For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 10 April 2014

ကောလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် သင်္ကြန်ကာလအတွင်း သယ်ဆောင်မည့် တမလန်းသစ်များ ဖမ်းဆီးရမိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း....
      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်
သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဆွေ ဦးဆောင်သော
တောအုပ်ကြီး ဦးမောင်မောင်စီုးဝေ၊ တောအုပ်ကြီး ဦးဇော်မိုး
ဟိန်း၊ တောအုပ် ဦးခင်မောင်ဇင်၊ တောအုပ် ဦးအောင်ထွန်းဦး၊
  တောခေါင်း ဦးအောင်လှိုင်တို့အဖွဲ့သည် သင်္ကြန်ကာလအ
တွင်း သယ်ဆောင်မည့် တရားမ၀င် တမလန်းသစ်များ သယ်
ယူစုပုံထားကြောင်း သတင်းအရ ဧပြီ(၇)ရက် ညနေ(၃)နာရီ
အချိန်ခန့်တွင် ညောင်ပင်သာ ကျေးရွာမြောက်ဘက် ခန့်မှန်း
မြေပုံညွှန်း GB-724307 နေရာ၌  ၀င်ရောက်ရှာဖွေရာ တမလန်း
ဓါးရွေတုံး (၅၇)တုံး၊ (၅.၆၆၀၀)တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရ
မိခဲ့သည်။
        ကောလင်းမြို့နယ်သစ်တောဦးစီးဌာ
နတွင် သစ်တောကြိုး
ဝိုင်း(၁၂)ခု၊ ကြိုးပြင်ကာကွယ်သော (၁၀)ခု ရှိ၍ သစ်တောဖုံးလွှမ်း
မှုဧရိယာမှ (၆၀.၉)၇ာခိုင်နှုန်းရှိပြီး သစ်တောများ၏ သဘာအ
လျှောက် ဓမ္မတာမျိုးဆက်ခြင်း၊ ပ၀တ္တိမျိုးဆက်ခြင်း၊ ကောင်းမွန်
လာသဖြင့် သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်လျှက်ရှိပြီး တရားမ၀င်တမလန်းသစ်များ ခိုးထုတ်
သယ်ဆောင်နေမှုကိုလည်း ဖမ်းဆီးဆောင်ရွက်လျှက်ရှိရာ၂၀၁၃
ခုနှစ်၊ ဧပြီလမှ ၂၀၁၄ခုနှစ်၊ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း တမလန်း
လုံးတန် (၉.၆၁၂)တန်၊  တမလန်းချောင်းတန်(၈၇.၄၃၇)တန်၊ စုစု
ပေါင်း တမလန်းသစ်(၉၇.၀၄၉) တန် ဖမ်းဆီး ရမိခဲ့ကြောင်း သိ
ရသည်။
       တမလန်းသစများသည် ကောလင်းမြို့နယ်ရှိ သစ်တောကြိုး
ဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင်  ဓမ္မတာမျိုးဆက်ခြင်းဖြင့်
ပေါက်ရောက်သည့် တမလန်းသစ်များကို ခိုးထုတ်သယ်ဆောင်လာ
ပြီး ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းမကြီးနှင့် နှးစပ်သည့်
ကျေးရွာများသို့ စုပုံ၍ မန္တလေးဘက်မှ တရုတ်နိုင်ငံဘက်သို့ နည်း
မျိုးစုံဖြင့် သယ်ယူရောင်းချလျှက်ရှိကြောင်း သိရသည်။
                                     စိုင်းလူမင်း၊မီဒီယာဂရု
                                    Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment