For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 2 April 2014

``စတုတ္ထအကြိမ် မကွေးမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း (အခမဲ့) မှ သင်တန်းသား/သူများ ဖိတ်ကြားလွှာ´´ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ အောင်မြေရတနာကျောင်းတိုက်၌  ၂၀၁၄ ဧပြီ(၅)ရက်မှ (၉)ရက်နေ့ထိ (၅)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှညနေ(၅)နာရီအချိန်အထိ စတုတ္ထအကြိမ် မကွေးမြို့နယ် လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း (အခမဲ့) ကျင်းပမည်ဖြစ်ကြောင်း၊ အသက်(၁၀)နှစ်နှင့်အထက် သင်တန်းသား သင်တန်းသူများ (အခမဲ့)တက်ရောက်နိုင်ကြောင်း၊ သင်တန်းသား များအတွက် ယောဂီတဘက်၊ လက်ဆွဲအိပ်၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင် တို့တွင် လှူဒါန်းသော လုပ်ငန်းရှင်များ၏ လုပ်ငန်းတံဆိပ်များ ရိုက်နှိပ်၍ မှတ်တမ်းတင်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား တစ်ဦးအတွက် (၁၄၂၅)ကျပ် ကုန်ကျမည်ဖြစ်ကြောင်း၊ ဝေယျာဝစ္စကုသိုလ်၊ အဟာရကုသိုလ်၊ မှတ်တမ်းဗီဒီယို၊ ဓာတ်ပုံကုသိုလ်၊ သင်တန်းသားများအတွက်လက်ဆောင်ကုသိုလ်များ လှူဒါန်းလိုလျှင် အောင်မြေရတနာ အလှူခံမဏ္ဍာပ်သို့ ကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း ၀၉-၅၃၄၀၅၈၈ နှင့် ၀၉-၅၃၄၂၀၃၁ များသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သတင်းရရှိသည်။
``မျိုးဆက်သစ်ရင်သွေးငယ်လေးတွေ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးစိတ်နဲ့ ဗုဒ္ဓသာသနာတော်အဆုံးအမ တွေကို သက်ဝင်ယုံကြည်လာစေဖို့။ မျိုးဆက်သစ်ရင်သွေးငယ်များ လိမ္မာယဉ်ကျေးလာစေဖို့။ မျိုးဆက်သစ် လူငယ်များ အနာဂတ်သာသနာတော်အတွက် အားဖြည့်နိုင်သူများ ဖြစ်ပေါ်လာစေဖို့အတွက် ဒီသင်တန်းကို ကျင်းပပေးခြင်းဖြစ်ပါတယ်။ နှစ်စဉ်ယခုလိုကျောင်းတွေပိတ်ရက်နွေရာသီမှာ ကျင်းပလာခဲ့တာ၊ ယခုနှစ်က စတုတ္ထ အကြိမ်ဖြစ်ပါတယ်..။´´ဟု အကျိုးတော်ဆောင်လူကြီး ဦးအောင်လင်းက ပြောသည်။
          သင်တန်းပို့ချသူများမှာ နေပြည်တော်-လယ်ဝေး၊ သပြေပင် ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန၊ ပဓာန နာယကဆရာတော် အရှင်ခေမာနန္ဒ ဦးစီး၍ ကျွမ်းကျင်သည့်သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ဗီဒီယို သရုပ်ဆောင် ထူးခန့်ကျော်၊ လူရွှင်တော် ကျော်ထူး၊ လူရွှင်တော် စာရေးဆရာ ချစ်စရာ နှင့် စာရေးဆရာ ဒေါက်တာ လင်းသုတ တို့ဖြစ်ကြောင်းသိရသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း (အခမဲ့)သို့ တက်ရောက်လိုသူသင်တန်းသား၊ သင်တန်းသူများသည် ဧပြီ(၃)ရက်နေ့အထိ စာရင်းပေးသွင်း နိုင်ကြောင်း၊ ဤသင်တန်းသို့ သင်တန်းသား/သူပေါင်း(၁၅၀၀)ဦးလက်ခံမည်ဟု အကျိုးတော်ဆောင်လူကြီး ဦးအေးကိုကို က ပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment