For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 8 April 2014

ကောလင်းမြို့နယ် တရားသူကြီးမှ စီရင်ချက် အလုပ်အကိုင်လက်မဲ့ ဖြစ်ရပြီး ကျွန်တော်၏မိသားစု လွန်စွာနှစ်နာသောကြောင့် ပြန်လည်စီစစ်ပေးပါရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ကျွန်တော်သည် (19.1.2002)ရက်နေ့တွင်
 စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ရှမ်းက
လုံးကျေးရွာနေ ပွားဦးဆိုသူမှ ကျွန်တာ်၏ (တုန်
ဖုန်း ကားအမှတ် YD.MDY.131) လာရောက်ပြီး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ၊
ချပ်သင်းအုပ်စု ဦးကင်းကြည်ကျေးရွာရှိ အခြေခံ
အလယ်တန်းကျောင်း (တွဲဖက်ဆောက်လုပ်ရန်
အတွက် ပျဉ်ခွဲသားများ သယ်ယူရန်အတွက်
လာရောက်ငှားခဲ့ရာ ကျွန်တော်၏ ကားမှာ
ကျွန်တော့်ကားဖြင့် သယ်ယူပေးခဲ့ရာ ကျွန်းတော
ရွာအနီးတွင် ကားပျက်နေစဉ် မြတ်နိုးသူ ကုမ္ပဏီမှ
ကောလင်းမြို့ သစ်တောဦးစီးသို့ တိုင်ကြားသော
ကြောင့် တောအုပ်ရန် နောင်ထွန်းနှင့် အဖွဲ့မှ လာ
ရောက်ဖမ်းဆီးခဲ့ရာ ပျဉ်ပိုင်ရှင်ဖြစ်သူ ပွားဦးမှ ဦးကင်း
ကြည် ကျေးရွာ စာသင်ကျောင်း ဆောက်လုပ်ရန်
အတွက် ဟု ပြောသောအခါ ဖမ်းဆီးသူ တောအုပ်ရန်
နောင်ထွန်းမှ ၎င်းဦးကင်းကြည်ကျေးရွာမှ စာသင်
ကျောင်း ကော်မတီများအား ခေါ်ပေးရာ ကောလင်း
မြို့ သစ်တောဦးစီးရုံးသို့ ရောက်သောအခါ ကျောင်း
ကော်မတီ(၁၇)ဦးအား တောအုပ်ဆန်းဦးမှ မဟုတ်
ရင် မင်းတို့အားလုံး ထောင်ထဲရောက်သွားမည်ဟု
 ပြောသောအခါ ၎င်းကျောင်းကော်မတီများသည်
ကြောက်လန့်ပြီး မှန်ကန်ကြောင်းထောက်ခံခြင်း
 မရှိခဲ့သောကြောင့် ကျွန်တော်နှင့် အတူ ပျဉ်ပိုင်ရှင်
ဖြစ်သူ ပွားဦးတို့မှာ ကောလင်း ရဲစခန်းတွင် သစ်
တောပုဒ်မ /၄၃(က)နှင့် အမှုရင်ဆိုင်ခဲ့ရပါသည်။
 အမှုရင်ဆိုင်ချိန်တွင် ကောလင်းမြို့နယ်တရားသူကြီး
 ဥပဒေအရာရှိ ကောလင်းရဲစခန်းမှူးတို့အား ငွေပေး
 ခဲ့ရသည်။ ဦးကင်းကြည်ကျေးရွာမှ ကျောင်းကော်မတီ
များအား စာသင်ကျောင်း အတွက် မှန်ကန်သော်လည်း
 သက်သေခံပေးရန်အတွက် ကျွန်တော်၏ မိသားစုမှ
ငွေပေးခဲ့ရသည်။
         ကျွန်တော်၏ ကားဖြင့် ၎င်းစာသင်ကျောင်းဆောက်
လုပ်ရန်အတွက် ပျဉ်ခွဲသားများအား ယခင်ကလည်း သယ်
ယူခဲ့ရဘူးပါသည်။ကျွန်တော်၏အမှုနှ
င့် ပတ်သတ် ၍
ကောလင်းမြို့နယ် တရားသူကြီးမှ ကျွန်တော်၏ကားအား
 အယူခံရက်အတွင်း လိုက်ပါဆောင်ရွက်ခြင်းမရှိပါက
 ပြည်သူပိုင်သိမ်းယူမည်ဟု ဒီဂရီချသောအခါ ပြောသော်
လည်း တရားသူကြီးမှ ဒီဂရီချပြီး (၂၇)ရက်ကြာမှ စီရင်
ချက်မိတ္တူကို ချပေးထားသောအခါ ကသာခရိုင်တရားရုံး
သို့သွားရောက်သောအခါ လက်မခံခဲ့ဘဲ  ကျွန်တော်၏
ကားမှာသိမ်းခံခဲ့ရသည်။ထို့ကြောင့် အလုပ်အကိုင်လက်မဲ့
ဖြစ်ရပြီး ကျွန်တော်၏မိသားစု လွန်စွာနှစ်နာသောကြောင့်
 ပြန်လည်စီစစ်ပေးပါရန် ယခုလို တင်ပြပါသည်

                                            ဦးလှထွဋ်
                                         ၅/ကလတနိုင်၀၀၂၄၄၈
                           အိမ်အမှတ် (၂၀၆) စက်ရုံလယ်ပြင်ရပ်
                            ကောလင်းမြို့၊စစ်ကိုင်းတိုင်းဒေသကြီး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment