For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 7 April 2014

ကောလင်းမြို့၊ မြေနီကျေးရွာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးဟောပြောပွဲကျင်းပ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 စိုင်းလူမင်း...
      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊
 မြေနီကျေးရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်း
ကမ်း ပညာပေးဟောပြောပွဲအား ၂၀၁၄ ဧပြီ(၆)
ရက်နေ့ နံနက်(၁၀)နာရီ အချိန်က မြေနီကျေး
ရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွ
င်
 ကောလင်းမြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း
လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်ရေး
ကော်မတီ ရဲတပ်ကြပ်ကြီး သန်းမိုးမှ ယာဉ်စည်း
ကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးပညာပေး
ဟောပြောခြင်း ၊လက်ကမ်းစာစောင်များ ဖြန့်ဝေ
ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
        ကောလင်းမြို့သည် ရွှေမင်းဝံလမ်းမကြီးနှင့်
 ကောလင်း-ပင်လည်ဘူးလမ်းမကြီးများကို အသုံး
ပြုပြီး ရွှေဘို၊ မန္တလေး ၊ ၀န်းသို၊ ပင်လည်ဘူး၊ ထီး
ချိုင့်မြို့နယ် အသီးသီးသို့ ကုန်သွယ်မှုများ ပြုလုပ်
ပြီး တစ်နှစ်ထက်တစ်နှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်
နေသည့်အပြင် လူဦးရေထူထပ်စွာ နေထိုင်သည့်
မြို့ ဖြစ်သည်။
        ကောလင်းမြို့သည် အနယ်နယ်အရပ်ရပ်မှ
လာရောက်ကုန်သွယ်မှုပြုလုပ်သည့် ကုန်တင်ယာဉ်
ကြီးများ အပြင် ကိုယ်ပိုင်ယာဉ်များ ၊ထော်လာဂျီ၊
တုံဖုန်း၊ သုံးဘိန်းဆိုင်ကယ်များ၊ အသုံးပြုနေကြရာ
 မြို့တွင်းလမ်းများတွင် အချို့ကုန်တင်ယာဉ်များနှင့်
 လိုင်းပြေးဆွဲခွင့် မကျသေးသော လိုက်ထရပ်ယာဉ်
များကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ခြင်း၊ ဆိုင်ကယ်
များကြောင့် ရွှေမင်းဝံလမ်းမကြီးရှိ အ.ထ.က သို့
ကျောင်းတက်နေကြသော ကျောင်းသားကျောင်းသ
ူများအတွက် ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန် ယာဉ်
စည်းကမ်းလမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ
ကျောင်းဖွင့်ရက်များတွင် စောင့်ကြပ်ကြည့်ရှုပေးနေ
ရသည်။
      လွန်ခဲ့သောနှစ်များက မကြာခဏဆိုသို မြို့ပေါ်
နှင့် ကျေးလက်နေ ပြည်သူများသည် ယာဉ်တိုက်မှု
 ဖြစ်ပြီး ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ဆေး
ရုံတက်ရောက်ကုသခြင်း၊ အသက်အန္တရာယ်ဆုံးရှုံးမှု
 ဖြစ်ရသည့် ဖြစ်စဉ်များရှိခဲ့ရာ ယခုနှစ်တွင် တိုင်းဒေ
သကြီးဝန်ကြီးချုပ်၏ လမ်ညွှန်ချက်အရ ယာဉ်စည်း
ကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး  ကော်မတီ နှင့်
 မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ၊
 ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးများ၊ မြို့
နယ်အရံမီးသတ်တပ်ဖွဲ့တို့မှ ယာဉ်စည်းကမ်းလမ်း
စည်းကမ်းလိုက်နာစေရေးအတွက် နေ့စဉ်ဆောင်ရွက်
လျှက်ရှိသည်။
           ထိုကဲ့သို့ စည်းကမ်းမလိုက်နာသူများအား
 အရေးယူဆောင်ရွက်ရာတွင် ဦးထုပ်မဆောင်းသူကို
သာ အဓိကထားပြီး တရားရုံးသို့ ဒဏ်ငွေ (၁၅၀၀)
ဆောင်ခိုင်းနေသော်လည်း ယနေ့အချိန်ထိ မြို့ပေါ်
တွင် ဆိုင်ကယ်စီးလျှင် ဦးထုပ်မဆောင်းခြင်း၊ ဦးထုပ်
ဆောင်းပြီး မေးသိုင်းကြိုးမတပ်ခြင်း၊ ဆိုင်ကယ်မောင်း
သူအပါ (၃)ယောက် စီးနင်းခြင်း၊စစ်ဆေးအရေးယူမှုများ
အား မချေမငံပြောဆိုဆက်ဆံခြင်း ကြုံတွေ့နေရသည်။
         ကောလင်းမြို့နယ်တွင်  ယာဉ်စည်းကမ်း၊ လမ်း
စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ စည်း
ကမ်းပျက် ယာဉ်များအား အရေးယူဆောင်ရွက်ရာတွင်
 ၂၀၁၄ခုနှစ်၊ဇန်န၀ါရီလတွင် ကား(၈၄)စီး၊ ဆိုင်ကယ်
(၄၉၆)စီး၊ ထော်လာဂျီ (၇၂)စီး၊ စုစုပေါင်း (၇၁၆)စီး၊
ဖေဖော်ဝါရီလတွင် ကား(၆၀)စီး၊ ဆိုင်ကယ်(၄၈၈)စီး၊
ထော်လာဂျီ(၆၁)စီး၊ သုံးဘီး(၅၄)စီး၊ စုစုပေါင်း(၆၇၃)စီး၊
 မတ်လတွင် ကား(၁၀၈)စီး ၊ ဆိုင်ကယ်(၄၉၆)စီး၊ ထော်
လာဂျီ(၈၇)စီး၊ သုံးဘီးဆိုင်ကယ်(၈၃)စီး၊ စုစုပေါင်း(၇၇၄)
စီး၊ ဧပြီလ(၁)ရက်နေ့မှ (၆)ရက်နေ့အထိ ကား(၂၀)စီး၊
ဆိုင်ကယ်(၈၈)စီး၊ ထော်လာဂျီ(၁၆)စီး စုစုပေါင်း (၁၀၉)
စီးတို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည်။
          ယခုအခါ ပြည်သူများအား ယာဉ်အန္တရာယ်ကင်း
ရှင်းစေရေးအတွက် ရုပ်ရှင်/ဗွီဒီယို သရုပ်ဆောင်များ
ပါဝင်သည့် "အသက်အန္တရာယ်ကင်းစင်ဖို့ ဆိုင်ကယ်ဦး
ထုပ်ဆောင်းချစို့ " ဆိုင်းဘုတ်များအား စိုက်ထူထားလျှက်
 ရှိပြီး ရွှေမင်းဝံလမ်း၊အမှတ်(၉)လမ်းဆုံ ဈေးထောင့်တွင်
လည်း ပြည်သူ့ပညာပေး LED မီးများ တပ်ဆင်ထားပြီး
ထပ်မံ ၍  ဆိုင်းလင့်မီးများ တပ်ဆင်မည်ဖြစ်ကြောင်း
သိရသည်။
                              စိုင်းလူမင်း၊မီဒီယာဂရု
                             Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment