For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 26 April 2014

အဂတိလိုက်စားသောသာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ထွေအုပ်စာရေးမတို့ အားအရေးယူပေးပါရန်တိုင်ကြားခြင်း။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့ 
၁။ဝန်ကြီးချုပ် မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ ။
၂။တိုင်းအုပ်ချုပ်ရေးမှူး
တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီ
းဌာန
မန္တလေးတိုင်းဒေသကြီး။
၃။ခရိုင်အုပ်ချုပ်ရေးမှူး
မိထ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန။
၎။မြို့နယ်အုပ်ချုပ်ရေးမှူး
သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန။
အကြောင်းအရာ။ ။သာစည်မြို့နယ်
ကွမ်းခြံရိုးကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့်တာဝန်ကျထွေအုပ်စါရေး
တို့ အားအဂတိလိုက်စားမှုအရအရေးယူ
ပေးပါရန်တိုင်ကြားခြင်း။
၁။ မိထ္ထီလာခရိုင် သာစည်မြို့နယ်
ကွမ်းခြံရိုးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တါဝန်ကျထွေအုပ်စာရေးမတို့ သည်နိုင်ငံတော်မှ
တန်ဖိုးနည်းဖုန်းများပထမအကြိမ်ချထား
ပေးစဉ်ကခွဲတမ်းအတိုင်းချထားပေးခြင်း
မရှိသည့်အပြင် မိမိတို့ ရလိုသောသူများ
နှင့်ဆွေမျိုးများပေါက်စေရန်မဲလိပ်အတိုအ
ရှည်ပြုလုပ်ကာမဲနှိုက်ခဲ့သောကြောင့်မကျေနပ်သူများကမြို့နယ်အုပ်ချုရေးမှူးထံ၂၀၁၃
ခုနှစ် ဇူလိုင်လက တိုင်ကြားခဲ့သော်လည်း
မြို့နယ်အုပ်ချုပ်ရေးမှူးမှမည်သို့ မျှအရေး
မယူခဲ့ပါ။
၂။ ဒုတိယအကြိမ်ဆင်းကတ်များချ
ထားပေးသည့်အခါတွင်လည်းကျေးရွာအုပ်
ချုပ်ရေးမှူးကိုယ်တိုင်မြို့နယ်ဆက်သွယ်ရေးရုံးတွင်ဆင်းကတ်ပေါက်သောသူများထံမှ
လဘက်ရည်ဘိုးဟုဆိုကာငွေ ၁၀၀၀ိ ကို
စောင့်ဆိုင်းတောင်းခဲ့ပါသည်။နှုတ်မှလည်း
ရွာကနေလါရတါလဘက်ရည်ဘိုးတေါင်းလို့
တိုင်ချင်ရာတိုင် ဘယ်ကောင့်ကိုမှသောက်
ဂရုမစိုက်ဖူးဟုလည်းပြောနေပါသေးသည်။
ကျေးရွာသူ ရွာသားများကရွေးချယ်ခဲ့သော
သူတစ်ဦးကျေးရွာအပေါ်ဖြန်ကျနေခြင်းမှာ
အလွန်ပင်ခံပြင်းလှပါသည်။ကျေးရွာအုပ်
ချုပ်ရေးမှူးပြောတာမှန်နေပြီထင်ပါသည်။
သူနှင့်စာရေးမကမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ရုံးအဖွဲ့ အလွန်ပိုင်ကြောင်း တိုင်လိုသူရှိက
လိုက်ပို့ ပေးအုံးမည်ဖြစ်ကြောင်းသူ၏အိမ်မှ
အော်ကြီးဟစ်ကျယ်ပြောဆိုနေသည်ကိုနေ့ 
စဉ်ကြားနေရပါသည်။
၃။ ယခုလည်းတတိယအကြိမ်အဖြစ်
ကျေးရွာသို့ လဝကတိုက်နယ်မှူးနှင့်အဖွဲ့ 
အိမ်ထောင်စုစာရင်းအသစ်အဟောင်းလဲ
ခြင်း လူဦးရေတိုးခြင်းလျှော့ခြင်း မှတ်ပုံတင်
အသစ်ပြုလုပ်ခြင်း အဟောင်းလဲခြင်းတို့ 
အတွက်ငွေများတောင်းခံနေ၍ မကျေနပ်သူ
များကပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းစိုးထံသွားရောက်တိုင်ကြားခဲ့၍
ဦးသန်းစိုးမှဖုန်းဖြင့်ငွေကောက်ခြင်းရပ်ဆိုင်း
ရန်ပြောခဲ့ ၍လုပ်ငန်းဆက်မလုပ်ဘဲရပ်ဆိုင်း
ပြီးပြန်သွားသောကြောင့်မလုပ်ရသေးသူ
များမှာမကျေမနပ်ဖြစ်ခဲ့ရပါသည်။နောက်
လေးငါးရက်ခန့် အကြာတွင်လဝကတိုက်
နယ်မှူးမှငွေကိုသူမတောင်းကြောင်
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးမတို့ သာ
တောင်းကြောင်းပြောဆိုခဲ့ပြီးနောက်ပိုင်း
မကျေနပ်သူများကအင်တာနက်ဥုံသတင်း
မှတစ်ဆင့်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည့်
အတွက်ရာအိမ်မှူး၏ရင်သွေးငယ်ကပြဿ
နာရှာမည့်သူများ၏နေအိမ်အရောက်ငွေ
များပြန်ပေးခဲ့ပါသည်။သို့ သော်စာရေးမ
ကောအုပ်ချုပ်ရေးမှူးကိုပါမြို့နယ်မှမည်
သည့်အရေးယူမှုမှမလုပ်ခဲ့ပါ။
၎။ နိုင်ငံတော်သည်သန့် ရှင်းသော
ကောင်းမွန်သောနိုင်ငံအသွင်ဖန်တီးနေသူကဖန်တီးနေပါသည်။အဂတိလိုက်စားမှု
ကင်းရှင်းရေးအတွက်နိုင်ငံတော်သမ္မတမှ
ကော်မရှင်များဖွဲ့ စည်းပေးပြီး အဂတိလိုက်
စားမှုရှိခဲ့ပါကတိုင်ကြားနိုင်ကြောင်းကမ္ဘာ
သိကြေညာထားပြီးဖြစ်သော်လည်းသမ္မတ
ကြီးပြောသလိုသုံးသိန်းမပြည့်၍အရေးမယူ
လားသိချင်နေပါသည်။အဂတိအကြိမ်ကြိမ်
လိုက်စားနေသောကွမ်းခြံရိုးကျေးရွာအုပ်
ချုပ်ရေးမှူးနှင့်တာဝန်ကျစာရေးမတို့ ကို
မြို့နယ်အုပ်ချုပ်ရေးမှူးမှဘာကြောင့်အရေး
မယူပါသလဲ ? နိုင်ငံတော်မှပေးသောလစာ
ရိက္ခာများစားနေပါလျင်နိုင်ငံ့ဝန်ထမ်းတါဝန်
ကျေရပါလိမ့်မည်။
၅။ သို့ ဖြစ်ပါ၍အဂတိလိုက်စားမှု
အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကျေးရွာအုပ်ချုပ်
ရေးမှူးအားအရေးယူပေးပါရန်နှင့်ထွေအုပ်
စာရေးမကိုအခြားနေရာပြောင်းရွှေ့ ပေးပြီး
ရိုးသားကြိုးစားသောစာရေးတစ်ဦးအမြန်
ဆုံးခန့် ထားပေးပါရန်တောင်းဆိုတိုင်ကြား
အပ်ပါသည်။
ကျေးရွာသားများကိုယ်စား
တောင်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment