For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 25 April 2014

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနညွှန် ကြားရေးမှူးချုပ်သို့ အသနားခံစာတင်ပြခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကြေးတိုင်နှင့်မြေစာရင်းဦးစီး
ဌာနညွှန်
ကြားရေးမှူးချုပ်ခင်ဗျာ
ကျွန်တော်တို့ဟာမြို့နယ်မြေစာရင်းဦး
စီးဌာနမှာထမ်းဆောင်နေကြတဲ့ယာယီ
နေ့စားဝန်ထမ်းများဖြစ်ကြပါတယ်။
၁.၁.၂၀၁၃မှစ၍၃၁.၃.၂၀၁၃ထိလုပ်
အားအကူအဖြစ်လည်းကောင်း၊
၁.၄.၂၀၁၃မှ၃၁.၇.၂၀၁၃ထိလုပ်အား
ပေးအဖြစ်လည်းကောင်း၊
၁.၈.၂၀၁၃မှ၃၁.၃.၂၀၁၄ထိယာယီ
နေ့စားဝန်ထမ်းအဖြစ်တာဝန်ထမ်း
ဆောင်လာခဲ့သည်မှာ၁နှစ်ကျော်ကာ
လရောက်ရှိလာပါပြီ။လယ်ယာမြေ
မှတ်ပုံတင်လုပ်ငန်းအတွက်ကျွန်တော်
တို့ရဲ့လုပ်အားတွေဟာအထောက်အကူဖြစ်ခဲ့တာအားလုံးသိကြပါတယ်ခင်
ဗျာ။အမြဲတမ်းဝန်ထမ်းများနည်းတူ
စိတ်ရောကိုယ်ပါကြိုးစားခဲ့ကြပါတယ်။
လိုအပ်လျှင်လိုအပ်သလိုစနေတနင်္ဂနေ
နေ့တွေပါတာဝန်ထမ်းဆောင်ခဲ့ကြပါ
တယ်။ဌာနရဲ့ဖွဲ့စည်းပုံအရလစ်လပ်ေ
တဲ့ဝန်ထမ်းနေရာတွေအတွက်မျှော်
လင့်ခဲ့ကြပါတယ်။ဒီဌာနမှာပဲအလုပ်
ရချင်ခဲ့တာကြောင့်အခြားအခွင့်အလမ်း
တွေလက်လွတ်ခဲ့ကြမိပါတယ်။ပညာ
ရေးဌာန၊သမဦးစီးဌာန၊အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာန အစရှိတဲ့ဌာနတွေရဲ့
ဝန်ထမ်းခေါ်ယူမှုတွေမှာကျွန်တော်တို့
လက်လွှတ်ခဲ့မိကြပါတယ်။အခုဆိုရင်
အဲဒီဌာနတွေမှာဝင်ရောက်တဲ့သူတွေ
အမြဲတမ်းဝန်ထမ်းဖြစ်နေကြပါပြီ။
ကျွန်တော်တို့မှာသာဒီဌာနမှလည်း
မခွာလိုမရေမရာနဲ့ပဲစိတ်ပင်ပန်းနေကြ
ရပါတယ်။ပညာရေးဌာနမှနေ့စားဝန်
ထမ်းများဆိုရင်လည်းမကြာခင်အမြဲ
တမ်းဝန်ထမ်းအဖြစ်အခွင့်အရေးရ
တော့မယ်လို့ကြားပါတယ်။ကျွန်တော်
တို့ဟာဒီဌာနမှာအမှန်တကယ်အလုပ်
တစ်နေရာစာရချင်ခဲ့ပါတယ်။အဲဒါ
ကြောင့်ပဲအခြားအခွင့်အလမ်းတွေ၊
အချိန်တွေ၊လုပ်အားတွေ ရင်းနှီးပြီး
အခုချိန်ထိမခွဲနိုင်မခွာရက်ကြိုးစား
ထမ်းဆောင်နေသူတွေပါ။အခုချိန်မှာ
ကျွန်တော်တို့အတွက်သတင်းတစုံ
တရာတောင်မကြားရသေးပါဘူး။
ကျွန်တော်တို့တွေကိုလျစ်လျူရှု
မထားကြပါနဲ့ လို့အားလုံးရဲ့ကိုယ်
စားကျွန်တော်တောင်းပန်ချင်ပါတယ်
ကျွန်တော်တို့ပေးဆပ်ခဲ့တဲ့အချိန်တွေ
လုပ်အားတွေအပေါ်ငဲ့ညှာပေးစေလို
ပါတယ်ခင်ဗျာ။
       သူရိန်
၁၄/ကကန(နိုင်)၀၉၇၁၂၈
ဆင်ကူးကျေးရွာ
ကျောင်ကုန်းမြို့နယ်
ဧရာဝတီတိုင်းဒေသကြီး
Ph:09448040121
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment