For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 8 April 2014

DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်ဦး(ခ)ဦလှိုင်လှိုင် တို့အား မကွေးမြို့နယ်တရားရုံးမှ ထောင်(၁)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပြီ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


ဝိုင်းကြည်အောင်


မကွေးမြို့နယ်တရားရုံးတွင် ဧပြီ(၇)ရက်၊ နေ့(၁၂း၃၀)နာရီအချိန်မှာ ရာကြီးအမှုအမှတ်(၁၉၃၉/၂၀၁၂) ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့် တရားလို မကွေးတိုင်းဒေသကြီး လက်ထောက်တိုင်းပညာရေးမှူး(စစ်ဆေးရေး)က စွဲဆိုသောအမှုဖြစ်သည်။ ၎င်း အမှုမှ DVB သတင်းထောက်နှစ်ဦးတို့ကို တရားခံ သူရသက်တင်(ခ)ဇော်ဖေ မကွေးမြို့အား ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၃၅၃အရ ထောင်ဒဏ် တစ်နှစ် တို့အား တစ်ပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ကြောင်း၊ ပူးတွဲ တရားခံ ၀င်းမြင့်လှိုင်(ခ) လှိုင်လှိုင် တောင်တွင်းကြီးမြို့ တို့ကိုလည်း ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၁၁၄ အရ ထောင်ဒဏ် တစ်နှစ်တို့ကို ပူးတွဲကျခံစေရန် မကွေးမြို့နယ်တရားသူကြီး ဒေါ်နန်းဟောက်နျန် က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
          အမှုဖြစ်စဉ်အကျဉ်းမှာ (၂၄-၈-၂၀၁၂)နေ့က မကွေးတိုင်းပညာရေးမှူးရုံးပေါ်တွင် စာရေးအဆင့်၁ ဦးခင်အောင်အခန်း၌ စာရေးအဆင့် ဒေါ်မြင့်မြင့်ဌေးမှ လက်နှိပ်စက်ရိုက်နေစဉ် DVB သတင်းထောက်နှစ်ဦးက အခန်းထဲသို့ရောက်လာပြီး ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွက် မေးမြန်းရာလာကြောင်း၊ ဒေါ်မြင့်မြင့်ဌေးပါ စာရေး(၆)ဦးတို့မှ လူကြီးမရှိကြောင်း အစည်းအဝေးသွားနေကြောင်းပြောဆို၍ လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးထံသို့ ပို့ပေးခဲ့ကြောင်း၊ ဦးမောင်ဌေးမှ အစိုးရကိစ္စအား စည်းကမ်းနှင့်အညီလုပ်ဆောင်နေပါကြောင်း ပြောနေစဉ် သတင်းထောက်နှစ်ဦးမှ တစ်ဦးက သတင်းဓာတ်ပုံများရိုက်ခြင်းကို တားမြစ်ရာ ဆက်လက်လုပ်ဆောင် နေသဖြင့်  လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးမှ တရာလိုပြုလုပ်၍ ၂၅-၃-၂၀၁၂ နေ့တွင် (ပ) ၂၀၄/၁၂ ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့်တရားစွဲဆိုခဲ့ရာ၃၁-၈-၂၀၁၂နေ့တွင် စွဲချက်အမှတ် ၁၈၃/၂၀၁၂ အရ မကွေးမြို့တရားရုံးသို့စွဲတင်ခဲ့ကြောင်း၊ မကွေးမြို့နယ်တရားရုံးရာကြီးရုံးတွင် အမှုအမှတ် ၁၉၃၉/၂၀၁၂ ဖြင့် လက်ခံခဲ့သောအမှုဖြစ်ကြောင်း အမှုမှတ်တမ်းမှ သတင်းရရှိသည်။
          မကွေးမြို့နယ်တရားရုံးမှ DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်လှိုင် (ခ)ဦးလှိုင်လှိုင် တို့ထံသို့ ရန်ကုန်ရုံချုပ်DVB သတင်းဌာန ဦးဇေယျ၊ မကွေးမြို့မှ ရုပ်သံသတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များ စုစုပေါင်း(၁၅)ဦးခန့် လာရောက်သတင်းယူ၍ အားပေးစကားပြောဆိုကြောင်း သတင်းရရယူခဲ့သည်။
ဝိုင်းကြည်အောင်
 uwinkyi0@gmail.com


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment