးစဉ်မှာ နမ့်လန်မဇ္ဈိမာရာမစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဥာကောဘာသ (သဒ္ဓမ္မဇောတိကဓဇ)၏ ဖိတ်ကြားချက်အရ ဒေသခံ တိုင်းရင်းသားရင်သွေးငယ် (၅၀)ဦးကို ရပ်ဝေးဒေသ(ရန်ကုန်)မှ အလှူရှင်မိသားစုက ရှင်ပြုမင်္ဂလာကျင်းပပေးမည့် သတင်းယူရန်ဖြစ်သည်။
သီပေါ - နမ့်လန် (၃၈)မိုင် ကားလမ်းမှာ ယခင်နှင့်မတူ။ ကောင်းမွန်ချောမွေ့နေသည်။ လမ်းကောင်းခဲ့သလို အရာရာမှာလည်း ကောင်းမွန်တိုးတက်နေပြီဖြစ်သည်။ ယခင်ကာလကများဆိုလျှင် ယခုလိုမဟုတ်။ လမ်းကဆိုး၊ နယ်မြေအခြေအနေကမကောင်း။ သွားရေး လာရေးကြမ်းတမ်းခက်ခဲသလို သေနတ်သံ ဗုံးသံ တိုက်ပွဲဖြစ်သံများကလည်း စဲသည်မရှိ။ ညီအစ်ကိုချင်းဖြစ်ရသည့် စစ်ပွဲ။ မည်သူမျှ အမြတ်မရှိ။ အရှုံးချည်းသာ။ ဘယ်ဘက်ကပင် ထိခိုက်ကျဆုံးသည်ဖြစ်စေ ပြည်ထောင်စုကြီး၏ သားသမီးများသာဖြစ်၍ ဝမ်းနည်းကြေကွဲ ဖွယ်ရာကောင်းခဲ့ရသည်။ ကြားက တိုင်းရင်းသား မိဘပြည်သူတွေမှာလည်း ဒုက္ခမျိုးစုံ ကြုံတွေ့ဖြတ်သန်းခဲ့ကြရသည်။
ယခုတော့ ---
အရာရာမှာ ပြောင်းလဲခဲ့ရချေပြီ။ ပြည်တွင်းစစ်ပွဲ၏ ဆိုးကျိုးတို့ကို သိရှိခဲ့ကြရပြီး။ မတူညီသောအမြင်များနှင့် သဘောထားများ ကိုလည်း ညှိနှိုင်းပေါင်းစပ်နိုင်ခဲ့ကြပေပြီ။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမချင်း ငြိမ်းချမ်းရေးရယူ တည်ဆောက်နိုင်ခဲ့သလို ဒေသဖွံ့ဖြိုးရေး အတွက်ပါ လက်တွဲဆောင်ရွက်နေကြပြီဖြစ်သည်။ ငြိမ်းချမ်းရေးသံစဉ်များနှင့်အတူ ယခင်က သေနတ်သံ၊ ဗုံးသံ၊ တိုက်ပွဲသံများအစား ရှမ်းအိုးစည်သံစည်းချက်နှင့်အပြိုင် ရှမ်းအက ရှမ်းအလှများ၊ ရဟန်းခံရှင်ပြု အလှူမင်္ဂလာပွဲများက နေရာယူလာကြသည်ကို ကြည်နူးဖွယ် ကြားမြင်တွေ့ရှိလာရသည်။
ယင်းကဲ့သို့သော ငြိမ်းချမ်းရေးအသီးအပွင့်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သော ယခုရှင်ပြုပွဲ။ ဗုဒ္ဓသာသနာတော် ထွန်းကားရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရည်ရွယ်ချက်ဖြင့် ထူးခြားစွာကျင်းပပြုလုပ်မည့် ဒေသခံလူငယ်(၅၀)ဦးအား ရှင်ပြု မင်္ဂလာပွဲ။
နှစ်ဖက်သော မိဘများအား အမှူးထား၍ ရန်ကုန်မြို့နေ ဦးဘုန်းမြင့်+ဒေါ်စီစီဝင်း၊ ဦးမျိုးမြင့်+ဒေါ်သန္တာအေးနှင့် သားသမီးများ ဖြစ်ကြသည့် ဦးခိုင်ညွန့်+ဒေါ်လှိုင်ပန်ထွာ၊ ဦးကျော်ထူး+ဒေါ်ခိုင်မာလာ၊ ညီမ ဒေါ်ခိုင်ရွှေဝါ၊ မြေး မောင်မင်းခန့်ဟိန်း မိသားစုက နမ့်လန်မဇ္ဈိမာရာမစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဥာဏောဘာသ(သဒ္ဓမ္မဇောတိကဓဇ)အား ကံထပ်မင်္ဂလာနှင့် ဒေသခံတိုင်းရင်းသား ရင်သွေးငယ်(၅၀)ဦးကို ရှင်ပြုမင်္ဂလာ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ အလှူရှင် စေတနာရှင်မိသားစုက တိုင်းရင်းသားလူငယ်များကို မိမိတို့၏ ရင်သွေးရတနာကဲ့သို့ အဘက်ဘက်မှ အစအဆုံးကုသိုလ်ယူ၍ သာသနာ့အမွေခံယူခဲ့ကြသည်။
အစီအစဉ်အရ သင်္ကြန်အကြိုနံနက်ပိုင်းမှာ ရှင်လောင်းဝတ်စုံဖြင့် ပြင်ဆင်ချယ်သထားသော တိုင်းရင်းသားရင်သွေးငယ် ရှင်လောင်းအပါး(၅၀)အား ရှင်လောင်းမိဘသားချင်းများက ရှမ်းရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ပုခုံးထမ်း၍ ရှေ့နောက်တန်းစီကြသည်။ ထို့နောက် ရှမ်းအိုးစည်ဗုံမောင်း အတီးအမှုတ်များ၊ ရှမ်းအက ရှမ်းအလှများဖြင့် နမ့်လန်မြို့တွင်းသို့ ရှင်လောင်းလှည့်ပွဲ ကျင်းပကြသည်။ ရှမ်းအိုးစည်စည်းချက်သံနှင့်အညီ ရှင်လောင်းထမ်းများက အလိုက်သင့်ဘယ်ညာအကဖြင့် ခြေလှမ်း-လှမ်းကြပြီး ၊ ပုခုံးပေါ်မှ ရှင်လောင်းများကလည်း လက်ထဲက တဘက်ပုဝါစကို ဟန်ချက်အတိုင်း ဘယ်ညာဝေ့ရမ်းလိုက်ပါခဲ့ကြသည်။
ဆက်လက်၍ - နမ့်လန်မဇ္ဈိမာရာမကျောင်းတိုက်ရှေ့ကွင်းပြင်၌ ရှင်လောင်းလှည့်ပွဲ၊ ရှမ်းရိုးရာယဉ်ကျေးမှု အဆိုအကများ၊ နမ့်လန်ရှမ်းသမီးပျိုတို့၏ ညီညာလှပသော စုပေါင်းရှမ်းယိမ်းအဆိုအကများဖြင့် ဂုဏ်ပြုဖျော်ဖြေပွဲများကို မမောတမ်း ကျင်းပခဲ့ကြပြန်သည်။ လာရောက်သမျှ ဧည့်ပရိသတ်များကိုလည်း နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ နေ့လည်ပိုင်းတွင် ဘိသိတ် မင်္ဂလာကျင်းပပြီး ရှင်လောင်းများကို ဆံချပေးခဲ့ကြသည်။ ၄င်းနောက် ဆရာတော်သံဃာတော်များ ကြီးကြပ်စီမံပြီး ရှင်သာမဏေများအဖြစ် သွတ်သွင်းချီးမြှင့်ပေးတော်မူသည်။ ရှင်ပြုအလှူမင်္ဂလာနှင့် စပ်လျဉ်း၍ ဆရာတော်ဘဒ္ဒန္တဥာဏောဘာသ က သာသနာတော်အကျိုးနှင့် ငြိမ်းချမ်းရေး၏ အနှစ်သာရရှိသော ရလဒ်အကျိုးကျေးဇူးတရားတို့ကို ဟောကြားချီးမြှင့်တော်မူခဲ့သည်။
ညနေပိုင်း၌ မြို့နယ်သံဃနာယကထေရ်ကြီးဝါကြီး ဆရာတော်များဦးဆောင်၍ ဆရာတော်ဘဒ္ဒန္တဥာဏောဘာသအား အသစ်(၃)ထပ်ဆောင် ပြန်လည်ဆောက်လုပ်သွားမည့် သိမ်ဟောင်းမြေကွက်လပ်ပေါ်၌ ကံထပ်မင်္ဂလာကျင်းပတော်မူခဲ့သည်။ ယင်းနောက် သိမ်းဆင်းဆရာတော်ကြီးများ၊ သံဃာတော်များအား အမှူးထား၍ ရဟန်း သာမဏေအားလုံးကို အလှူရှင်မိသားစုများ၊ နမ့်လန်တပ်နယ်မိသားစုနှင့် ဒေသခံတိုင်းရင်းသားများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။ ကောင်းမှုအစုစုကိုလည်း ရေစက်သွန်းချ၍ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အမျှအတန်းပေးဝေခဲ့ကြသည်။ ရှင်ပြုအလှူတော်အောင်ပွဲအဖြစ် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု စုပေါင်းသုံးကြိမ် ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ ဒေသခံတိုင်းရင်းသား ရင်သွေးငယ်(၅၀)ဦးကို ရှင်ပြုမင်္ဂလာ အလှူပြုလုပ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရန်ကုန်အလှူရှင် မိသားစုက ရှင်းလင်းပြောပြသည်မှာ -
"ကျွန်တော်တို့အများစုမှာ အရင်တုန်းက ဒီ နမ့်လန်ဒေသကို မရောက်ခဲ့ဖူးပါဘူး။ ယခု ဆရာတော် ဦးဥာဏောဘာသနဲ့ သိကျွမ်းခဲ့ရပြီးနောက် ဒီဒေသရဲ့ သာသနာတော် ပိုမိုထွန်းကားပြန့်ပွားရေးနဲ့ တိုင်းရင်းသားချင်း ချစ်ခင်ရင်နှီးမှု ပိုမိုတိုးပွားလာရေး ရည်ရွယ်ချက်နဲ့ ခုလို ရှင်ပြုပွဲကို လာရောက်လှူဒါန်းပြုလုပ်တာဖြစ်ပါတယ်။ ယခင်က မရောက်ဖူး၊ မသိဖူးတဲ့ဒေသက တိုင်းရင်းသား ရင်သွေးငယ်လေးများကို ကိုယ့်ရင်သွေးကဲ့သို့ သာသနာ့အမွေ ခံယူခွင့်ရရှိခဲ့တာဟာ ရခဲကြုံခဲတဲ့ အခွင့်အရေးကြီးလို့ မြင်ပါတယ်။ ဆရာတော်နဲ့ နမ့်လန်ဒေသခံတိုင်းရင်းသား မိဘညီအစ်ကိုမောင်နှမတွေဘက်ကလည်း ဒီ ရှင်ပြုပွဲကြီးဖြစ်မြောက်အောင်မြင်စေဖို့ အဖက်ဖက်က စေတနာထားကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ကူညီမှု စေတနာများကိုလည်း ကျေးဇူးတင် သာဓုခေါ်မိပါတယ်။ ကျွန်တော်တို့ ယခင်က မမြင်ဖူး မကြုံဖူးတဲ့ ရှမ်းအိုးစည်ဝိုင်းများနဲ့ ရှမ်းအက ရှမ်းအလှများအပြင် ရှမ်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုပါ တွေ့မြင်သိရှိရလို့ အထူးပဲဝမ်းသာကြည်နူးခဲ့ရပါတယ်။"ဟု ဆိုသည်။ သာယာလှပ၍ ချမ်းမြေ့ကြည်နူးဖွယ်ရာကောင်းလှသော နမ့်လန်ငြိမ်းချမ်းရေးနယ်မြေမှ ဤကဲ့သို့ ထူးခြားသည့် အလှူမင်္ဂလာပွဲမျိုး နောက်ထပ်ပေါ်ပေါက်ပြန့်ပွားလာနိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလိုက်မိသည်။ ထိုနောက်မှာတော့ - တန်ခူးလ၏ လရောင်အောက်မှ ငြိမ်းချမ်းသောပန်းခင်းလမ်းအတိုင်း ည ၇ နာရီအချိန်မှာ သီပေါမြို့ဆီသို့ ပြန်ထွက်ခွာလာခဲ့ပါတော့သည်။

သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း
သီပေါမြို့
၀၉ - ၄၀၃၇၀၈၈၉၇


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment