စိုင်းလူမင်း...
စစ်ကိုင်းတိုင်ဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင်
ဧပြီ ၃ရက် နံနက်၁၀း၃၀ အချိန်တွင် ပင်လည်ဘူးမြို့
နယ်၊ မြေလင်းကျေးရွာရဲကင်းစခန်းမှ ဒုရဲအုပ် ခင်မောင်
ညွှန့် ဦးစီးသောအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး
သတင်းအရ ပင်လည်ဘူးမြို့နယ်၊ ၀ဲလာကျေးရွာအနီး
သစ်ထုတ်လုပ်ရေး ကားလမ်းမပေါ်၌ ကျဉ်ပွေ့သလင်
ကျေးရွာမှ ၀ဲလာကျေးရွာဘက်သို့ ယာဉ်မောင်း ဦးမင်း
မောင်းနှင်ပြီး နောက်မှထွန်းလွင်တို့ မောင်းနှင်လာ
သော ကမ်ဘိုဆိုင်ကယ်၊ ယာဉ်အမှတ်(စီစစ်ဆဲ)အား
မင်္သကာ၍ ရပ်တန့်စစ်ဆေးရာ ဦးမင်းဝတ်ဆင်ထား
သော အင်္ကျီနက်ပြာရောင် အိတ်ကပ်ထဲမှ ဘိန်းဖြူဟု
ယူဆရသော အဖြူအမှုန့်(၀.၂၅) ဂရမ်ခန့်ပါ ပင်နယ်
ဆလင်ပုလင်း(၁)လုံးနှင့် ထွန်းလွင် ၀တ်ဆင်ထားသော
အင်္ကျီအ၀ါရောင်အိတ်ကပ်ထဲမှ ဘိန်းဖြူဟုယူဆရသော
အဖြူရောင်အမှုန့် (၀.၂၅)ဂရမ်ခန့် ပါ ပင်နယ်ဆလင်
ပုလင်း (၁)လုံး၊ စုစုပေါင်း(၀.၅၀)ဂရမ်၊ ကာလတန်ဖိုး
(၅၀၀၀၀) ကျပ်ခန့်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နဲ့ပတ်သတ်၍ ပင်လည်ဘူးရဲစခန်းမှ ဦးမင်း
(ဘ)ဦးဘအေး(၃၄)နှစ်၊ တောင်သူ၊ အထက်သီတရာ
ကျေးရွာ၊ကောလင်းမြို့နယ် နှင့် ထွန်းလွင် (ဘ)
ဦးနောက်ယော် (၃၇)နှစ်၊ တောင်သူ၊ ၀ဲလာကျေးရွာ၊
ပင်လည်ဘူးမြို့နယ် နေသူတို့အား မယ(ပ)၁၅/၂၀၁၄
မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/ ၂၀(က)/၂၁ဖြင့် အမှု့ဖွင့်
အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment