သီပေါ၊ဧပြီ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်အတွင်းမြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုသည့်အနေဖြင့်လမ်းပန်းဆက် သွယ်ရေးကောင်းမွန် အဆင်ပြေစေရေးအတွက်မြို့အတွင်းဖြတ်သန်းစီးဆင်းလျက်ရှိသောနမ့်ပေါ့ချောင်းဖြတ်၍မြို့လယ်ရပ်ကွက်နှင့် ဇာတ်စုရပ်ကွက်တို့ဆက်သွယ်နိုင်မည့် (၂၀`x၁၆`)အရွယ်အစားရှိသံကူကွန်ကရစ်တံ တားသစ်ဖွင့်လှစ်ပွဲကိုယနေ့နံနက်၉နာရီကအဆိုပါတံတားသစ်မုခ်ဦး၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ဇော်ကအမှာစကားပြောကြာြး ပီးမြို့လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဘိုနီကကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍၊တံတားသစ်အလှူရှင်(AAA)ကုမ္မဏီလီမီတက်ရှမ်း/မြောက်တာဝန်ခံ ဦးစောနိုင်+ဒေါ်မိုးမိုးအေးမိသားစုကလှူဒါန်းသော ငွေကျပ်သိန်း၂၈၀ကျော်ခန့်အကုန် အကျခံတည်ဆောက်ခဲ့သည့်စာရွက်စာတမ်းများကိုအလှူရှင်ဦးစောနိုင်ကသီပေါမြို့ နယ်စည်ပင်သာယာရေးဋ္ဌာန အမှုဆောင်အရာရှိဦးစိုင်းဝင်းမြင့်ထံလွှဲပြောင်းပေးအပ် သည်။
ထို့နောက်၊နမ့်ပေါ့ချောင်းကူးသံကူကွန်ကရစ်တံတားသစ်ကိုသီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိဦးစိုင်းဝင်းမြင့်နှင့်အလှူရှင် ဦးစောနိုင်(AAA)တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။တံ တားသစ်ဖွင့်ပွဲအခမ်းအနား သို့မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ရှမ်းပလောင်တိုင်းရင်းသားများစုစုပေါင်း (၂၅၀)ဦးကျော်တက်ရောက်ခဲ့ကြကြောင်းသိ ရသည်။ ။
သီပေါကိုလတ်
No comments:
Post a Comment