သီပေါ၊ဧပြီ၁၄-
ဗုဒ္ဓသာသနာတော်ထွန်းကားရေးနှင့် ရှမ်းမြန်မာချစ်ကြည်သွေးစည်းရေး အတွက်ရည်ရွယ်လျက်-
ရန်ကုန်မြို့နေနှစ်ဖက်သောမိဘများအားအမှူးထား၍ ဦဘုန်းမြင့်+ဒေါ်စီစီဝင်း၊
ဦးမျိုးမြင့်+ဒေါ်သန္တာအေးနှင့် သားသမီးများဖြစ်ကြသည့် ဦးခိုင်ညွန့်+ဒေါ်လှိုင်ပန်ထွာ၊ ဦးကျော်ထူး+ဒေါ်ခိုင်မာလာ- ညီမဒေါ်ခိုင်ရွှေဝါ၊မောင်မင်းခန့် ဟိန်းမိသားစုကသီပေါမြို့နယ်၊ နမ့်လန်မဇ္ဓျိမာရာမစာသင်တိုက်ဆရာ တော်ဘဒ္ဒန္တဥာဏောဘာသအားကံထပ်မင်္ဂလာ နှင့်ဒေသခံရှမ်းတိုင်းရင်းသား ရင်သွေးငယ်(၅၀) ဦးအားရှင်ပြုပေးခြင်းအလှူတော် မင်္ဂလာအခမ်းအနားကိုဧပြီ၁၃ရက်ေ န့ကနမ့်လန်၌ကျင်းပခဲ့သည်။
အစီအစဉ်အရ၊ဒေသခံတိုင်းရင်းသား ရင်သွေးငယ်ရှင်လောင်း(၅၀)အား
ရှ မ်းရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီပုခုံးထမ်း၍၊ရှမ်းအိုး စည်ဗုံမောင်းအတီးအမှုတ်များ
၊ရှ မ်းသဘာဝအကအလှများဖြင့် နမ့်လန်မြို့တွင်းသို့လှည့်လည် ခဲ့ကြသည်။ဆက်လက်၍၊နမ့်လန်မဇ္ဓျိ မာရာမကျောင်းတိုက်အတွင်း၌ရှင်ေ လာင်းလှည့်ပွဲ၊ရှမ်းယဉ်ကျေးမှု အဆိုအကများဖြင့်ဂုဏ်ပြုဖျော်ြေ ဖပွဲများကျင်းပပြီးနေ့လည်ပိုင်း တွင်ရှင်လောင်းများအားဆံချပေး ခဲ့ကြသည်။ရှင်လောင်းများအားဆရာေ တ်ာသံဃာတော်များကြီးကြပ်စီမံ၍ရှ င်သာမဏေအဖြစ်သွတ်သွင်းချီးမြှင့် ကာဆရာတော် ဘဒ္ဒန္တဥာဏောဘာသကအနုမောဒနာ တရားဟောကြားချီးမြှင့်တော်မူ သည်။ထို့နောက်ဆရာတော် ဘဒ္ဒန္တဥာဏောဘာသ အားကံထပ်မင်္ဂလာကျင်းပပြီးဆရာတော် သံဃာတော်များနှင့်ရှင်သာမဏေများ အားအလှူရှင်များ၊ဒေသခံတိုင်းရင်း သားများကလှူဖွယ်ဝထ္တုပစီည်းများ ဆက်ကပ်လှူဒါန်း၍၊ကောင်းမှုအစုစု အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ ကြကြောင်းသိရသည်။ ။ သီပေါကိုလတ်
သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း
သီပေါမြို့
ဖုန်း ၀၉-၄၀၃၇၀၈၈၉၇
No comments:
Post a Comment