မြန်မာတစ်နိုင်ငံလုံး ဘယ်တိုင်း ဘယ်ပြည်နယ်
ဘယ်မြို့နယ်တွေမှာမှမလုပ်ပဲ ဧရာဝတီတိုင်း မအူပင်ခရိုင် မအူပင်မြို့နယ်
တစ်ခုတည်းမှာပဲ ယစ်မျိုးလိုင်စင်များဖြစ်တဲ့ FL12,FL11 လိုင်စင်တွေကို
နိုင်ငံခြားဖြစ်အရက်အမျိုးမျိုး လက်လီ လက်ကားရောင်းချခွင့်သာ
ဖြစ်တယ်ဆိုပြီး D1 အရက်ချက်စက်ရုံလိုင်စင်(D1 အရက်ချက်စက်ရုံရှိနေသော်လည်း
ထိုစက်ရုံမှာ လည်ပတ်မှုမရှိပါ)FL6 အရက်ဖြူ လက်ကားဖြန့်ဖြူးရေးလိုင်စင်
ပိုင်ရှင် ဦးဝေလွင်မြင့်ခိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးအေးသောင်း၊မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သူရ၊ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး။ရဲစခန်းမှူး၊စရဖ၊SB
များနှင့်ပူးပေါင်းပြီး ခရိုနီဆန်ဆန် အရောင်းဝယ်ကောင်းသောယခုလို
သင်္ကြန်ကာလအမှီ ဧပြီလ ၁ ရက်နေံမှ စပြီး ပြည်တွင်းဖြစ်အရက်များဖြစ်သော
ဇေအရက်သန့်၊မန်းရက်သန့်၊နာနတ်ဝိုင် ဘီအီးနှင့် ပတ်သက်သောအရက်များအားလုံး လက်ဝယ်ထားရှိခြင်း၊ရောင်းဝယ်ြ ခင်းများမပြုလုပ်ရန် တားမြစ်စာထုတ်ပြီး သူတစ်ဦးတည်းမှသာလက်ဝယ်ထားရြှိ ခင်း ရောင်းဝယ်ခြင်းကိုပြုလုပ်ရမြှာ ဖစ်ကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ပြီးကြောင်းဟုပြော ဆိုပြီး မအူပင်ထွေအုပ်ရုံးတွင် အစည်းဝေးပြုလုပ်ကာတားမြစ်ခဲ့ပါ သည်။ ထိုသို့ အမိန့်ထုတ်ကြောင်းအထောက်အထားစာ ရွက်စာတမ်းကိုပြသခြင်းမရှိပဲ မြို့နယ်ဒုတိယဦးစီးမှူး ဦးနိုင်လင်းထွန်းလက်မှတ်ဖြင့် သာ အမိန့်ထုတ်ဆိုခဲ့ပြီး ဘယ်မြို့နယ်မှာမှ ယခုကဲ့သို့မရှိကြောင်းသွားရောက် ပြောဆိုရာတွင်
ကိုယ့်မြို့နယ် ကိုယ့်အမိန့်ဟုသာပြောခဲ့သည့် အတွက်
FL12,FL11လိုင်စင်များမှာ များစွာနစ်နာရပြီး မည်သူ့ကိုတိုင်တန်းရမည်
မည်သူ့ကိုမေးမြန်းရမည် မသိပါသဖြင့် ဥုံ မှတဆင့်
မြန်မာတစ်ပြည်လုံးသိရှိနိုင်ရန် (ပြည်ထဲရေးဝန်ကြီးဌာနမှ သက်ဆိုင်သော လူကြီးများသိရှိနိုင်ရန်) ရေးသားပေးပို့ရခြင်းဖြစ်ပါသည်။
FL12/FL 11 လိုင်စင်ဆီများFor Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း

Download ဆွဲနည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment