For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 25 April 2014

ဟင်းလျာလည်းဖြစ်၊ဆေးဖက်လည်းဝင်သည့် ခရမ်းကစော့ပင် (ဆောင်းပါး) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စိုင်းလူမင်း...
        သဘာဝတောတောင်များနှင့် ကျေးလက်ဒေသများတွင်
 အလေ့ကျပေါက်သည့် ခရမ်းကစော့ပင်မှ ခရမ်းကစော့သီးများကို
 ဆွတ်ခူး၍  ကောလင်းဈေးကွက်တွင် နို့ဆီ(၁)ဘူးလျှင် ၁၅၀ိ/-ဖြင့်
ရောင်းချနေရသဖြင့် ကျေးလက်ဒေသခံအချို့ ၀င်ငွေရလျှက်ရှိကြောင်း
သိရသည်။
         ခရမ်းကစော့ပင်သည် အခက်အလက်များပြီး အကိုင်း
အခက်တို့သည် ကွေးကောက်၍ မာသောဆူးများရှိသည်၊ ဆူးများ
ပြီး အသီးသေး၍ အရွက်နှင့်အပွင့်မှာ ခရမ်းရွက်နှင့် တူသည်။ ခရမ်း
ကစော့ပင်ကို ပဉ္စ ငါးပါးဆေးအဖြစ် အသုံးပြုသည်။ ခရမ်းကစော့သည်
စပ်ရှားရှားအရသာရှိပြီး ခါး၍ပူသည်၊ သလိပ်နှင့် လေဒေါသကိုနိုင်
သည်၊ နှုတ်ကိုမြိန်စေသည်၊ အဖျား၊ ပန်းနာနှင့်ချောင်းဆိုးခြင်း၊
 နှလုံးရောင်၊ ပျို့အန်နာ၊ ယားနာ၊ နူနာတို့ကို ပျောက်ကင်းစေနိုင်
သည့် အာနိသင်ရှိသည်ဟု တိုင်းရင်းဆေးဆရာတစ်ဦးထံမှ သိရသည်။
         ခရမ်းကတော့သီးကို ဟင်းလျာအဖြစ် ကြိုက်နှစ်သက်ရာ အသီး၊
အရွက်၊ အသားတို့နှင့် ရောနှော ကြော်လှော်ချက်ပြုတ်စားကြသလို
 အချဉ်ဟင်းချက်ရာတွင်လည်း ကြိုက်နှစ်သက်ရာအသီး၊ အရွက်၊
အသား တို့နှင့် ရောနှောချက်ပြုတ်စားကြသည်၊ ချွဲသလိပ်ချောင်း
ဆိုးဖြစ်ပါက ခရမ်းကစော့သီးကို ဆားဖြင့်ထောင်း၍ စားသုံးပါက
ပျောက်သည်၊ရင်ကြပ်ပန်းနာသမားမျာ
းအတွက် ခရမ်းကစော့သီး
အမြစ်ကို သကြားနှင့် ကြိုချက်၍ မှန်မှန်သောက်ပေးပါက ပျောက်
သည်၊။ အမြစ်ကိုသွေး၍ သွားရင်း၌ သိပ်ပေးပါက သွားနာ၊သွားကိုက်
ပျောက်သည်။ဆီးပူခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးတစ်စက်တစ်စက်သွားရ
ခြင်းများအတွက် အမြစ်ကို ဆံဆေးရည်ဖြင့် သွေးကာ သကြားချိုချို
ခတ်၍  သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပြီး မြွေဆိပ်၊
 ကင်းဆိပ်များအတွက် ပဉ္စ ငါးပါးပြုတ်ရေကို သောက်ပေးခြင်း၊အမြစ်
ကိုသွေး၍  လိမ်းပေးခြင်းဖြင့် အဆိပ်ပြေသက်သာစေသည်ဟုဆို
ပါသည်။
                                         စိုင်းလူမင်း၊မီဒီယာဂရု
                                            Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment